Indonesian

Myanmar

Psalms

113

1Pujilah TUHAN! Hai hamba-hamba TUHAN, pujilah nama TUHAN!
1ထာဝရဘုရား၏ ကျွန်တော်တို့၊ ထာဝရဘုရား ၏နာမတော်ကို ချီးမွမ်းကြလော့။ ချီးမွမ်းကြလော့။
2Nama-Nya akan dimasyhurkan, sekarang dan sepanjang masa.
2ထာဝရဘုရား၏ နာမတော်သည် ယခုမှစ၍၊ အစဉ်အဆက် မင်္ဂလာရှိစေသတည်း။
3Dari timur sampai ke barat nama TUHAN harus dipuji.
3နေထွက်ရာမှသည် နေဝင်ရာတိုင်အောင်၊ ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဘွယ်ဖြစ်၏။
4TUHAN berkuasa atas segala bangsa, keagungan-Nya mengatasi langit.
4ထာဝရဘုရားသည် လူမျိုးတကာတို့ အပေါ်၌၎င်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌၎င်း မြင့်တော်မူ၏။
5Siapa seperti TUHAN Allah kita? Ia bertakhta di tempat yang tinggi.
5ကိုယ်ကို ချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း၊
6Tetapi Ia membungkukkan diri untuk memandang langit dan bumi.
6ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီး အရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူ တူသနည်း။
7Orang miskin diangkat-Nya dari debu, dan orang melarat dari abu.
7ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက်၊ ငတ်မွတ်သော သူကို နောက်ချေးပုံထဲက ချီးမြှောက်လျက်၊
8Mereka didudukkan-Nya bersama para penguasa, bersama para bangsawan dari umat-Nya.
8မင်းသားတို့တွင်၎င်း၊ မိမိလူတို့ကို အုပ်စိုးသော မင်းတို့တွင်၎င်း နေရာပေးတော်မူ၏။
9Ia menganugerahkan anak-anak kepada istri yang mandul, menjadikan dia ibu yang berbahagia dan terhormat di rumahnya. Pujilah TUHAN!
9မြုံနေသောမိန်းမသည် အိမ်၌နေ၍၊ဝမ်းမြောက် သောစိတ်နှင့် သားဘွားရသော အခွင့်ကို ပေးတော်မူ၏။ ဟာလေလုယ။