Hungarian: Karolij

Myanmar

Isaiah

14

1Mert könyörül az Úr Jákóbon, és ismét elválasztja Izráelt, és megnyugotja õket földjükön; és a jövevény hozzájok adja magát, és a Jákób házához csatlakoznak;
1အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို သနား၍ ဣသရေလအမျိုးကို တဖန်ရွေးကောက်သဖြင့်၊ သူတို့ကို နေရင်းပြည်၌နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူတို့နှင့် ပေါင်းဘော်၍ ယာကုပ်အမျိုး၌ ဆည်းကပ်ကြ လိမ့်မည်။
2És felveszik õket a népek, és elviszik õket lakhelyökre, és Izráel háza bírni fogja õket az Úr földén, szolgák és szolgálók gyanánt; és foglyaik lesznek foglyul vivõik, és uralkodnak nyomorgatóikon.
2တပါးအမျိုးသားတို့သည် သူတို့ကို နေရင်း အ ရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ သည် တပါးအမျိုးသားတို့ကို ထာဝရဘုရား၏ ပြည် တော်တွင်၊ကျွန်နှင့် ကျွန်မအရာ၌ ထား၍ စေစားကြလိမ့် မည်။ အထက်က သိမ်းသွားဘူးသော သူတို့ကို တဖန် သိမ်းယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲဘူးသော သူတို့ကိုလည်း အုပ်စိုးကြလိမ့်မည်။
3És majd ama napon, a melyen nyugalmat ád néked az Úr fáradságodtól és nyomorúságodtól és ama kemény szolgálattól, a melylyel szolgálnod kellett,
3ထိုအခါ ထာဝရဘုရားသည် သင့်ကို ငြိုငြင်ခြင်း၊ စိုးရိမ်ခြင်း၊ သူတပါး စေစား၍ ဆင်းရဲစွာ အစေ ကျွန် ခံရခြင်းထဲက နှုတ်၍၊ ချမ်းသာ ပေးတော် မူလျှင်၊
4E gúnydalt mondod Babilon királya felett, és szólsz: Miként lõn vége a nyomorgatónak, a szolgaság házának vége lõn!
4သင်သည် ဗာဗုလုန် ရှင်ဘုရင်ကို ရည်ဆောင်၍၊ ပုံစကားကို ဤသို့မြွက်ဆိုလိမ့်မည်။ အစိုးတရပြုသော သူသည် ဆုံးလေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီကား။
5Eltörte az Úr a gonoszok pálczáját, az uralkodóknak vesszejét.
5လူသတ္တဝါတို့ကို အမျက်ထွက်၍၊ အစဉ်မပြတ် ရိုက်ခြင်း၊အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး၍၊အစဉ်မပြတ် ညှဉ်းဆဲခြင်းကို ပြုသော အဓမ္မ လူတို့၏တောင်ဝေးကို၎င်း၊
6A ki népeket vert dühében szüntelen való veréssel, leigázott népségeket haraggal, kergettetik feltartózhatlanul.
6ထိုသို့အစိုးရသော သူတို့၏ ရာဇလှံတံကို၎င်း၊ထာဝရဘုရား ချိုးတော်မူပြီ။
7Nyugszik, csöndes az egész föld. Ujjongva énekelnek.
7မြေတပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်းဆိုသံနှင့် ကြွေးကြော်ကြ၏။
8Még a cziprusok is örvendenek rajtad: a Libánon czédrusai [ezt mondják:] Mióta te megdõltél, nem jõ favágó ellenünk.
8ထင်းရှုးပင်နှင့် လေဗနုန် အာရဇ်ပင်တို့က၊ သင်တို့သည် လဲပြီးသည်နောက်၊ ငါတို့ကို ခုတ်လှဲသော သူသည် မတက်မလာရဟု သင့်ကို ရည်ဆောင်၍ ဝမ်းမြောက်ကြ၏။
9Alant a sír megindul te miattad megérkezésedkor, miattad felriasztja árnyait, a föld minden hatalmasit, felkölti székeikrõl a népek minden királyait;
9သင်သည် ရောက်လာသောအခါ၊ အောက်အ ရပ် မရဏာနိုင်ငံသည် ကြိုဆိုအံ့သောငှါ လှုပ်လေ၏။ သင်္ချိုင်းသားများနှင့် လောကီမင်းများအပေါင်းတို့ကို သင့်အတွက်ကြောင့် နှိုးဆော်လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်းတို့ကို ရာဇပလ္လင် တို့မှ ထစေ၏။
10Mind megszólalnak, és ezt mondják néked: Erõtlenné lettél te is, miként mi; hozzánk hasonlatos levél!
