Darby's Translation

Myanmar

1 Kings

22

1And they continued three years without war between Syria and Israel.
1ရှုရိပြည်နှင့် ဣသရေလပြည်သည် စစ်မတိုက် ဘဲ သုံးနှစ်နေပြီးမှ၊
2And it came to pass in the third year, that Jehoshaphat the king of Judah came down to the king of Israel.
2တတိယနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ၏။
3And the king of Israel said to his servants, Do ye know that Ramoth in Gilead is ours, and we keep quiet without taking it out of the hand of the king of Syria?
3ဣသရေလရှင်ဘုရင်ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သည် ငါတို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့ မသိလော။ ငါတို့သည် ရှုရိရှင်ဘုရင်လက်မှ မနှုတ်မယူဘဲ ငြိမ်သက်စွာ နေကြပြီတကားဟု မိမိကျွန်တို့အားဆို၏။
4And he said to Jehoshaphat, Wilt thou go with me to battle to Ramoth-Gilead? And Jehoshaphat said to the king of Israel, I am as thou, my people as thy people, my horses as thy horses.
4ယောရှဖတ်မင်းအားလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လောဟုမေးလျှင်၊ ယောရှဖတ်က၊ ငါသည်မင်းကြီးကဲ့သို့ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည် မင်းကြီး၏ မြင်းကဲ့ သို့၎င်းဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား ပြန် ပြော၏။
5And Jehoshaphat said to the king of Israel, Inquire, I pray thee, this day of the word of Jehovah.
5တဖန်ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊
6And the king of Israel assembled the prophets, about four hundred men, and said to them, Shall I go against Ramoth-Gilead to battle, or shall I forbear? And they said, Go up, and the Lord will give it into the king's hand.
6ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာ တို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလောဟု မေးသော်၊ သူတို့ကချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။
7But Jehoshaphat said, Is there not here a prophet of Jehovah besides, that we might inquire of him?
7ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက် တစုံ တပါးမျှမရှိသလောဟု မေးသော်၊
8And the king of Israel said to Jehoshaphat, There is yet one man by whom we may inquire of Jehovah; but I hate him, for he prophesies no good concerning me, but evil: [it is] Micah the son of Imlah. And Jehoshaphat said, Let not the king say so.
8ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်ဣမလသား မိက္ခာရှိသေး ၏။ သို့ရာတွင် ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကို မဟော။ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို၏။
9Then the king of Israel called a chamberlain, and said, Fetch quickly Micah the son of Imlah.
9ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင်အမြန် ခေါ်ခဲ့ဟုမိန့်တော်မူ၏။
10And the king of Israel and Jehoshaphat the king of Judah, having put on their robes, sat each on his throne, in the open place at the entrance of the gate of Samaria; and all the prophets prophesied before them.
10ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှ ဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသော အရပ်၌ ရာဇ ပလ္လင်တို့အပေါ်မှာထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။
11And Zedekiah the son of Chenaanah made for himself horns of iron, and he said, Thus saith Jehovah: With these shalt thou push the Syrians, until thou have exterminated them.
11ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကို လုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော် သည် ရှုရိလူတို့ကို မဖျက်ဆီးမှီ တိုင်အောင် ဤဦးချိုတို့နှင့် တိုးရမည်ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။
12And all the prophets prophesied so, saying, Go up to Ramoth-Gilead, and prosper; for Jehovah will give it into the king's hand.
12ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။
13And the messenger that went to call Micah spoke to him saying, Behold now, the words of the prophets [declare] good to the king with one assent: let thy word, I pray thee, be like the word of one of them, and speak good.
13မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်းဟောကြ၏။ ကိုယ်တော်လည်း သူတို့ ဟောကြသည်နည်းတူ မင်္ဂလာစကားကိုသာ ဟောတော် မူပါဟုဆိုလျှင်၊
14And Micah said, As Jehovah liveth, even what Jehovah shall say to me, that will I speak.
14မိက္ခာတ၊ ထာဝရဘုရားအသက်ရှင်တော်မူ သည်အတိုင်း ထာဝရဘုရားမိန့်တော်မူသော စကားကို သာ ငါပြန်ပြောရမည်ဟုဆို၏။
15And he came to the king. And the king said to him, Micah, shall we go against Ramoth-Gilead to battle, or shall we forbear? And he said to him, Go up, and prosper; for Jehovah will give it into the hand of the king.
