Darby's Translation

Myanmar

Psalms

26

1{[A Psalm] of David.} Judge me, O Jehovah, for I have walked in mine integrity, and I have confided in Jehovah: I shall not slip.
1အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက်သောကြောင့်၊ အကျွန်ုပ်ဘက်၌ တရား စီရင်တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရားကို ခိုလှုံ၍၊ ရွေ့လျားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
2Prove me, Jehovah, and test me; try my reins and my heart:
2အိုထာဝရဘုရား၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း၍၊ နှလုံး ကျောက်ကပ်ကို ဆေးကြောတော်မူပါ။
3For thy loving-kindness is before mine eyes, and I have walked in thy truth.
3အကျွန်ုပ်သည် မေတ္တာကျေးဇူးတော်ကို မျက် မှောက်ပြု၍၊ သစ္စာတရားတော်နှင့်အညီ ကျင့်ပါ၏။
4I have not sat with vain persons, neither have I gone in with dissemblers;
4လျှပ်ပေါ်သော လူတို့နှင့်အတူ မထိုင်ပါ။ လျှို့ဝှက်သော လူစုထဲတို့ မဝင်ပါ။
5I have hated the congregation of evil-doers, and I have not sat with the wicked.
5မတရားသောသူတို့၏ စည်းဝေးခြင်းကို မုန်းပါ ၏။ ဆိုးသွမ်းသော သူတို့နှင့်အတူ မထိုင်ပါ။
6I will wash my hands in innocency, and will encompass thine altar, O Jehovah,
6ကျေးဇူးတော်ကို ချီးမြှောက်သောအသံနှင့် မြွက်ဆို၍၊
7That I may cause the voice of thanksgiving to be heard, and declare all thy marvellous works.
7အံဩဘွယ်သော အမှုတော်အလုံးစုံတို့ကို ကြား ပြောခြင်းငှါ၊ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ် ကင်းခြင်းနှင့်ဆေး၍၊ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက် နေပါသည်၊ ထာဝရဘုရား။
8Jehovah, I have loved the habitation of thy house, and the place where thy glory dwelleth.
8အိုထာဝရဘုရား၊ အိမ်တော်သည် အိမ်တော် တည်ရာကို၎င်း၊ ဘုန်းတော်ထင်ရှားသော အရပ်ဌာနကို ၎င်း အကျွန်ုပ်နှစ်သက်ပါ၏။
9Gather not my soul with sinners, nor my life with men of blood;
9ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ်၏ ဝိညာဉ် ကို၎င်း၊ လူအသက်ကိုသတ်သော သူတို့နှင့်အတူ အကျွန်ုပ် အသက်ကို၎င်း ချုပ်ထားတော်မမူပါနှင့်။
10In whose hands are evil devices, and their right hand is full of bribes.
10သူတို့လက်သည် မကောင်းသောအကြံအစည်၌ ကျင်လည်၍၊ သူတို့လက်ျာလက်သည်လည်း တံစိုးနှင့် ပြည့်ဝပါ၏။
11But as for me, I will walk in mine integrity. Redeem me, and be gracious unto me.
11အကျွန်ုပ်မူကား၊ ဖြောင့်မတ်ခြင်း လမ်းသို့ လိုက် ပါ၏။ အကျွန်ုပ်ကို ရွေးနှုတ်၍ ကယ်မသနားတော်မူပါ။
12My foot standeth in an even place; in the congregations will I bless Jehovah.
12အကျွန်ုပ်သည် ညီညွတ်သောအရပ်၌ နေရာ ကျ၍၊ ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းကြီး ပေးပါမည်။