1And when it was morning all the chief priests and the elders of the people took counsel against Jesus so that they might put him to death.
1နံနက်အချိန်ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူအပေါင်း တို့သည် ယေရှုကို သတ်အံ့သောငှါ တိုင်ပင်၍၊
2And having bound him they led him away, and delivered him up to Pontius Pilate, the governor.
2ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။
3Then Judas, who delivered him up, seeing that he had been condemned, filled with remorse, returned the thirty pieces of silver to the chief priests and the elders,
3ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊
4saying, I have sinned [in] having delivered up guiltless blood. But they said, What is that to us? see *thou* [to that].
4အကျွန်ုပ်ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကိုအပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့ နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊
5And having cast down the pieces of silver in the temple, he left the place, and went away and hanged himself.
5သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့သွားပြီးလျှင် လည်ကြိုးတပ်၍ သေလေ၏။
6And the chief priests took the pieces of silver and said, It is not lawful to cast them into the Corban, since it is [the] price of blood.
6ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကို ယူ၍ အသွေး၏အဘိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊
7And having taken counsel, they bought with them the field of the potter for a burying-ground for strangers.
7တိုင်ပင်ပြီးမှ၊ အိုးထိန်းသမား၏ မြေအကွက်ကို တပါးအမျိုးသားတို့၏သင်္ချိုင်းဖြစ်စေဘို့ရာ ထိုငွေနှင့် ဝယ်ကြ၏။
8Wherefore that field has been called Blood-field unto this day.
8ထိုအကြောင်းကို အစွဲပြု၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ၏။
9Then was fulfilled that which was spoken through Jeremias the prophet, saying, And I took the thirty pieces of silver, the price of him that was set a price on, whom [they who were] of the sons of Israel had set a price on,
9ပရောဖက်ယေရမိဟောသည်ကား၊ ဣသရေလလူတို့သည် အဘိုးပြက်သောသူ၏ ကိုယ်ဘိုးငွေသုံး ဆယ်ကို သူတို့သည် ယူ၍ ထာဝရဘုရားသည် ငါ့ကို မှာထားတော်မူသည်အတိုင်း၊
10and they gave them for the field of the potter, according as [the] Lord commanded me.
10အိုးထိန်းသမား၏မြေအကွက်ကို ဝယ်ကြ၏ဟူသော စကားသည်ထိုအခါပြည့်စုံခြင်းသို့ ရောက်လေ၏။
11But Jesus stood before the governor. And the governor questioned him, saying, Art *thou* the King of the Jews? And Jesus said to him, Thou sayest.
11ယေရှုသည် မြို့ဝန်မင်းရှေ့သို့ရောက်တော်မူသည်ရှိသော် မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။
12And when he was accused of the chief priests and the elders, he answered nothing.
12ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တခွန်းကိုမျှ ပြန်တော်မမူ၊
13Then says Pilate to him, Hearest thou not how many things they witness against thee?
13ပိလတ်မင်းကလည်း၊ သင့်တဘက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြားသလောဟု ပြောဆိုသော်လည်း၊
14And he answered him not so much as one word, so that the governor wondered exceedingly.
14စကားတခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံဩလေ၏။
15Now at [the] feast the governor was accustomed to release one prisoner to the crowd, whom they would.
15ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတို့ အလိုရှိသောသူတယောက်ယောက် ကို လွှတ်မြဲထုံးစံရှိ၏။
16And they had then a notable prisoner, named Barabbas.
16ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူတယောက်ရှိ၏။
17They therefore being gathered together, Pilate said to them, Whom will ye that I release to you, Barabbas, or Jesus who is called Christ?
17လူများ စည်းဝေးကြသည်ရှိသော်၊ ပိလတ်မင်းက၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း။ ဗာရဗ္ဗကိုလွှတ်စေချင်သလော။ ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလောဟု လူများတို့အား မေး လေ၏။
18For he knew that they had delivered him up through envy.