15ရှင်ဘုရင်ထံသို့ ရောက်သောအခါ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။ မချီဘဲနေကောင်းသလောဟုမေးလျှင်၊ မိက္ခာက၊ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။
16And the king said to him, How many times shall I adjure thee that thou tell me nothing but truth in the name of Jehovah?
16ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ် တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော်၊
17And he said, I saw all Israel scattered upon the mountains, as sheep that have no shepherd. And Jehovah said, These have no master: let them return every man to his house in peace.
17မိက္ခာက၊ ဣသရေလအမျိုးသားအပေါင်းတို့ သည် သိုးထိန်းမရှိ သောသိုးကဲ့သို့၊ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက် ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရ ဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသော ကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
18And the king of Israel said to Jehoshaphat, Did I not tell thee that he prophesies no good concerning me, but evil?
18ဣသရေလရှင်ဘုရင်ကလည်း၊ သူသည်ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု မင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို၏။
19And he said, Hear therefore the word of Jehovah: I saw Jehovah sitting upon his throne, and all the host of heaven standing by him, on his right hand and on his left;
19မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက် လက်ဝဲ တော်ဘက်၌ ရပ်နေကြသည်ကို၎င်း ငါမြင်ပြီ။
20and Jehovah said, Who shall entice Ahab that he may go up and fall at Ramoth-Gilead? And one said after this manner, and another said after that manner.
20ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ၍ ဆုံးစေခြင်းငှါ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံ တော်တို့သည် တယောက်တနည်းစီ ပြန်လျှောက်ကြ၏။
21And there came forth a spirit, and stood before Jehovah, and said, I will entice him.
21တဖန်ဝိညာဉ်တပါးသည် လာ၍ ထာဝရဘုရား ရှေ့တော်၌ ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက် လျှင်၊
22And Jehovah said unto him, Wherewith? And he said, I will go forth, and will be a lying spirit in the mouth of all his prophets. And he said, Thou shalt entice [him], and also succeed: go forth, and do so.
22ထာဝရဘုရားက အဘယ်သို့သွေးဆောင်မည် နည်းဟု မေးတော်မူသော်၊ အကျွန်ုပ်သွား၍ ထိုမင်းကြီး၏ ပရောဖက်အပေါင်းတို့ထဲမှာ မုသာစကားကို ပြောတတ် သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော်၊ သင်သည် သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု မိန့်တော်မူ၏။
23And now, behold, Jehovah has put a lying spirit in the mouth of all these thy prophets, and Jehovah has spoken evil concerning thee.
23သို့ဖြစ်၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ ပရောဖက် အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။
24Then Zedekiah the son of Chenaanah went near, and smote Micah upon the cheek, and said, Where now went the Spirit of Jehovah from me to speak to thee?
24ထိုအခါခေနာနာ၏ သားဇေဒကိသည် ချဉ်းလာ ၍ မိက္ခာ၏ ပါးကိုပုတ်လျက်၊ ထာဝရဘုရား၏ ဝိညာဉ် တော်သည် သင်နှင့်နှုတ်ဆက်ခြင်းငှါ အဘယ်လမ်းဖြင့် ငါမှထွက်တော်မူသနည်းဟု မေးလျှင်၊
25And Micah said, Behold, thou shalt see on that day when thou shalt go from chamber to chamber to hide thyself.
25မိက္ခာက၊ သင်သည် ပုန်းရှောင်၍ နေခြင်းငှါ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်ဟု ဆို၏။
26And the king of Israel said, Take Micah and carry him back to Amon the governor of the city, and to Joash the king's son;
26ဣသရေလရှင်ဘုရင်က၊ မိက္ခာကို မြို့ဝန်မင်း အာမုန်ထံ၊ သားတော်ယောရှထံသို့ ယူသွား၍၊
27and thou shalt say, Thus says the king: Put this [man] in the prison, and feed him with bread of affliction and with water of affliction, until I come in peace.
27ဤသူကိုထောင်ထဲမှာ လှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာ ပြန်၍ မလာမှီတိုင်အောင် ဆင်းရဲစွာ စား သောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ဟု စီရင်၏။
28And Micah said, If thou return at all in peace, Jehovah has not spoken by me. And he said, Hearken, O peoples, all of you!
28မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်ဝပ်စွာ ပြန်လာရလျှင် ထာဝရဘုရားသည်ငါ့အားဖြင့် မိန့်တော် မမူ၊ အိုလူများအပေါင်းတို့၊ နားထောင်ကြလော့ဟုဆို၏။
29And the king of Israel and Jehoshaphat the king of Judah went up to Ramoth-Gilead.
29ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ၏။
30And the king of Israel said to Jehoshaphat, I will disguise myself, and will enter into the battle; but put thou on thy robes. And the king of Israel disguised himself, and went into the battle.
30ဣသရေလရှင်ဘုရင်က၊ ငါသည်ခြားနားသော အယောင်ကို ဆောင်၍စစ်ပွဲထဲသို့ ဝင်မည်။ မင်းကြီး မူကား မင်းမြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှဖတ်အားဆိုပြီးမှ၊ ဣသရေလရှင်ဘုရင်သည် ခြားနားသော အယောင်ကို ဆောင်လျက် စစ်ပွဲထဲသို့ ဝင်၏။
31And the king of Syria commanded the thirty-two captains of his chariots saying, Fight neither with small nor great, but with the king of Israel only.
31ရှုရိရှင်ဘုရင်က၊ ဣသရေလရှင်ဘုရင်မှတပါး အခြားသော လူကြီးလူငယ်ကို မတိုက်နှင့်ဟု ရထားစီး သူရဲများကို အုပ်သော ဗိုလ်သုံးကျိပ်နှစ်ယောက်တို့ကိုမှာ ထားနှင့်သောကြောင့်၊
32And it came to pass when the captains of the chariots saw Jehoshaphat, that they said, Surely that is the king of Israel; and they turned against him to fight; and Jehoshaphat cried out.
32ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင်သောအခါ၊ အကယ်စင်စစ်ထိုသူသည် ဣသရေလ ရှင်ဘုရင်ဖြစ်လိမ့်မည်ဟု ဆိုလျက်သူ့ကို တိုက်အံ့သောငှါ လမ်းလွှဲကြ၍၊ ယောရှဖတ်လည်း ကြွေးကြော်လေ၏။
33And it came to pass that when the captains of the chariots perceived that it was not the king of Israel, they turned back from pursuing him.
33ဣသရေလရှင်ဘုရင် မဟုတ်ကြောင်းကို ရထား စီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ၏။
34And a man drew a bow at a venture, and smote the king of Israel between the fastenings and the corslet. And he said to his charioteer, Turn thy hand, and drive me out of the camp; for I am wounded.
34လူတယောက်သည် မရွယ်ဘဲလေးနှင့်ပစ်၍၊ ဣသရေလရှင်ဘုရင်ကို သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော်၊ ငါ့ကိုစစ်ပွဲထဲက လှည့်၍ ထုတ်ဆောင် လော့။ ငါနာသည်ဟု မိမိရထားတော်ထိန်းကို ဆို၏။
35And the battle increased that day; and the king was stayed up in his chariot against the Syrians, and he died at even; and the blood of the wound ran out into the hollow of the chariot.
35ထိုနေ့၌တိုး၍ တိုက်ကြ၏။ ရှင်ဘုရင်သည် ရှုရိလူတဘက်တချက်၌ရထားတော်ထဲမှာ လူကိုမှီ၍ ထိုင်နေ၏။ ညဦးယံ၌ အသက်တော်ကုန်၏။ ထိခိုက်ရာ အနာမှ အသွေးသည်ရထားထဲသို့ယို၏။
36And there went the cry throughout the host at the going down of the sun, saying, Every man to his city, and every man to his own country!
36လူအပေါင်းတို့၊ ကိုယ်နေသော မြို့ပြည်သို့ ပြန်သွားကြဟု နေဝင်သောအခါ တတပ်လုံးကို ကြွေး ကြော်လေ၏။
37And the king died, and was brought to Samaria; and they buried the king in Samaria.
37ထိုသို့ရှင်ဘုရင်သေ၍ ရှမာရိမြို့သို့ ရောက် သဖြင့် သင်္ဂြိုဟ်ခြင်းကို ခံရ၏။
38And one washed the chariot in the pool of Samaria; and the dogs licked his blood, where the harlots bathed: according to the word of Jehovah, which he had spoken.
38ရထားတော်နှင့် လက်နက်တော်ကို ရှမာရိမြို့ ရေကန်၌ ဆေးသဖြင့်၊ ထာဝရဘုရားမိန့်တော်မူသော စကားနှင့်အညီခွေးတို့သည် အသွေးကို လျက်ကြ၏။
39And the rest of the acts of Ahab, and all that he did, and the ivory house that he built, and all the cities that he built, are they not written in the book of the chronicles of the kings of Israel?
