Indonesian

Myanmar

Psalms

137

1Di tepi sungai-sungai Babel kami duduk dan menangis bila teringat Sion.
1ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင်၍၊ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ၏။
2Pada pohon-pohon gandarusa di negeri itu kami gantungkan kecapi kami.
2ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုဃ်း မခပင်တို့၌ ဆွဲထားကြ၏။
3Orang-orang yang menawan kami menyuruh kami menyanyi untuk mereka. Orang-orang yang menindas kami menyuruh kami menyanyikan lagu-lagu gembira, "Nyanyikanlah bagi kami lagu-lagu dari Sion!"
3အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဘမ်း သွားချုပ်ထားသော သူနှင့်၊ ငါတို့ကိုညှဉ်းဆဲသောသူတို့က၊ ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့ဟု၊ သီချင်းဆိုသံကို ၎င်း၊ ရွှင်လန်းသော အသံကို၎င်း ငါတို့၌ တောင်းကြပါ သည်တကား။
4Mungkinkah di negeri asing kami menyanyi bagi TUHAN?
4တကျွန်းတနိုင်ငံ၌ ထာဝရဘုရား၏ သီချင်းကို အဘယ်သို့ ဆိုရပါမည်နည်း။
5Biarlah aku tak bisa lagi menyanyi jika aku melupakan engkau, Yerusalem!
5အိုယေရုရှလင်မြို့၊ သင့်ကို ငါမေ့လျှင် ငါ့လက်ျာ လက်သည် မိမိအတတ်ကိုမေ့ပါစေ။
6Biarlah aku tak bisa lagi menyanyi jika aku melupakan engkau dan tidak menjadikan engkau kesukaanku!
6သင့်ကိုငါမအောက်မေ့၊အမြတ်ဆုံးသော ဝမ်း မြောက်ခြင်းအကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ် မထားလျှင်၊ ငါ့လျှာသည် အာခေါင်၌ထပ်ပါစေ။
7Ya TUHAN, ingatlah perbuatan orang Edom pada waktu Yerusalem dimusnahkan. Mereka berkata, "Robohkanlah, robohkanlah sampai ke dasar-dasarnya!"
7အိုထာဝရဘုရား၊ ယေရုရှလင်မြို့၏နေ့ရက် အချိန်ရောက်သောအခါ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသား တို့ကို အောက်မေ့တော်မူပါ။
8Hai Babel, engkau akan dibinasakan! Berbahagialah orang yang membalas kepadamu kejahatan yang kaulakukan terhadap kami.
8ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင် သည် ငါတို့၌ ပြုသည်အတိုင်း၊ သင်၌အပြစ်ကိုဆပ်ပေး သောသူသည် မင်္ဂလာရှိ၏။
9Berbahagialah orang yang mengambil bayi-bayimu dan mencampakkannya ke bukit batu!
9သင်၏သူငယ်တို့ကိုကိုင်ယူ၍၊ ကျောက်ပေါ်မှာ ဆောင့်သော သူသည် မင်္ဂလာရှိ၏။