18အဘယ်ကြောင့် ဤသို့ မေးသနည်းဟုမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကို အပ်နှံ ကြောင်းကို ပိလတ်မင်းသိ၏။
19But, as he was sitting on the judgment-seat, his wife sent to him, saying, Have thou nothing to do with that righteous [man]; for I have suffered to-day many things in a dream because of him.
19ထိုမှတပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တယောက်ကို စေလွှတ်၍၊ ထို ဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရ ပါပြီဟု မှာလိုက်၏။
20But the chief priests and the elders persuaded the crowds that they should beg for Barabbas, and destroy Jesus.
20လူအစုအဝေးတို့သည် ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုသတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူ အကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏။
21And the governor answering said to them, Which of the two will ye that I release unto you? And they said, Barabbas.
21ထို့ကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည်အဘယ်သူကို လွှတ်စေချင်သနည်း ဟု လူများကို တဖန်မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။
22Pilate says to them, What then shall I do with Jesus, who is called Christ? They all say, Let him be crucified.
22ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ်ဟု ခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု မေးပြန်သော်၊ ထိုသူအပေါင်းတို့က၊ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု ဆိုကြ၏။
23And the governor said, What evil then has he done? But they cried more than ever, saying, Let him be crucified.
23မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း။ အဘယ်အပြစ်ကို ပြုဘိသနည်းဟုမေးလျှင်၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ဟစ်ကြ၏။
24And Pilate, seeing that it availed nothing, but that rather a tumult was arising, having taken water, washed his hands before the crowd, saying, I am guiltless of the blood of this righteous one: see *ye* [to it].
24ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများ ရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သော သူ၏အသွေးနှင့်ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။
25And all the people answering said, His blood [be] on us and on our children.
25ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌၎င်း တည်ရှိပါစေဟု ပြန်ပြောကြ၏။
26Then he released to them Barabbas; but Jesus, having scourged [him], he delivered up that he might be crucified.
26ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါး ကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။
27Then the soldiers of the governor, having taken Jesus with [them] to the praetorium, gathered against him the whole band,
27ထိုအခါ မြို့ဝန်မင်း၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ဆောင်သွား၍ စစ်သူရဲတတပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊
28and having taken off his garment, put on him a scarlet cloak;
28အဝတ်တော်ကို ချွတ်၍ နီသောဝတ်လုံကို ခြုံစေကြ၏။
29and having woven a crown out of thorns, they put it on his head, and a reed in his right hand; and, bowing the knee before him, they mocked him, saying, Hail, King of the Jews!
29ဆူးပင်နှင့်ရက်သောဦးရစ်ကို ခေါင်းတော်၌တင်ကြ၏။ ကျူတလုံးကိုလည်း လက်ျာလက်တော်နှင့် ကိုင် စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။
30And having spit upon him, they took the reed and beat [him] on his head.
30ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ၏။ ကျူလုံးကိုယူ၍ ခေါင်းတော်ကို ရိုက်ကြ၏။
31And when they had mocked him, they took the cloak off him, and put his own clothes on him, and led him away to crucify.
31ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ မင်းဝတ်လုံကို ချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီး လျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။
32And as they went forth they found a man of Cyrene, Simon by name; him they compelled to go [with them] that he might bear his cross.
32သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတယောက်ကိုတွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါး ကပ်တိုင်တော်ကို ထမ်းစေကြ၏။
33And having come to a place called Golgotha, which means Place of a skull,
33ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို့ ရောက်ကြသော်၊
34they gave to him to drink vinegar mingled with gall; and having tasted [it], he would not drink.
34ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှါပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။
35And having crucified him, they parted his clothes amongst [themselves], casting lots.
35ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တို့ကို စာရေးတံချ၍ ဝေဖန်ကြ၏။
36And sitting down, they kept guard over him there.
36ထိုအရပ်၌လည်း ထိုင်လျက် စောင့်နေကြ၏။
37And they set up over his head his accusation written: This is Jesus, the King of the Jews.
37အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ယေရှုပေတည်းဟု ရေး ၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။
38Then are crucified with him two robbers, one on the right hand and one on the left.
38ထိုအခါ ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျာတော်ဘက်၌ တယောက်၊ လက်ဝဲတော် ဘက်၌ တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။
39But the passers-by reviled him, shaking their heads
39လမ်းမှာ သွားလာသောသူတို့ကလည်း၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ၊ ကိုယ်ကိုကိုယ်ကယ်တင်လော့။
40and saying, Thou that destroyest the temple and buildest it in three days, save thyself. If thou art Son of God, descend from the cross.
40ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှဆင်းလော့ဟု မိမိတို့ခေါင်းကိုညှိတ်၍ ကဲ့ရဲ့သော စကားနှင့် ပြောဆိုကြ၏။
41[And] in like manner the chief priests also, mocking, with the scribes and elders, said,
41ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ်၏။
42He saved others, himself he cannot save. He is King of Israel: let him descend now from the cross, and we will believe on him.
42ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေ စေ။ ဆင်းလျှင် ငါတို့ယုံကြည်မည်။
43He trusted upon God; let him save him now if he will [have] him. For he said, I am Son of God.
43သူသည် ဘုရားသခင်ကိုကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟုဆိုပြီ။ သို့ဖြစ်၍ ဘုရား သခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ယယ်ပြု၍ ပြောဆိုကြ၏။
44And the robbers also who had been crucified with him cast the same reproaches on him.
44ထိုနည်းတူ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောထားပြတို့သည်လည်း ကဲ့ရဲ့အပြစ် တင်ကြ၏။
45Now from [the] sixth hour there was darkness over the whole land until [the] ninth hour;
45မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။
46but about the ninth hour Jesus cried out with a loud voice, saying, Eli, Eli, lama sabachthani? that is, My God, my God, why hast thou forsaken me?
46သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော် တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း ဟု ဆိုလိုသတည်း။
47And some of those who stood there, when they heard [it], said, This [man] calls for Elias.
47ထိုအရပ်၌ ရပ်နေသောသူအချို့တို့သည် ကြားလျှင်၊ သူသည် ဧလိယကိုခေါ်သည်ဟု ဆိုကြ၏။
48And immediately one of them running and getting a sponge, having filled [it] with vinegar and fixed [it] on a reed, gave him to drink.
48လူတယောက်သည် ချက်ခြင်းပြေး၍ ရေမှိုတထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌ တပ်၍ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလေ၏။
49But the rest said, Let be; let us see if Elias comes to save him.
49ကြွင်းသောသူတို့က၊ ရှိစေတော့။ ဧလိယသည် သူ့ကိုကယ်တင်ခြင်းငှါလာမည်မလာမည်ကို ကြည့်ကြ ကုန်အံ့ဟု ဆိုကြ၏။
50And Jesus, having again cried with a loud voice, gave up the ghost.
50ယေရှုသည် ကြီးသောအသံနှင့်တဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။
51And lo, the veil of the temple was rent in two from the top to the bottom, and the earth was shaken, and the rocks were rent,
51ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီးလှုပ်လေ၏။ ကျောက်များတို့သည် ကွဲပြားကြ၏။
52and the tombs were opened; and many bodies of the saints fallen asleep arose,
52သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာတို့ သည် ထကြ၍၊
53and going out of the tombs after his arising, entered into the holy city and appeared unto many.
53ကိုယ်တော်ထမြောက်တော်မူသည်နောက်၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှထွက်၍ သန့်ရှင်းသောမြို့ ထဲသို့ ဝင်ပြီးလျှင်၊ လူများစွာတို့အား ထင်ရှားကြ၏။
54But the centurion, and they who were with him on guard over Jesus, seeing the earthquake and the things that took place, feared greatly, saying, Truly this [man] was Son of God.
54ယေရှုကိုစောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကိုမြင်လျှင် အလွန် ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆိုကြ၏။
55And there were there many women beholding from afar off, who had followed Jesus from Galilee ministering to him,
55ဂါလိလဲပြည်က ယေရှုနောက်တော်၌ အလုပ်အကျွေးလိုက်လာသော မိန်းမအများတို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။
56among whom was Mary of Magdala, and Mary the mother of James and Joses, and the mother of the sons of Zebedee.
56ထိုမိန်းမတို့တွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ၏ သား တို့၏ အမိပါကြသတည်း။
57Now when even was come there came a rich man of Arimathaea, his name Joseph, who also himself was a disciple to Jesus.
57ညအချိန်ရောက်မှ အရိမသဲမြို့သား ယောသပ်အမည်ရှိသောသူဌေးသည် ယေရှု၏တပည့်တော် ဖြစ် သည်နှင့်၊
58*He*, going to Pilate, begged the body of Jesus. Then Pilate commanded the body to be given up.
58ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် အလောင်း တော်ကို ပေးစေခြင်းငှါ အမိန့်တော်ရှိသော်၊
59And Joseph having got the body, wrapped it in a clean linen cloth,
59ယောသပ်သည် အလောင်းတော်ကိုယူ၍ ဖြူစင်သောပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊
60and laid it in his new tomb which he had hewn in the rock; and having rolled a great stone to the door of the tomb, went away.
60ကျောက်၌ ထွင်းသောမိမိသင်္ချိုင်းတွင်းသစ်ထဲမှာ ထားလေ၏။ ကြီးစွာသော ကျောက်ကိုလည်း တွင်းဝ ၌ လှိမ့်ထားပြီးမှ သွား၏။
61But Mary of Magdala was there, and the other Mary, sitting opposite the sepulchre.
61မာဂဒလမာရိနှင့် အခြားသောမာရိသည် ထိုအရပ်၌ သင်္ချိုင်းတော်ရှေ့မှာ ထိုင်လျက်နေရစ်ကြ၏။
62Now on the morrow, which is after the preparation, the chief priests and the Pharisees came together to Pilate,
62အဘိတ်နေ့လွန်၍ နက်ဖြန်နေ့ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည် ပိလတ်မင်းထံ ၌ စုဝေး၍၊
63saying, Sir, we have called to mind that that deceiver said when he was still alive, After three days I arise.
63ထိုလှည့်ဖြားသောသူက၊ ငါသည် သုံးရက်မြောက်သောနေ့၌ ထမြောက်မည်ဟု မသေမှီပြောသည်ကို အကျွန်ုပ်တို့ မှတ်မိပါပြီ။
64Command therefore that the sepulchre be secured until the third day, lest his disciples should come and steal him away, and say to the people, He is risen from the dead; and the last error shall be worse than the first.
64ထိုကြောင့် သူ၏တပည့်တို့သည် ညအခါလာ၍ အလောင်းကိုခိုးယူပြီးလျှင်၊ သူသည် သေခြင်းမှ ထ မြောက်တော်မူပြီဟု လူအပေါင်းတို့အား ပြောဆိုကြသော်၊ ရှေ့အမှားထက် နောက်အမှားသာ၍ ကြီးမည်ဟု စိုး ရိမ်စရာ အကြောင်းရှိသည်ဖြစ်၍၊ သင်္ချိုင်းတွင်းကို သုံးရက်မြောက်အောင် လုံခြုံစွာစောင့်စိမ့်သောငှါ အမိန့် ရှိတော်မူပါဟု လျှောက်ကြလျှင်၊
65And Pilate said to them, Ye have a watch: go, secure it as well as ye know how.
65ပိလတ်မင်းက၊ သင်တို့၌ လူစောင့်တတပ်ရှိ၏။ သွားကြ၊ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့်စေကြ ဟု ဆိုလေ၏။
66And they went and secured the sepulchre, having sealed the stone, with the watch [besides].
66ထိုသူတို့သည် သွား၍ ကျောက်ကို တံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာ ပြုကြ၏။