German: Schlachter (1951)

Myanmar

Numbers

15

1Und der HERR redete zu Mose und sprach: Rede mit den Kindern Israel und sprich zu ihnen:
1တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊
2Wenn ihr in das Land kommt, das ich euch zum Wohnsitz geben will,
2သင်တို့နေရာဖြစ်သော ငါပေးသော ပြည်သို့ ရောက်၍ နေကြသောအခါ
3und dem HERRN ein Feueropfer bringen wollt, es sei ein Brandopfer oder Schlachtopfer, um ein besonderes Gelübde zu erfüllen oder ein freiwilliges Opfer, oder eure Festopfer, die ihr dem HERRN zum lieblichen Geruch darbringt, von Rindern oder von Schafen,
3သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလို ပူဇော် သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ကို ပြုခြင်းငှါအလိုရှိလျှင်၊
4so soll der, welcher dem HERRN sein Opfer darbringen will, zugleich als Speisopfer ein Zehntel Epha Semmelmehl, gemengt mit einem Viertel Hin Öl darbringen,
4ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောသူသည်၊ သိုးသငယ်ကို ပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊
5ferner Wein zum Trankopfer, auch ein Viertel Hin zum Brandopfer oder zum Schlachtopfer, wenn ein Lamm geopfert wird.
5ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို၎င်း။ သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ ဆောင်ခဲ့ရမည်။
6Wenn aber ein Widder geopfert wird, sollst du das Speisopfer machen mit zwei Zehnteln Semmelmehl, gemengt mit einem Drittel Hin Öl;
6သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ ခြင်းငှါ၊
7und Wein zum Trankopfer, auch ein Drittel Hin; das sollst du dem HERRN opfern zum lieblichen Geruch.
7ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေး လောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။
8Willst du aber einen Farren zum Brandopfer oder zum Schlachtopfer darbringen, um ein Gelübde zu erfüllen oder zum Dankopfer dem HERRN,
8ထာဝရဘုရားအား မီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဘို့ နွားကို ပြင်ဆင်လျှင်၊
9so sollst du zu dem Farren das Speisopfer tun, drei Zehntel Semmelmehl, gemengt mit einem halben Hin Öl;
9မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင် သော အနံ့ရှိစေခြင်းငှါ၊
10und sollst Wein darbringen, als Trankopfer, auch ein halbes Hin. Das ist ein Feueropfer, dem HERRN zum lieblichen Geruch.
10နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။
11Also soll man verfahren mit einem Ochsen, mit einem Widder, mit einem Lamm, oder mit einer Ziege.
11နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။
12Entsprechend der Zahl dieser Opfer soll auch die Zahl der Speisopfer und Trankopfer sein.
12ပြင်ဆင်သော သိုး နွားအရေအတွက်သို့ လိုက်၍၊ တကောင် ကောင်ကို ထိုသို့ပြုရမည်။
13Alle Landeskinder sollen also tun, wenn sie dem HERRN ein Feueropfer zum lieblichen Geruch darbringen.
13ပြည်သားအပေါင်းတို့သည် မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ထိုသို့နှင့်အညီ ပြုရကြမည်။
14Und wenn ein Fremdling bei euch wohnt, oder wer sonst unter euch sein wird bei euren Nachkommen, und dem HERRN ein Feueropfer darbringen will zum lieblichen Geruch, der soll so tun, wie ihr tut.
14သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်စေ၊ အခြားတပါးသောသူဖြစ်စေ၊ မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ အလို ရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်း ပြုရမည်။
15In der ganzen Gemeinde soll einerlei Satzung gelten, für euch und für den Fremdling; eine ewige Satzung soll das sein euren Nachkommen; wie ihr, so soll auch der Fremdling sein vor dem HERRN.
15ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင် တည်း ခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော တပါးတည်းသော ထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။
16Ein Gesetz und ein Recht gilt für euch und für den Fremdling, der sich bei euch aufhält.
16သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင် တည်းခို သော တပါးအမျိုးသားတို့သည် တပါးတည်းသော တရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။
17Und der HERR redete zu Mose und sprach:
17တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
18Rede mit den Kindern Israel und sprich zu ihnen: Wenn ihr in das Land kommt, darein ich euch bringen werde,
18ငါပို့ဆောင်သော ပြည်သို့ သင်တို့သည် ရောက်၍၊
19und ihr vom Brot des Landes esset, sollt ihr für den HERRN eine Abgabe erheben.
19ထိုပြည်၌ဖြစ်သော မုန့်ကို စားကြသောအခါ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရ မည်။
20Vom Erstling eures Schrotmehls sollt ihr einen Kuchen als Hebopfer erheben; wie die Abgabe von der Tenne sollt ihr sie erheben.
20အဦးနယ်သော မုန့်စိမ်းဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက်ရာ ပူဇော်သက္ကာပြု၍ ကောက်နယ်တလင်း ထဲက ချီမြှောက်ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည်။
21Ihr sollt dem HERRN von den Erstlingen eures Schrotmehls ein Hebopfer geben von Geschlecht zu Geschlecht.
21သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ် သော မုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကိုထာဝရ ဘုရားအား ဆက်ရကြမည်။
22Und wenn ihr aus Versehen eines dieser Gebote nicht haltet, welche der HERR zu Mose geredet hat
22ထာဝရဘုရားသည် မောရှေကို မှာထားသော နေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသော ပညတ်၊
23von allem, was der HERR euch durch Mose geboten hat, von dem Tage an, als der HERR anfing zu gebieten, und weiterhin auf alle eure Geschlechter
23သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတံ့ သော ပညတ်အလုံးစုံတို့ကို သင်တို့သည် မစောင့် မှား ယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊
24wenn es ohne Vorwissen der Gemeinde geschehen ist, so soll die ganze Gemeinde einen jungen Farren zum Brandopfer darbringen, zum lieblichen Geruch dem HERRN, samt seinem Speisopfer und Trankopfer, wie es verordnet ist, und einen Ziegenbock zum Sündopfer.
24ပရိသတ်အပေါင်းတို့သည် မသိဘဲ သတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊ ထုံးဖွဲ့သော ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးဖြင့် မီးရှို့ရာယဇ်ကို၎င်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်ရကြမည်။
25Und der Priester soll also der ganzen Gemeinde der Kinder Israel Sühne erwirken, so wird ihnen vergeben werden; denn es war ein Versehen. Darum haben sie ihre Gaben dargebracht zum Feueropfer dem HERRN, dazu ihr Sündopfer vor den HERRN, für ihr Versehen.
25ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ ပြစ်မှားသောကြောင့်၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သော အပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရ ကြမည်။
26So wird der ganzen Gemeinde der Kinder Israel vergeben werden, dazu auch dem Fremdling, der unter euch wohnt; denn das ganze Volk war im Irrtum.
26ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော် လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလ အမျိုးသားပရိသတ်အပေါင်းကို၎င်း၊ သူတို့ထံမှာ တည်းခို သော တပါးအမျိုးသားကို၎င်း ထိုအပြစ်မှ လွှတ်ရလိမ့် မည်။
27Wenn aber eine einzelne Seele aus Versehen sündigen wird, die soll eine einjährige Ziege zum Sündopfer bringen.
27လူတစုံတယောက်သည် သတိလစ်၍ ပြစ်မှား လျှင်၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မ တကောင်ကို ဆောင်ခဲ့ရမည်။
28Und der Priester soll dieser Seele, welche unvorsätzlich, aus Versehen gesündigt hat, vor dem HERRN Sühne erwirken, so wird ihr vergeben werden.
28ထာဝရဘုရားရှေ့တော်၌ သတိလစ်၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။
29Es soll einerlei Gesetz gelten, wenn jemand aus Versehen etwas tut, sowohl für den Einheimischen unter den Kindern Israel als auch für den Fremdling, der unter euch wohnt.
29ဣသရေလအမျိုးသားဖြစ်သောသူ၊ တည်းခို သော တပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ်၍ ပြစ်မှားသောအခါ၊ တပါးတည်းသော တရားကို စောင့်ရ ကြမည်။
30Wenn aber eine Seele aus Frevel etwas tut (es sei ein Einheimischer oder ein Fremdling) so lästert sie den HERRN; solche Seele soll ausgerottet werden mitten aus ihrem Volk;
30ဣသရေလအမျိုးသားဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေ ရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်း ရမည်။
31denn sie hat des HERRN Wort verachtet und sein Gebot gebrochen; eine solche Seele soll unbedingt ausgerottet werden; ihre Schuld bleibe auf ihr!
31ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်း ပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ ၏။
32Als die Kinder Israel in der Wüste waren, fanden sie einen Mann, der am Sabbat Holz sammelte.
32ဣသရေလအမျိုးသားတို့သည် တော၌ ရှိကြ သောအခါ၊ တနေ့သောဥပုသ်နေ့၌ ထင်းခွေသောသူ တယောက်ကို တွေ့လေ၏။
33Da brachten ihn die, welche ihn beim Holzsammeln ertappt hatten, zu Mose und Aaron und vor die ganze Gemeinde.
33တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ ရှေ့သို့ ခေါ်ခဲ့ကြ၏။
34Und sie taten ihn in Gewahrsam; denn es war nicht klar ausgedrückt, was man mit ihm tun sollte.
34သူ၏အမှုကို စီရင်ရာလမ်းမထင်ရှားသေးသော ကြောင့် ချုပ်ထားကြ၏။
35Der HERR aber sprach zu Mose: Der Mann muß unbedingt sterben; die ganze Gemeinde soll ihn außerhalb des Lagers steinigen!
35ထာဝရဘုရားကလည်း၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကို ကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေ အား မိန့်တော်မူ၍၊
36Da führte ihn die ganze Gemeinde vor das Lager hinaus, und sie steinigten ihn, daß er starb, wie der HERR Mose geboten hatte.
36ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့ သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ကြသဖြင့် သူသည် အသေခံရ၏။
37Und der HERR redete zu Mose und sprach:
37တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
38Rede mit den Kindern Israel und sage ihnen, daß sie sich Quasten machen an die Zipfel ihrer Kleider, in all ihren Geschlechtern, und eine Schnur von blauem Purpur an die Quaste des Zipfels tun.
38သူတို့အမျိုး အစဉ်အဆက်တို့သည်၊ အဝတ်စွန်း တို့၌ ဆွဲစရာဘို့ ပန်းပွားတို့ကို လုပ်၍၊ ပြာသော ကြိုးနှင့် ချည်တွဲရကြမည်။
39Und die Quaste soll euch dazu dienen, daß ihr bei ihrem Anblick aller Gebote des HERRN gedenket und sie befolget, daß ihr nicht den Trieben eures Herzens nachgehet und euren Augen nachbuhlet;
39ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သော အခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက် မေ့၍ ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဉာဏ်ကို မှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက် မမှီဝဲ၊
40sondern, daß ihr an alle meine Gebote gedenket und sie tut und ihr eurem Gott heilig seid.
40ငါပညတ်သမျှတို့ကို အောက်မေ့၍ ကျင့်သဖြင့်၊ သင်တို့ ဘုရားသခင်အဘို့ သန့်ရှင်းမည်အကြောင်း ထိုသို့ ပြုရမည်။
41Ich, der HERR, bin euer Gott, der ich euch aus Ägypten geführt habe, daß ich euer Gott sei, ich, der HERR, euer Gott.
41ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။