1In jenen Tagen aber, als die Zahl der Jünger wuchs, entstand ein Murren der Hellenisten gegen die Hebräer, weil ihre Witwen bei der täglichen Hilfeleistung übersehen wurden.
1ထိုကာလ၌ တပည့်တော်တို့သည် များပြားသည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်း လုပ်ကျွေးသောအခါ၊ ဟေလေနစ်အမျိုး မုတ်ဆိုး မတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍ ဟေဗြဲ လူတို့ကို အပြစ်တင်ကြ၏။
2Da beriefen die Zwölf die Menge der Jünger zusammen und sprachen: Es ziemt sich nicht, daß wir das Wort Gottes verlassen, um bei den Tischen zu dienen.
2ထိုအခါတကျိပ်နှစ်ပါးသော တမန်တော်တို့သည် တပည့်တော် အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုထား၍ စားပွဲ၌လုပ်ကျွေးမှုကိုမှုကိုမဆောင်သင့်။
3Darum, ihr Brüder, sehet euch nach sieben Männern aus eurer Mitte um, von gutem Zeugnis, voll heiligen Geistes und Weisheit; die wollen wir für diesen Bedarf bestellen,
3ထိုကြောင့်ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့် စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှု ကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထား ကြမည်။
4wir aber wollen im Gebet und im Dienste des Wortes verharren.
4ငါတို့မူကား၊ ဆုတောင်းပဌနာပြခြင်း၊ နှုတ်က ပတ်တရားတော် ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍ နေမည်ဟုဆိုကြ၏။
5Und die Rede gefiel der ganzen Menge, und sie erwählten Stephanus, einen Mann voll Glaubens und heiligen Geistes, und Philippus und Prochorus und Nikanor und Timon und Parmenas und Nikolaus, einen Proselyten aus Antiochia.
5ထိုစကားကိုလူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာ သာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေး ကောက်၍၊
6Diese stellten sie vor die Apostel, und sie beteten und legten ihnen die Hände auf.
6တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့ သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကို တင်ကြ၏။
7Und das Wort Gottes nahm zu, und die Zahl der Jünger mehrte sich sehr zu Jerusalem, auch eine große Zahl von Priestern wurden dem Glauben gehorsam.
7ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသ ဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွါး များ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်း တရားကို နားထောင်ကြ၏။
8Stephanus aber, voll Gnade und Kraft, tat Wunder und große Zeichen unter dem Volk.
8သတေဖန်သည် ကျေးဇူးတော်နှင့်၎င်း၊ တန်ခိုး တော်နှင့်၎င်း ပြည့်စုံသဖြင့်၊ ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို လူများရှေ့မှာပြုလေ၏။
9Es standen aber etliche aus der sogenannten Synagoge der Libertiner und Kyrenäer und Alexandriner und derer von Cilicien und Asien auf und stritten mit Stephanus.
9ထိုအခါ လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍၊ ကုရေနေပြည်သား၊ အာလေဇန္ဒြိပြည်သား၊ ကိလိကိပြည်သား၊ အာရှိ ပြည်သား အချို့တို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင်၊
10Und sie vermochten der Weisheit und dem Geist, womit er redete, nicht zu widerstehen.
10သူဟောပြော၍သုံးစွဲသောပညာနှင့် ဝိညာဉ်တော် ကို မခံမဆီးနိုင် ကြ။
11Da stifteten sie Männer an, die sagten: Wir haben ihn Lästerworte wider Mose und Gott reden hören.
11ထိုအခါဤသူသည် မောရှေကို၎င်း၊ ဘုရား သခင်ကို၎င်း လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါ ပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊
12Und sie wiegelten das Volk und die Ältesten und die Schriftgelehrten auf, überfielen ihn, rissen ihn fort und führten ihn vor den Hohen Rat.
12လူများကို၎င်း၊ အကြီးအကဲ၊ ကျမ်းပြုဆရာ တို့ကို၎င်း နှိုးဆော်၍၊ သတေဖန်ထံသို့လာသဖြင့် ဘမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။
13Und sie stellten falsche Zeugen, die sagten: Dieser Mensch hört nicht auf, Reden zu führen wider diese heilige Stätte und das Gesetz!
13မမှန်သော သက်သေခံတို့ကိုခေါ်၍၊ ဤသူသည် သန့်ရှင်းသော အရပ်ဌာနတော်နှင့် ပညတ်တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆိုလျက်နေပါ၏။
14Denn wir haben ihn sagen hören: Dieser Jesus von Nazareth wird diese Stätte zerstören und die Gebräuche ändern, die uns Mose überliefert hat!
14ထိုနာဇရက်မြို့သား ယေရှုသည် ဤအရပ်ဌာန တော်ကို ဖျက်ဆီး၍၊ ငါတို့အား မောရှေအပ်ပေးသော ထုံးနည်းဥပဒေကို ပြောင်းလဲစေမည်ဟု ဤသူဆိုသည်ကို အကျွန်ုပ်တို့သည် ကြားရပါပြီဟု သက်သေခံကြ၏။
15Und da alle, die im Hohen Rate saßen, ihn anblickten, sahen sie sein Angesicht, das war wie eines Engels Angesicht.
15လွှတ်တော်၌ ထိုင်လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ကြည့်ရှုလျှင်၊ သူ၏မျက်နှာ သည် ကောင်းကင်တမန်၏မျက်နှာ ကဲ့သို့ဖြစ်သည်ဟု ထင်မှတ်ကြ၏။