10ထိုသူအပေါင်းတို့က၊ သင်သည်လည်း ငါတို့ကဲ့သို့ အားနည်းပါသည်တကား။ ငါနှင့် တူပါသည် တကား။
11Kevélységed [és] lantjaid zengése a sírba szállt; fekvõ ágyad férgek, és takaró lepled pondrók!
11သင်၏ ဘုန်းအသရေနှင့် သင်၏ တုရိယာမျိုး အသံဗလံတို့ကို မရဏနိုင်ငံတွင် ရှုတ်ချလေပြီတကား။ သင့်အောက်၌ ပိုးကောင်များကို ခင်းလျက်၊ သင့်အပေါ်၌ တီကောင်များကို ခြုံလျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက်၍ ပြောဆိုကြလိမ့်မည်။
12Miként estél alá az égrõl fényes csillag, hajnal fia!? Levágattál a földre, a ki népeken tapostál!
12အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည် တို့ကို နှိပ်စက်သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။
13Holott te ezt mondád szívedben: Az égbe megyek fel, az Isten csillagai fölé helyezem ülõszékemet, és lakom a gyülekezet hegyén messze északon.
13သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါ တက် မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်။
14Felibök hágok a magas felhõknek, és hasonló leszek a Magasságoshoz.
14မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိ လေပြီ။
15Pedig a sírba szállsz alá, sírgödör mélységébe!
15သို့သော်လည်း၊ သင်သည်မရဏနိုင်ငံ၊ သင်္ချိုင်း တွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ။
16A kik látnak, rád tekintenek, [és] elgondolják: Ez-é a föld ama háborgatója, a ki királyságokat rendített meg?
16သင့်ကိုမြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီးလျှင်၊ မြေကြီးကို တုန်လှုပ်စေ၍၊ တိုင်းနိုင်ငံများ ကို လှုပ်ချောက်သောသူကား ဤသူလော။
17A ki a föld kerekségét pusztasággá tette, városait lerontá, [és ]foglyait nem bocsátá haza!
17လောကီနိုင်ငံကို တောကဲ့သို့ဖြစ်စေ၍၊ မြို့များကို ဖျက်ဆီးသောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မလွှတ်သောသူကား ဤသူလော။
18A népeknek minden királyai dicsõségben nyugosznak, kiki az õ sírjában,
18အပြည်ပြည်သောရှင်ဘုရင်အပေါင်းတို့သည် အသီးအသီး မိမိတို့စေတီ၌ ဘုန်းအသရေနှင့် အိပ်ကြ၏။
19Te pedig [messze] vettetel sírodtól, mint valami hitvány gally, takarva megölettekkel, fegyverrel átverettekkel, sziklasírba leszállókkal, mint valami eltapodott holttest!
19သင့်ကိုမူကား၊ရွံရှာဘွယ်သော သစ်ခက်ကဲ့သို့ သင်္ချိုင်းထဲကထုတ်ပစ်ရ၏။ ကွပ်မျက်သောသူ၊ ထားဖြင့်ထိုးသောသူ၊ သင်္ချိုင်းတွင်း၌ ကျောက်စုထဲသို့ ချသောသူများနှင့် ဖုံးအုပ်လျက်၊ ခြေဖြင့်ကျော်နင်း သောအသေကောင်ဖြစ်လေ၏။
20Nem egyesülsz velök a sírban, mert elpusztítád földedet, megölted népedet: nem él sokáig a gonoszok magva [sem!]
20သူတပါးတို့နှင့်ရောနှော၍ သင်္ဂြိုလ်ခြင်းကိုမခံရ။ အကြောင်းမူကား၊ မိမိပြည်ကို ဖျက်ဆီးပြီ။ မိမိအမျိုး သား ချင်းတို့ကို သတ်လေပြီ။ အဓမ္မပြုသော သူတို့၏အနွယ် သည် ဂုဏ်အသရေအလျှင်းမရှိရဟု ပြောဆိုကြလိမ့်မည်။
21Készítsetek öldöklést az õ fiainak atyáik vétkéért, hogy fel ne keljenek, és örökségül bírják e földet, és városokkal töltsék be e földnek színét!
21သူ၏ သားမြေးတို့သည်မထ၊ မြေကြီးကိုမပိုင်၊ မြေတပြင်လုံးတွင် ရန်သူများကို မနှိုးဆော်နိုင် မည်အ ကြောင်း၊ သူတို့အဘို့ ဘိုးဘေးတို့၏ အပြစ်ကြောင့်ကွပ် မျက်ခြင်းကို ပြင်ကြလော့။
22És felkelnek õ ellenök, szóla a seregeknek Ura, és kivágom Babilon nevét és maradékát, fiait és unokáit, szól az Úr;
22ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ငါသည်သူတို့တဘက်၌ ထ၍ ဗာဗုလုန် မြို့၏နာမနှင့် အကြွင်းအကျန်ကို၎င်း၊ သားမြေးတို့ကို၎င်း ပယ်ဖြတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23És a sündisznónak örökségévé és álló vizek tavává teszem azt, és elsöpröm azt a pusztítás seprõjével, szól a seregeknek Ura.
