Armenian: New Testament

Myanmar

John

12

1Իսկ Յիսուս Զատիկէն վեց օր առաջ եկաւ Բեթանիա, ուր կը գտնուէր մեռած Ղազարոսը՝ որ ինք մեռելներէն յարուցանեց:
1ပသခါပွဲခံချိန်ခြောက်ရက်လိုသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။
2Հոն՝ ընթրիք մը սարքեցին անոր. Մարթա կը սպասարկէր, ու Ղազարոս անոր հետ սեղան նստողներէն՝՝ մէկն էր:
2ထိုကြောင့် ထိုသူတို့သည်ပွဲလုပ်ကြသဖြင့် မာသသည်လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ်၏။
3Իսկ Մարիամ՝ առնելով մէկ լիտր թանկագին նարդոսի օծանելիք՝ օծեց Յիսուսի ոտքերը, եւ սրբեց անոր ոտքերը իր մազերով. ու տունը լեցուեցաւ օծանելիքին հոտով:
3ထိုအခါ မာရိသည် အဘိုးများစွာထိုက်သောနာဒုဆီမွှေးစစ်အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော် ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့်၊ ထိုဆီ၏ အမွှေးသည် တအိမ်လုံးကိုနှံ့ပြား၏။
4Ուստի աշակերտներէն մէկը՝ Իսկարիովտացի Սիմոնեան Յուդա, որ պիտի մատնէր զինք, ըսաւ.
4တပည့်တော်တို့ အဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်က၊
5«Ինչո՞ւ այդ օծանելիքը չծախուեցաւ երեք հարիւր դահեկանի՝ որ տրուէր աղքատներուն»:
5ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဘိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အားအဘယ်ကြောင့် မပေး သနည်းဟုဆို၏။
6Ասիկա ըսաւ՝ ո՛չ թէ աղքատները հոգալուն համար, հապա՝ քանի որ գող էր եւ ինք ունէր գանձանակը, ու կը կրէր ինչ որ ձգուէր:
6ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန်ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။
7Իսկ Յիսուս ըսաւ. «Թո՛յլ տուր անոր. այդ բանը պահեց իմ թաղումիս օրուան համար:
7ယေရှုသည်လည်း၊ ထိုမိန်းမကိုရှိစေတော့။ ငါ၏အလောင်းကိုသင်္ဂြိုဟ်ခြင်းငှါ ပြင်ဆင်သောနေ့ တိုင် အောင် သူသည်ဤဆီမွှေးကို သိုထားပြီး။
8Որովհետեւ աղքատները ամէն ատեն ունիք ձեզի հետ, բայց զիս ամէն ատեն չունիք»:
8ဆင်းရဲသောသူတို့ကား သင်တို့၌အစဉ်ရှိကြ၏။ ငါမူကား၊ အစဉ်ရှိသည်မဟုတ်ဟု မိန့်တော်မူ၏။
9Ուստի Հրեաներէն մեծ բազմութիւն մը գիտցաւ անոր հոն ըլլալը, ու եկաւ՝ ո՛չ միայն Յիսուսի համար, այլ նաեւ տեսնելու Ղազարոսը՝ որ մեռելներէն յարուցանած էր:
9ထိုအရပ်၌ ယေရှုရှိတော်မူသည်ကို ယုဒလူများအပေါင်းတို့သည်သိလျှင်၊ ကိုယ်တော်ကြောင့်သာ လာ သည်မဟုတ်။ သေခြင်းမှထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်းငှါ လာကြ၏။
10Իսկ քահանայապետները խորհրդակցեցան՝ որ սպաննեն Ղազարոսն ալ.
10ထိုသို့ ယုဒလူများတို့သည် လာဇရုကိုအကြောင်းပြုသဖြင့် ထွက်သွား၍၊
11որովհետեւ Հրեաներէն շատեր անոր պատճառով կ՚երթային ու կը հաւատային Յիսուսի:
11ယေရှုကို ယုံကြည်သောကြောင့်၊ ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်းသတ်ခြင်းငှါ တိုင်ပင် စီရင်ကြ၏။
12Հետեւեալ օրը՝ մեծ բազմութիւն մը, որ եկած էր տօնին, երբ լսեց թէ Յիսուս կու գայ Երուսաղէմ,
12နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသော လူအစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊
13առաւ արմաւենիի ոստեր, դուրս ելաւ զայն դիմաւորելու, եւ կ՚աղաղակէր. «Ովսաննա՜, օրհնեա՜լ է Իսրայէլի թագաւորը՝ որ կու գայ Տէրոջ անունով»:
13စွန်ပလွံခက်များကိုကိုင်လျက်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၍၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေ သတည်းဟု ကြွေးကြော်ကြ၏။
14Յիսուս՝ գտնելով աւանակ մը՝ նստաւ անոր վրայ, ինչպէս գրուած է.
