1And he spoke also a parable to them to the purport that they should always pray and not faint,
1လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူ သည်ကား၊
2saying, There was a judge in a city, not fearing God and not respecting man:
2မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီးတယောက်ရှိ၏။
3and there was a widow in that city, and she came to him, saying, Avenge me of mine adverse party.
3ထိုမြို့၌နေသော မုတ်ဆိုးမတယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စား ချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု တောင်းပန်သော်လည်း၊
4And he would not for a time; but afterwards he said within himself, If even I fear not God and respect not man,
4တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သောသူ ဖြစ်သော်လည်း၊
5at any rate because this widow annoys me I will avenge her, that she may not by perpetually coming completely harass me.
5ဤမုတ်ဆိုးမသည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။
6And the Lord said, Hear what the unjust judge says.
6မတရားသော ထိုတရားသူကြီး၏ အကြံကိုမှတ်ကြလော့။
7And shall not God at all avenge his elect, who cry to him day and night, and he bears long as to them?
7ဘုရားသခင် ရွေးကောက်တော်မူသောသူတို့သည် ညဉ့်နေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။
8I say unto you that he will avenge them speedily. But when the Son of man comes, shall he indeed find faith on the earth?
8ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။
9And he spoke also to some, who trusted in themselves that they were righteous and made nothing of all the rest [of men], this parable:
9ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတပါးကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား မိန့်တော်မူသော ဥပမာကား၊
10Two men went up into the temple to pray; the one a Pharisee, and the other a tax-gatherer.
10လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။
11The Pharisee, standing, prayed thus to himself: God, I thank thee that I am not as the rest of men, rapacious, unjust, adulterers, or even as this tax-gatherer.
11ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။
12I fast twice in the week, I tithe everything I gain.
12အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ၍ ဆုတောင်းပဌနာပြု၏။
13And the tax-gatherer, standing afar off, would not lift up even his eyes to heaven, but smote upon his breast, saying, O God, have compassion on me, the sinner.
13အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခက်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်းလေ၏။
14I say unto you, This [man] went down to his house justified rather than that [other]. For every one who exalts himself shall be humbled, and he that humbles himself shall be exalted.
14ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။
15And they brought to him also infants that he might touch them, but the disciples when they saw [it] rebuked them.
15ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော် တို့သည် မြင်လျှင် အပြစ်တင်ကြ၏။
16But Jesus calling them to [him] said, Suffer little children to come to me, and do not forbid them, for of such is the kingdom of God.
16ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
17Verily I say to you, Whosoever shall not receive the kingdom of God as a little child shall in no wise enter therein.
17ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။
18And a certain ruler asked him saying, Good teacher, having done what, shall I inherit eternal life?
18အရာရှိတယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ် သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊
19But Jesus said to him, Why callest thou me good? There is none good but one, God.
19ယေရှုက၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသော ကောင်းမြတ်တော်မူ၏။
20Thou knowest the commandments: Do not commit adultery, Do not kill, Do not steal, Do not bear false witness, Honour thy father and thy mother.
20သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ မမှန်သော သက်သေ ကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊
21And he said, All these things have I kept from my youth.
21အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက် ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တခုလိုသေး၏။
22And when Jesus had heard this, he said to him, One thing is lacking to thee yet: Sell all that thou hast and distribute to the poor, and thou shalt have treasure in the heavens, and come, follow me.
22ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
23But when he heard this he became very sorrowful, for he was very rich.
23ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည် နှင့် သွားလေ၏။
24But when Jesus saw that he became very sorrowful, he said, How difficultly shall those who have riches enter into the kingdom of God;
24ထိုသို့ စိတ်မသာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။
25for it is easier for a camel to enter through a needle's eye than for a rich man to enter into the kingdom of God.
25ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။
26And those who heard it said, And who can be saved?
26ကြားသောသူတို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း ဟု ပြောဆိုကြ၏။
27But he said, The things that are impossible with men are possible with God.
27ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
28And Peter said, Behold, *we* have left all things and have followed thee.
28ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊
29And he said to them, Verily I say to you, There is no one who has left home, or parents, or brethren, or wife, or children, for the kingdom of God's sake,
29ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၏။
30who shall not receive manifold more at this time, and in the coming age life eternal.
30ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရ လတံ့ဟု မိန့်တော်မူ၏။
31And he took the twelve to [him] and said to them, Behold, we go up to Jerusalem, and all things that are written of the Son of man by the prophets shall be accomplished;
31ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခု သွားကြ၏။ ပရောဖက်များ ရေးမှတ်သမျှသည် လူသား၌ ပြည့်စုံရလိမ့်မည်။
32for he shall be delivered up to the nations, and shall be mocked, and insulted, and spit upon.
32တပါးအမျိုးသားတို့လက်သို့ အပ်နှံခြင်း၊ ပြက်ယယ်ပြုခြင်း၊ ညှဉ်းဆဲခြင်း၊ တံတွေးနှင့် ထွေးခြင်းကို ခံရလိမ့်မည်။
33And when they have scourged [him] they will kill him; and on the third day he will rise again.
33သူတို့သည် လူသားကို ရိုက်ပုတ်၍သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။
34And they understood nothing of these things. And this word was hidden from them, and they did not know what was said.
34ထိုစကားတော်တခွန်းကိုမျှ တပည့်တော်တို့သည်နားမလည်ကြ။ ထိုအကြောင်းအရာသည် ဝှက်ထား လျက် ရှိသည်ဖြစ်၍ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ။
35And it came to pass when he came into the neighbourhood of Jericho, a certain blind man sat by the wayside begging.
35ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတယောက်သည် လမ်းနားမှာထိုင်၍ တောင်းစား လေ၏။
36And when he heard the crowd passing, he inquired what this might be.
36ထိုလူကန်းသည် လမ်း၌ လူများသွားသံကို ကြားလျှင် အဘယ်သို့ ဖြစ်သနည်းဟုမေး၏။
37And they told him that Jesus the Nazaraean was passing by.
37နာဇရက်မြို့သား ယေရှုကြွသွားကြောင်းကို သူတပါးပြောလျှင်၊
38And he called out saying, Jesus, Son of David, have mercy on me.
38ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။
39And those [who were] going before rebuked him that he might be silent; but *he* cried out so much the more, Son of David, have mercy on me.
39ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ ရှေ့တော်၌ သွားသောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြလေ၏။
40And Jesus stood still, and commanded him to be led to him. And when he drew nigh he asked him [saying],
40ယေရှုသည်လည်း ရပ်တော်မူလျက်၊ ထိုသူကို ခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ လူကန်းသည် အထံတော်သို့ ချဉ်းကပ်ပြီးမှ၊ သင်၌အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊
41What wilt thou that I shall do to thee? And he said, Lord, that I may see.
41သခင်၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှါ ပြုတော်မူပါဟု လျှောက်လေသော်၊
42And Jesus said to him, See: thy faith has healed thee.
42ယေရှုက၊ မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။
43And immediately he saw, and followed him, glorifying God. And all the people when they saw [it] gave praise to God.
43ထိုခဏခြင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ၏။