1Jövendölés Damaskus ellen. Ímé Damaskus városa elpusztíttatik, és romok halmává lesz;
1ဒမာသက်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက် စီးရာပုံဖြစ်ရ၏။
2Aróer városai elhagyatnak, [és] barmokéi lesznek, a melyek ott fognak nyugodni háborítatlanul.
2အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစု တို့သည်ပိုင်၍၊ အဘယ်သူမျှမမောင်းဘဲအိပ်ကြလိမ့်မည်။
3És vége lesz Efraim erõsségének, és Damaskus királyságának; Siria maradéka úgy jár, mint az Izráeliták dicsõsége, ezt mondja a seregeknek Ura.
3ဧဖရိမ်ပြည်၌မြို့မရှိရ။ ဒမာသက်မြို့နှင့် ကျန်ကြွင်းသော ရှုရိပြည်၌ မင်းအာဏာမရှိရ။ သူတို့သည် ဣသရေလ အမျိုးသားတို့၏ ဘုန်းအသရေကဲ့သို့ဖြစ်ရ ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
4És lesz ama napon: megvékonyul a Jákób dicsõsége, és húsa kövérsége megösztövéredik.
4ထိုကာလ၌ ယာကုပ် အမျိုး၏ ဘုန်းသည် လျော့ ၍၊ ဆူဝခြင်းလည်း ပိန့်ကြုံခြင်းဖြစ်ရလိမ့်မည်။
5És lészen, mint mikor az arató összefogja a gabonát és a kalászokat kezével learatja, és lészen, mint mikor valaki kalászokat szed össze a Refáim völgyében;
5လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများ ကိုလက်နှင့် ရိတ်သကဲ့သို့၎င်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံ တို့ကိုသိမ်းရိတ်သကဲ့သို့၎င်း၊ ထိုအမှုဖြစ်ရလိမ့်မည်။
6És csak mezgérlés marad belõlök, mint az olajfa megrázásakor két-három bogyó az ágak hegyén, négy-öt a gyümölcsfának lombjai közt, így szól az Úr, Izráel Istene.
6သို့ရာတွင်၊သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသော အခက်တို့၌ လေးငါးလုံးရှိတတ်သကဲ့သို့၊ ကောက်သိမ်းစရာ အကြွင်း ရှိရလိမ့်မည်ဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူ၏။
7Ama napon Teremtõjére tekint az ember, és szemei Izráel Szentjére néznek;
7ထိုကာလ၌ လူသည်မိမိကို ဖန်ဆင်းတော်မူ သော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်း တော်မူသော ဘုရားကို ဖူးမျှော်ရလိမ့်မည်။
8És nem tekint az oltárokra, kezeinek alkotmányára, és a miket ujjai csináltak, nem nézi azokat, a berkeket és a nap-oszlopokat.
8မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအ ရာတည်းဟူ သော အာရှရပင်တို့ကို၎င်း၊ ရုပ်ထုတို့ကို၎င်း ပမာဏ မပြုရ။
9Erõs városai olyanok lesznek ama napon, mint elhagyott erdõ és hegytetõ, a melyeket elhagytak volt Izráel fiai elõtt, és pusztasággá lesznek.
9ထိုကာလ၌ သူ၏ခိုင်ခံ့သောမြို့တို့သည် ဣသ ရေလ အမျိုးသား ရှေ့မှာစွန့်ပစ်သော သစ်တောအကျန် အကြွင်းနှင့်သစ်ပင်အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံလျက်ရှိရလိမ့်မည်။
10Mert elfelejtkeztél megszabadító Istenedrõl, és nem emlékeztél meg erõs kõszáladról, ez okért ültetél gyönyörûséges ültetéseket, és idegen vesszõt plántáltál beléjök;
10သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည် မေ့လျော့၍၊ မိမိခိုလှုံရာ ကျောက်ကို မိမိမ အောက်မေ့သောကြောင့်၊ သာယာသော ပျိုးပင် တို့နှင့်၊ တကျွန်းတနိုင်ငံအညွန့်တို့ကို စိုက်ပျိုး၍၊
11A mely napon elültetted, körül sövényezéd és reggelre magodat felvirágoztatád: [de] nem lészen aratás sebeidnek és nagy fájdalmadnak napján!
11ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှါ၎င်း၊ အလျင် အမြန် အပွင့်ပွင့်စေခြင်းငှါ၎င်းပြုပြီးမှ၊ သိမ်းယူရာကာလ ၌ အသီးအနှံသည်ပျက်စီး၍၊ သင်သည် မပျောက်နိုင် သော ဝမ်းနည်းခြင်းရှိရလိမ့်မည်။
12Jaj a sok nép zúgásának, a kik úgy zúgnak, mint a tenger zúgása, és a népségek háborgásának, a kik háborognak, mint erõs vizek!
12သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူ များ အလုံးအရင်းတို့၌၎င်း၊ အားကြီးသော ရေတို့ သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သောလူမျိုးတို့၌၎င်း အမင်္ဂလာရှိ၏။
13A népségek, mint sok vizek háborgása, úgy háborognak, de megdorgálja azt és elfut messzire, és elragadtatik, mint a hegyek polyvája szél elõtt és mint pozdorja a forgószél elõtt;
13အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူ သော ကြောင့်၊ အဝေးသို့ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့၎င်း၊ လေဘွေ၌ ပါသွား သော အမှိုက်ကဲ့သို့၎င်း၊ သူတို့သည် နှင်ခြင်းကို ခံရကြ လိမ့်မည်။
14Estvének idején rémülés száll reájok [és] minekelõtte megvirrad, nem lesznek: ez jutalmok pusztítóinknak és sorsok rablóinknak!
14ညဦးယံ၌ ဘေးရောက်၍၊ နံနက်ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည်။ ငါတို့ကို ညှဉ်းဆဲသောသူတို့သည် ထိုသို့သော အကျိုး၊ ငါတို့ကို လုယူဖျက်ဆီးသော သူတို့ သည်၊ ထိုသို့သော အမွေဥစ္စာကို ခံရကြလိမ့်မည်။