14ကျမ်းစာ၌လာသည်ကား၊
15«Մի՛ վախնար, Սիոնի՛ աղջիկ. ահա՛ Թագաւորդ կու գայ՝ նստած իշու աւանակի վրայ»:
15အိုဇိအုန်သတို့သမီး၊ မစိုးရိမ်နှင့်။ သင်၏အရှင်မင်းကြီးသည် မြည်းကလေးကိုစီး၍ သင်ရှိရာသို့ ကြွ တော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့်အညီ၊ ယေရှုသည်မြည်းကလေးကိုတွေ့၍ စီးတော်မူ၏။
16Անոր աշակերտները նախապէս չհասկցան այդ բաները. բայց երբ Յիսուս փառաւորուեցաւ, այն ատեն յիշեցին թէ ատոնք գրուած էին անոր մասին, եւ թէ իրենք ըրին անոր այդ բաները:
16ထိုအကြောင်းအရာကိုတပည့်တော်တို့သည် အစဦး၌နားမလည်သော်လည်း၊ ကိုယ်တော်ကို ရည်မှတ်၍ ထိုသို့ရေးထားသည်ကို၎င်း၊ ကိုယ်တော်အား ထိုသို့ပြုကြသည်ကို၎င်း၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ၍ မှတ်မိကြ၏။
17Իրեն հետ եղող բազմութիւնը կը վկայէր թէ գերեզմանէն դուրս կանչեց Ղազարոսը ու մեռելներէն յարուցանեց զայն:
17နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား၊ လာဇရုကိုသင်္ချိုင်းတွင်းမှခေါ်၍ သေခြင်းမှ ထ မြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ၏။
18Այս պատճառով ալ բազմութիւնը դիմաւորեց զինք, որովհետեւ լսեցին թէ ի՛նք ըրած էր այս նշանը:
18ထိုနိမိတ်လက္ခဏာကိုပြတော်မူသည်ဟု လူများတို့သည်သိတင်းကြားသောကြောင့်၊ ခရီးဦးကြိုပြုအံ့ သောငှါ ထွက်သွားကြ၏။
19Իսկ Փարիսեցիները կ՚ըսէին իրարու. «Կը նշմարէ՞ք թէ անօգուտ է. ահա՛ ամբողջ աշխարհը կը հետեւի անոր՝՝»:
19ဖာရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည်အလျှင်းမတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက် သွားပါပြီတကားဟု ပြောဆိုကြ၏။
20Հոն՝ տօնին երկրպագելու բարձրացողներուն մէջ՝ քանի մը Յոյներ կային:
20ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ ရောက်လာသောသူတို့တွင် ဟေလသလူအချို့ပါ၏။
21Ասոնք մօտեցան Փիլիպպոսի, որ Գալիլեայի Բեթսայիդայէն էր, ու կը թախանձէին անոր՝ ըսելով. «Տէ՛ր, կ՚ուզենք Յիսո՛ւսը տեսնել»:
21ထိုသူတို့သည် ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုထံသို့သွား၍ အကျွန်ုပ်တို့သည် ယေရှုကို မြင်ချင်ပါသည်၊ ခင်ဗျားဟု တောင်းပန်ကြ၏။
22Փիլիպպոս եկաւ եւ ըսաւ Անդրէասի, ապա դարձեալ Անդրէաս ու Փիլիպպոս միասին ըսին Յիսուսի:
22ဖိလိပ္ပုသည်သွား၍ အန္ဒြေကို ကြားပြောပြီးမှ၊ ထိုသူနှစ်ယောက်တို့သည် ယေရှုကိုလျှောက်၏။
23Յիսուս ալ պատասխանեց անոնց. «Ժամը հասաւ՝ որ մարդու Որդին փառաւորուի:
23ယေရှုကလည်း၊ လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်ပြီ။
24Ճշմա՛րտապէս, ճշմա՛րտապէս կը յայտարարեմ ձեզի. “Եթէ ցորենին հատիկը հողին մէջ իյնալով չմեռնի՝ ինք մինակ կը մնայ. բայց եթէ մեռնի՝ շատ պտուղ կը բերէ”:
24ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည် မပျက်လျှင်တခုတည်းနေ၏။ ပျက်လျှင်မူ ကား များစွားသောအသီးကို သီးတတ်၏။
25Ա՛ն որ կը սիրէ իր անձը՝ պիտի կորսնցնէ զայն, եւ ա՛ն որ կ՚ատէ իր անձը այս աշխարհի մէջ՝ յաւիտենական կեանքին համար պիտի պահէ զայն:
25မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသော သူမူကား၊ ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏။
