Hungarian: Karolij

Myanmar

Isaiah

24

1Ímé az Úr megüresíti a földet és elpusztítja azt, és elfordítja színét és elszéleszti lakóit!
1ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ ကို ကွဲပြားစေတော်မူ၏။
2S olyan lesz a nép, mint a pap; a szolga, mint az õ ura; a szolgáló, mint asszonya; a vevõ, mint az eladó; a kölcsönadó, mint a kölcsönkérõ; a hitelezõ, mint az, a kinek hitelez;
2ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့ ၎င်း၊ သခင်သည် ကျွန်ကဲ့သို့၎င်း၊ သခင်မသည် ကျွန်မကဲ့ သို့၎င်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့၎င်း၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့၎င်း၊ အတိုးစား သောသူသည် အတိုးပေးသောသူကဲ့သို့၎င်း ဖြစ်ရ လိမ့် မည်။
3Megüresíttetvén megüresíttetik a föld, és elpusztíttatván elpusztíttatik; mert az Úr szólá e beszédet.
3တပြည်လုံး လွတ်လပ်၍ ရှင်းရှင်း ပျက်စီးရလိမ့် မည်ဟူသော အရာကို ထာဝရဘုရား မိန့်တော်မူ၏။
4Gyászol és megromol a föld, elhervad és megromol a földnek kereksége, elhervadnak a föld népének nagyjai.
4ပြည်တော်သည် ငြိုငြင် ညှိုးငယ်ခြင်းရှိ၏။ လောကသည် အားလျော့၍ ညှိုးငယ်ခြင်းရှိ၏။ ဘုန်းကြီး သော ပြည်သားတို့သည် အားလျော့ကြ၏။
5A föld megfertõztetett lakosai alatt, mert áthágták a törvényeket, a rendelést megszegték, megtörték az örök szövetséget.
5ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကို ပြောင်းလဲခြင်း၊ ထာဝရသစ္စာတော်ကို ဖျက်ခြင်းအကြောင်းကြောင့်၊ ပြည်တော်သည် ညစ်ညှုးခြင်းရှိ ၏။
6Ezért átok emészti meg a földet, és lakolnak a rajta lakók; ezért megégnek a földnek lakói, és kevés ember marad meg.
6ထိုကြောင့်၊ ကျိန်တော်မူသော အကျိန်သည် ပြည် တော်ကို လွှမ်းမိုးပြီ။ ပြည်သားတို့အပေါ်မှာ အပြစ် ရောက်လေပြီ။ ထိုကြောင့် ပြည်သူတို့သည် ပူလောင်ကြ သဖြင့်၊ ကြွင်းကျန်သောသူတို့သည် နည်းကြ၏။
7Gyászol a must, elhervad a szõlõ, és sóhajtnak minden vidám szívûek.
7သစ်သောစပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ် နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်း သောသူအပေါင်းတို့သည် ညည်းတွားကြ၏။
8Megszünt a dobok vidámsága, elcsöndesült az örvendõk zajgása, a cziterának vídámsága megszünt.
8သာယာသောပတ်သာ အသံငြိမ်းပြီ။ ဝမ်း မြောက်သောသူ၏ အသံမရှိ။ သာယာသောစောင်းသံ လည်း ငြိမ်းပြီ။
9Énekléssel nem isznak bort; keserû a részegítõ ital az ívónak;
9သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပစပ်ခါး ကြလိမ့်မည်။
10Rommá lõn az álnokság városa, bezároltatott minden ház, senki be nem mehet!
10လွတ်လပ်သောမြို့သည် ပြိုပျက်လေပြီ။ အ ဘယ်သူမျှ မဝင်စေခြင်းငှါ၊ အိမ်များကို ပိတ်ထားကြပြီ။
11Az utczákon panaszkodás hallik a bor miatt; minden öröm alkonyra szállt, a föld vígassága elköltözött.
11စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည် တမ်းခြင်းရှိ၏။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ကွယ်ပြီ။ တပြည်လုံး၌ သာယာသောအသံ ငြိမ်းပြီ။
12A városban csak pusztaság maradt és rommá zúzatott a kapu.
12ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏၊ မြို့တံ ခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ကြပြီ။
13Mert így lesz a föld közepette, a népek között, mint az olajfa megrázásakor, mint mezgérléskor, midõn a szüret elmult.