23ငါသည် ထိုမြို့ကို ဖြူကောင်များနေရာ၊ ရေလွှမ်း မိုးရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်း၏ တန်မြက်စည်း ဖြင့်လှည်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။
24Megesküdött a seregeknek Ura, mondván: Úgy lészen, mint elgondolám, úgy megy véghez, mint elvégezém:
24ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို၍ မိန့်တော်မူသည်ကား၊
25Megrontom Assiriát földemen, és megtapodom hegyeimen, és eltávozik róluk igája, és terhe válláról eltávozik.
25ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏ တောင်ရိုးပေါ်မှာ ခြေဖြင့် ကျော်နင်းမည်ဟု ငါကြံ စည်သည် အတိုင်းဖြစ်၍၊ ငါစီရင်ချက်လည်း တည်ရ လိမ့် မည်။ ထိုအခါ သူ၏ ထမ်းဘိုးကို သူတပါးအပေါ်က ရွှေ့ ၍၊သူတို့ပခုံးပေါ်မှာ တင်သောဝန်ကိုချရသော အခွင့်ရှိ လိမ့်မည်။
26Ez az elvégezett tanács az egész föld felõl, és ez ama felemelt kéz minden népek fölött.
26မြေတပြင်လုံးတွင် ထိုသို့ကြံစည်တော်မူ၏။ ခပ်သိမ်းသော ပြည်တို့အပေါ်မှာ ထိုသို့လက်တော်ကို ဆန့်လျက်ရှိ၏။
27Mert a seregek Ura végezte, és ki teszi azt erõtelenné? Az õ keze fel van emelve; ki fordítja el azt?
27ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အကြံတော်ကို အဘယ်သူဖျက်လိမ့်မည်နည်း။ ဆန့်တော် မူသောလက်တော်ကို အဘယ်သူလှန်လိမ့်မည်နည်း။
28A mely esztendõben meghalt Akház király, akkor lõn e jövendölés.
28အာခတ်မင်းကြီး အနိစ္စရောက်သောနှစ်တွင် ခံရသော ဗျာဒိတ်တော် ဟူမူကား၊
29Ne örvendj oly nagyon Filisztea, hogy eltört a téged verõnek vesszeje, mert a kígyó magvából baziliskus jõ ki, a melytõl szárnyas sárkány származik.
29အိုဖိလိတ္တိပြည်လုံး၊ သင့်ကိုရိုက်သောကြိမ်လုံးကျိုး သည်ကိုထောက်၍၊ဝမ်းမမြောက်နှင့်။ ထိုမြွေအမျိုးထဲက မြွေဆိုးပေါက်လိမ့်မည်။ သူ၏အနွှယ်သည်လည်း ပျံတတ် သော မီးမြွေဖြစ်လိမ့်မည်။
30És legelnek a szegényeknek elsõszülöttei, és a szûkölködõk bátorsággal nyugosznak; és én kivesztem gyökeredet éhséggel, és maradékodat megölik.
30အတိုင်းထက်အလွန် ဆင်းရဲသောသူတို့သည် စားရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေး လွတ်လျက် အိပ်ရကြလိမ့်မည်။ ငါသည်သင်၏အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ်၍၊သင်၏ အကြွင်းကို လည်း မြွေဆိုးသည်ကွပ်မျက်လိမ့်မည်။
31Jajgass kapu, kiálts város! remeg egész Filisztea, mivel füst jõ észak felõl; és nem marad el seregeibõl egy sem!
31အိုတံခါး၊ညည်းတွားလော့။ အိုမြို့၊ ငိုကြွေးမြည် တမ်းလော့။ အိုဖိလိတ္တိပြည်လုံး၊ သင်သည်မှိုင် တွေလျက်ရှိ ၏။ မြောက်မျက်နှာမှ မီးခိုးထွက်လာ၏။ ထိုအလုံးအရင်း ၌ တယောက်တခြားစီနေသော သူမရှိ။
32És mit felelnek a népek követei? [Azt,] hogy az Úr veté meg a Sion alapját, és abban bíznak népe szegényei.
32တပြည်တနိုင်မှ ရောက်လာသော သံတမန်တို့ အား အဘယ်သို့ ပြန်ပြောရမည်နည်း ဟူမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူ သည်ဖြစ်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့သည် ထိုမြို့၌ ကိုးစားကြ၏။