26Եթէ մէկը կը սպասարկէ ինծի՝ թող հետեւի ինծի. ու ես ո՛ւր որ եմ, իմ սպասարկուս ալ հո՛ն պիտի ըլլայ. եթէ մէկը կը սպասարկէ ինծի, Հայրը պիտի պատուէ զինք»:
26ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိ ရာအရပ်၌ ရှိရလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြောက် တော်မူလတံ့။
27«Հիմա իմ անձս վրդոված է, եւ ի՞նչ ըսեմ. “Հա՛յր, ազատէ՛ զիս այս ժամէ՞ն”: Բայց ես եկած եմ ասո՛ր համար՝ ա՛յս ժամուն:
27ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက်ရမည်နည်း။ ထိုအချိန်မှစ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ၊ အဘဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။
28“Հա՛յր, փառաւորէ՛ քու անունդ”»: Ուստի ձայն մը եկաւ երկինքէն. «Փառաւորեցի ալ, ու դարձեալ պիտի փառաւորեմ»:
28အိုအဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွတ်တော်မူ၏။ ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ၏။
29Բազմութիւնը՝ որ կայնած էր ու կը լսէր, կ՚ըսէր. «Որոտում կ՚ըլլայ»: Ոմանք ալ կ՚ըսէին. «Հրեշտա՛կ մը խօսեցաւ իրեն հետ»:
29ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။
30Յիսուս պատասխանեց. «Այս ձայնը եկաւ ո՛չ թէ ինծի համար, հապա՝ ձեզի համար:
30ယေရှုက၊ ထိုစကားသံသည် ငါအဘို့အလိုငှါ လာသည်မဟုတ်၊ သင်တို့အဘို့အလို့ငှါလာ၏။
31Հիմա է այս աշխարհի դատաստանը, հիմա պիտի վտարուի այս աշխարհի իշխանը:
31ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။
32Ես ալ, երբ բարձրանամ երկրէն, բոլորդ ալ պիտի քաշեմ ինծի»:
32ငါသည်လည်းမြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင်။ လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။
33Այս բանը կ՚ըսէր՝ մատնանշելով թէ ի՛նչ տեսակ մահով պիտի մեռնէր:
33ထိုသို့ မိန့်တော်မူသော်၊ မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ၏။
34Բազմութիւնը պատասխանեց անոր. «Մենք լսեցինք Օրէնքէն թէ Քրիստոս յաւիտեա՛ն կը մնայ: Դուն ի՞նչպէս կ՚ըսես. “Մարդու Որդին պէտք է բարձրանայ”: Ո՞վ է այդ մարդու Որդին»:
34လူများတို့ကလည်း၊ ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း၌လာကြောင်းကို အကျွန်ုပ် တို့ ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည်မြှောက်ထားခြင်းကိုခံရမည်ဟု သင်သည် အဘယ်သို့ဆိုသနည်း။ ထို လူသားသည် အဘယ်သို့သောသူနည်းဟု ဆိုကြ၏။
35Ուստի Յիսուս ըսաւ անոնց. «Քի՛չ մը ատեն ալ լոյսը ձեզի հետ է. քալեցէ՛ք՝ մինչ տակաւին լոյսը ունիք, որպէսզի խաւարը չհասնի ձեր վրայ. որովհետեւ խաւարի մէջ քալողը չի գիտեր թէ ո՛ւր կ՚երթայ:
35ယေရှုကလည်း၊ အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့မှီလိမ့်မည်။ မှောင်မိုက်၌သွားသောသူသည် အဘယ်ဆီသို့မိမိသွား သည်ကိုမိမိမသိ။
36Մինչ լոյսը ունիք՝ հաւատացէ՛ք այդ լոյսին, որպէսզի լոյսի որդիներ ըլլաք»: Յիսուս այս բաները խօսեցաւ, ապա գնաց՝ ինքզինք ծածկելով անոնց աչքերէն:
36အလင်းရှိစဉ်အခါ အလင်း၏သားဖြစ်အံ့သောငှါ အလင်းကိုယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက်နေတော်မူ၏။
37Թէպէտ այնքան նշաններ ըրած էր անոնց առջեւ, անոնք չէին հաւատար իրեն.
37ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ။
38որպէսզի իրագործուի Եսայի մարգարէին խօսքը՝ որ ըսած էր. «Տէ՛ր, ո՞վ հաւատաց մեր տուած լուրին, ու Տէրոջ բազուկը որո՞ւն յայտնուեցաւ»:
38ပရောဖက်ဟေရှာယဟောဘူးသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ဟောပြောသော သိတင်း စကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည်အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။
39Չէին կրնար հաւատալ՝ քանի որ Եսայի դարձեալ ըսած է.
39တဖန်ပရောဖက်ရှောယဟောပြန်သည်ကား၊
40«Կուրցուց անոնց աչքերը եւ կարծրացուց անոնց սիրտը, որպէսզի չտեսնեն իրենց աչքերով, չհասկնան իրենց սիրտով ու դարձի չգան, եւ ես չբժշկեմ զանոնք»:
40သူတို့မျက်စိမမြင်၊ စိတ်နှလုံးနားမလည်၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေသည် တိုင်အောင် သူတို့မျက်စိကို ကွယ်စေတော်မူ၏။ သူတို့ စိတ်နှလုံးကိုမိုက်စေတော်မူ၏ဟူသော စကားကြောင့် ထိုသူတို့သည်ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။
41Եսայի ըսաւ ասիկա՝ երբ տեսաւ անոր փառքը ու խօսեցաւ անոր մասին:
41ဟေရှယသည် ဘုန်းအာနုဘော်တော်ကိုမြင်၍ ဗျာဒိတ်တော်ကိုပြန်စဉ်တွင် ထိုစကားကို ဟောပြော သတည်း။
42Սակայն միաժամանակ՝ պետերէն ալ շատեր հաւատացին իրեն. բայց չէին դաւաներ զայն՝ Փարիսեցիներուն պատճառով, որպէսզի չվռնտուին ժողովարանէն.
42သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားစရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။
43որովհետեւ աւելի սիրեցին մարդոց փառքը՝ քան Աստուծոյ փառքը:
43အကြောင်းမူကား၊ ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသော ဘုန်းအသရေကို သာ၍နှစ်သက်ကြ၏။
44Յիսուս կ՚աղաղակէր. «Ա՛ն որ կը հաւատայ ինծի, կը հաւատայ ո՛չ թէ ինծի, հապա՝ զիս ղրկողի՛ն.
44ယေရှုကလည်း၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူ သော သူကိုယုံကြည်၏။
45եւ ա՛ն որ կը տեսնէ զիս, կը տեսնէ զիս ղրկո՛ղը:
45ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏။
46Ես աշխարհ եկայ իբր լոյս, որպէսզի ո՛վ որ հաւատայ ինծի՝ չմնայ խաւարի մէջ:
46ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှါ ငါသည်အလင်းဖြစ်လျက် ဤလောက သို့ ကြွလာပြီ။
47Եթէ մէկը լսէ իմ խօսքերս ու չհաւատայ՝ ես չեմ դատեր զինք, քանի որ ես եկայ՝ ո՛չ թէ դատելու աշխարհը, հապա՝ փրկելու աշխարհը:
47ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။
48Ա՛ն որ կ՚անարգէ զիս եւ չ՚ընդունիր իմ խօսքերս, ունի մէկը՝ որ կը դատէ զինք. այն խօսքը՝ որ ես ըսի, անիկա՛ պիտի դատէ զինք՝ վերջին օրը:
48ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။
49Որովհետեւ ես ինձմէ չխօսեցայ, հապա Հայրը՝ որ ղրկեց զիս, ի՛նք պատուիրեց ինծի թէ ի՛նչ պիտի ըսեմ եւ ի՛նչ պիտի խօսիմ:
49အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ်၊ ငါ့ကို စေလွှတ်သော ခမည်းတော်သည် အဘယ်သို့ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော် သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏။
50Եւ գիտեմ թէ անոր պատուիրածը՝ յաւիտենական կեանքն է. ուրեմն ինչ որ կը խօսիմ, ա՛յնպէս կը խօսիմ՝ ինչպէս Հայրը ըսաւ ինծի»:
50ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍မိန့်တော်မူ၏။