1Az Úr uralkodik, reszkessenek a népek; Kérubokon ül, remegjen a föld!
1ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူများတို့ သည် တုန်လှုပ်ခြင်း ရှိကြစေ။ ခေရုဗိမ်တွင် ကျိန်းဝပ် တော်မူ၏။ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ။
2Nagy az Úr a Sionon, és magasságos õ minden nép felett.
2ထာဝရဘုရားသည် ဇိအုန်တောင်မှာ ကြီးမြတ် တော်မူ၏။ လူများအပေါင်းတို့ထက် ချီးမြှောက်ခြင်း ရှိတော်မူ၏။
3Tiszteljék a te nagy és rettenetes nevedet, - szent az!
3ကြီးမြတ်၍ ကြောက်ရွံ့ဘွယ်သော နာမတော်ကို ချီးမွမ်းကြစေ။ အကြောင်းမူကား၊ နာမတော်သည် သန့်ရှင်းခြင်း ရှိသတည်း။
4És tisztesség a királynak, a ki szereti a jogosságot! Te megerõsítetted az egyenességet; jogosságot és igazságot szereztél Jákóbban.
4တရားကို နှစ်သက်သော ရှင်ဘုရင်၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန်သော စီရင်ခြင်းကို တည်စေတော်မူ၏။ ယာကုပ်အမျိုး၌ တရား သဖြင့်ပြု၍၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။
5Magasztaljátok az Urat, a mi Istenünket, és boruljatok le az õ lábainak zsámolya elé; szent õ!
5ငါ့တို့ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက် ကြလော့။ ခြေတော်တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် သန့်ရှင်း တော်မူသတည်း။
6Mózes és Áron az õ papjaival, és Sámuel az õ nevét segítségül hívókkal egybe, segítségül hívják vala az Urat, és meghallgatá õket.
6ယဇ်ပုရောဟိတ် မောရှေနှင့် အာရုန်၊ နာမတော် ကို ပဌနာပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရ ဘုရားကို ပဌနာပြု၍၊ ကိုယ်တော်သည် ထူးတော်မူ၏။
7Felhõ-oszlopban szólt vala hozzájok; megõrizték az õ bizonyságtételét és rendeletét, a melyet adott vala nékik.
7သူတို့အားမိုဃ်းတိမ်တိုင်ထဲက မိန့်တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံတော်မူချက်များကို၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို၎င်း စောင့်ရှောက်ကြ၏။
8Uram, mi Istenünk! Te meghallgattad õket, kegyelmes Isten voltál hozzájok; de bosszúálló az õ hiábavalóságaik miatt.
8အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။ သူတို့အမှု ကြောင့် အပြစ်ပေးသော်လည်း၊ သူတို့ကို သည်းခံသော ဘုရားဖြစ်တော်မူ၏။
9Magasztaljátok az Urat, a mi Istenünket, és boruljatok le az õ szent hegyén; mert szent az Úr, a mi Istenünk!
9ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ သန့်ရှင်းသော တောင်တော်မှာ ပြပ်ဝပ်ကိုးကွယ်ကြလော့။ အကြောင်းမူကား၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ သတည်း။