39အာဟပ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တည်ဆောက်သော ဆင်စွယ်နန်း၊ ပြုစုသောမြို့တို့ သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
40And Ahab slept with his fathers; and Ahaziah his son reigned in his stead.
40အာဟပ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
41And Jehoshaphat the son of Asa began to reign over Judah in the fourth year of Ahab king of Israel.
41ဣသရေလရှင်ဘုရင် အာဟပ်နန်းစံလေးနှစ် တွင် အာသသား ယောရှဖတ်သည် အသက်သုံးဆယ် ငါးနှစ်ရှိသော် ယုဒနိုင်ငံကို အစိုးရ၍၊
42Jehoshaphat was thirty-five years old when he began to reign; and he reigned twenty-five years in Jerusalem; and his mother's name was Azubah, the daughter of Shilhi.
42ယေရုရှလင်မြို့၌ နှစ်ဆယ်ငါးနှစ်စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီးအဇုဘအမည်ရှိ၏။
43And he walked in all the way of Asa his father; he turned not aside from it, doing what was right in the sight of Jehovah. Only, the high places were not removed: the people offered and burned incense still on the high places.
43ထိုမင်းသည်ခမည်းတော် အာသလိုက်သော လမ်းကိုမလွှဲ၊ အကုန်အစင်လိုက်၍ ထာဝရဘုရား ရှေ့တော်၌ ဖြောင့်မတ်သော အကျင့်ကိုသာ ကျင့်၏။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။
44And Jehoshaphat was at peace with the king of Israel.
44ယောရှဖတ်မင်းသည် ဣသရေလရှင်ဘုရင်နှင့် စစ်မတိုက် မိဿဟာယဖွဲ့လေ၏။
45And the rest of the acts of Jehoshaphat, and his might which he shewed, and how he warred, are they not written in the book of the chronicles of the kings of Judah?
45ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက် ရှိ၏။
46And the remainder of the sodomites, which were left in the days of his father Asa, he put away from out of the land.
46ခမည်းတော်အာသလက်ထက်၌ ကျန်ကြွင်းသေး သော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည်တော်မှ သုတ်သင်ပယ်ရှင်းလေ၏။
47And there was no king in Edom: a deputy reigned.
47ထိုကာလ၊ ဧဒုံပြည်၌ ရှင်ဘုရင်မရှိ။ ယုဒ ရှင်ဘုရင်ခန့်ထားသော မြို့ဝန်မင်း စီရင်ရ၏။
48Jehoshaphat made Tarshish-ships to go to Ophir for gold; but they went not, for the ships were broken at Ezion-geber.
48ယောရှဖတ်သည် ဩဖိရပြည်သို့ စေလွှတ်၍၊ ရွှေကို ယူစေခြင်းငှါ တာရှုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည်၏။
49Then said Ahaziah the son of Ahab to Jehoshaphat, Let my servants go with thy servants in the ships. But Jehoshaphat would not.
49အာဟပ်သား အာခဇိက၊ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့် သင်္ဘောစီးဝါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍ ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော် လည်း သင်္ဘောတို့သည် ဧဇယုန်ဂါဗာမြို့မှာ ကျိုးပဲ့သော ကြောင့်၊ ဩဖိရမြို့သို့ မသွားရ။
50And Jehoshaphat slept with his fathers, and was buried with his fathers in the city of David his father; and Jehoram his son reigned in his stead.
50ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင် ၏။
51Ahaziah the son of Ahab began to reign over Israel in Samaria the seventeenth year of Jehoshaphat king of Judah; and he reigned two years over Israel.
51ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံ ဆယ်ခုနစ်နှစ် တွင်၊ အာဟပ်သားအာခဇိသည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံ၏။
52And he did evil in the sight of Jehovah, and walked in the way of his father, and in the way of his mother, and in the way of Jeroboam the son of Nebat, who made Israel to sin.
52ထိုမင်းသည်ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍၊ မိဘလိုက်သောလမ်း၊ ဣသရေအမျိုးကို ပြစ်မှား စေသော နေဗတ်၏သား ယေရောဗောင်လိုက်သောလမ်းသို့ လိုက်လေ၏။
53And he served Baal, and worshipped him, and provoked Jehovah the God of Israel to anger, according to all that his father had done.
53ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၍၊ အဘကျင့်လေသမျှအတိုင်း ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သတည်း။