1And when any one will present an oblation to Jehovah, his offering shall be of fine flour; and he shall pour oil on it, and put frankincense thereon.
1ထာဝရဘုရားအား ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ မုန့်ညက်ကို ဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း၍၊ လောဗန်ကိုလည်း ထည့်ပြီးမှ၊
2And he shall bring it to Aaron's sons, the priests; and he shall take thereout his handful of the flour thereof, and of the oil thereof, with all the frankincense thereof; and the priest shall burn the memorial thereof on the altar, an offering by fire to Jehovah of a sweet odour.
2အာရုန်၏သားယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကို ယူ၍၊ ထိုအတွက် အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
3And the remainder of the oblation shall be Aaron's and his sons': [it is] most holy of Jehovah's offerings by fire.
3ကျန်ကြွင်းသော ဘောဇဉ် ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
4And if thou present an offering of an oblation baken in the oven, it shall be unleavened cakes of fine flour mingled with oil, or unleavened wafers anointed with oil.
4မီးဖို၌ ဖုတ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ ဆီနှင့် မုန့်ညက်ဖြင့် လုပ်သော တဆေးမဲ့ မုန့်ပြားသော်၎င်း၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်သော်၎င်း ဖြစ်ရမည်။
5And if thine offering be an oblation [baken] on the pan, it shall be fine flour unleavened, mingled with oil.
5သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရော၍ တဆေးမပါသော မုန့်ညက် နှင့် လုပ်ရမည်။
6Thou shalt part it in pieces, and pour oil thereon: it is an oblation.
6ထိုမုန့်ကို ချိုးဖဲ့၍ ဆီကို လောင်းရမည်။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း။
7And if thine offering be an oblation [prepared] in the cauldron, it shall be made of fine flour with oil.
7အိုးကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ ဆီရောသော မုန့်ညက်နှင့် လုပ်ရမည်။
8And thou shalt bring the oblation that is made of these things to Jehovah; and it shall be presented to the priest, and he shall bring it to the altar.
8ထိုဘောဇဉ် ပူဇော်သက္ကာအမျိုးမျိုးတို့ကို၊ ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ် အား ဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင်သို့ ဆောင်ခဲ့ရမည်။
9And the priest shall take from the oblation a memorial thereof, and shall burn it on the altar, an offering by fire to Jehovah of a sweet odour.
9ထိုဘောဇဉ် ပူဇော်သက္ကာထဲက အတွက်အတာကို နှိုက်ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
10And the remainder of the oblation [shall be] Aaron's and his sons': [it is] most holy of Jehovah's offerings by fire.
10ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
11No oblation which ye shall present to Jehovah shall be made with leaven; for no leaven and no honey shall ye burn [in] any fire-offering to Jehovah.
11ထာဝရဘုရားအား ဆက်သော ဘောဇဉ်ပူဇော်သက္ကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီးမရှို့ရ။ ပျားရည်ကိုလည်း မရှို့ရ။
12As to the offering of the first-fruits, ye shall present them to Jehovah; but they shall not be offered upon the altar for a sweet odour.
12အဦးသီးသော အသီးအနှံကို ပူဇော်သော အမှုမှာ၊ တဆေးနှင့် ပျားရည်ကို၊ ထာဝရဘုရားအား ပူဇော်ရသော်လည်း၊ မွှေးကြိုင်ရာဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးမရှို့ရ။
13And every offering of thine oblation shalt thou season with salt; neither shalt thou suffer the salt of the covenant of thy God to be lacking from thine oblation: with all thine offerings thou shalt offer salt.
13ဘောဇဉ် ပူဇော်သက္ကာပြုလေရာရာ၌ ဆားခပ်ရမည်။ သင်ပြုသော ဘောဇဉ် ပူဇော်သက္ကာ၌၊ သင်၏ ဘုရားသခင် ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ။
14And if thou present an oblation of thy first-fruits to Jehovah, thou shalt present as the oblation of thy first-fruits green ears of corn roasted in fire, corn beaten out of full ears.
14အဦးသီးသော အသီးအနှံကို၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ် အောင် မီးနားမှာ ထား၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊-
15And thou shalt put oil on it, and lay frankincense thereon: it is an oblation.
15ဆီကိုလောင်း၍၊ လောဇန်ကိုတင်လျက်၊ ပူဇော်သက္ကာကို ပြုရမည်။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း။
16And the priest shall burn the memorial thereof, [part] of the beaten corn thereof, and [part] of the oil thereof, with all the frankincense thereof: [it is] an offering by fire to Jehovah.
16ပွတ်ယူသော စပါးစေ့အချို့၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ထိုဘောဇဉ် ပူဇော်သက္ကာအတွက် အတာကို၊ ယဇ်ပုရောဟိတ်သည် မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။