13ထိုသို့ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ်၍ အသီးကို ရသကဲ့သို့၎င်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန် ကို ကောက်ရသကဲ့သို့၎င်း ဖြစ်လိမ့်မည်။
14Õk felemelik szavokat, ujjongnak, az Úr nagyságáért rivalgnak a tenger felõl.
14ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တဘက်မှ မြည်ကြလိမ့်မည်။
15Ezért dícsérjétek az Urat keleten, a tenger szigetein az Úrnak, Izráel Istenének nevét.
15သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘု ရားကို၎င်း၊ ပင်လယ် တဘက်တကျွန်း တနိုင်ငံအရပ်တို့၌၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော၊ ထာဝရ ဘုရား၏ နာမတော်ကို၎င်း ချီးမွမ်းကြလော့။
16A föld szélérõl énekeket hallánk: dicsõség az igaznak! S én mondék: végem van, végem van, jaj nékem! A hitetlenek hitetlenül cselekesznek és hitetlenséggel a hitetlenek hitetlenséget cselekesznek.
16သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူ စေသတည်းဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည် ကြားရ၏။ ငါမူကား၊ အလွန်ဆင်းရဲ၏။ အလွန်ဆင်းရဲ၏။ အမင်္ဂလာရှိ၏။ လုယက်သောသူတို့သည် လုယက်လျက် နေကြ၏။ လုယက်သောသူတို့သည် ကြမ်းတမ်းစွာ လု ယက်ကြ၏။
17Rettegés, verem és tõr [vár] rád földnek lakója!
17အိုပြည်သား၊ သင်သည် ကြောက်လန့်ဘွယ် သောအရာ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။
18És lesz, hogy a ki fut a rettegésnek szavától, verembe esik, és a ki kijõ a verembõl, megfogatik a tõrben, mert az egek csatornái megnyílnak, és megrendülnek a föld oszlopai.
18ကြောက်လန့်ဘွယ်သော အရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေ တွင်းမှလွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့် မည်။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီးအမြစ် လည်း လှုပ်ရှားလေ၏။
19Romlással megromol a föld, töréssel összetörik a föld, rengéssel megrendül a föld;
19ပြည်တော်သည် တပြည်လုံး ပြုတ်လေပြီ။ ပြည် တော်သည် အကုန်အစင် ပြိုပျက်လေပြီ။ ပြည်တော်သည် အလွန်တုပ်လှုပ်လျက် ရှိလေ၏။
20Inogva meging a föld, miként a részeg, és meglódul, mint a kaliba, és reá nehezedik bûne és elesik; és nem kél fel többé!
20ပြည်တော်သည် ယစ်မူးသောသူကဲ့သို့ တလူး လည်လည် ရှိ၏။ ပုခက်ကဲ့သို့ လှုပ်ရှား၏။ မိမိအပြစ်သည် မိမိအပေါ်မှာ လေးသဖြင့်၊ ပြည်တော်သည် လဲလိမ့်မည်။ နောက်တဖန် မထရ။
21És lesz ama napon: meglátogatja az Úr a magasság seregét a magasságban, és a föld királyait a földön:
21ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအ ရပ်၌ မြင့်သောအလုံးအရင်းကို၎င်း၊ မြေပေါ်မှာမြေကြီး ရှင်ဘုရင်တို့ကို၎င်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်။
22És összegyûjtve összegyûjtetnek gödörbe, mint a foglyok, és bezáratnak tömlöczbe, és sok napok után meglátogattatnak.
22သူတို့သည် တွင်းထဲမှာ တစုတည်းစုဝေး၍ ချည် နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကို ခံလျက် နေရ ကြလိမ့်မည်။ များစွာသော နေ့ရက်ကာလလွန်ပြီးမှ၊ စစ် ကြောခြင်းကို ခံရကြလိမ့်မည်။
23És elpirul a hold, és megszégyenül a nap, mikor a seregek Ura uralkodik Sion hegyén és Jeruzsálemben: s vénei elõtt dicsõség lészen.
23လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည် လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင် ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ ရှေ့တွင်ဘုန်းကြီးတော်မူလတံ့။