1Untuk pemimpin kor. Mazmur Daud.
1ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။
2(40-3) Ia menarik aku dari lubang yang berbahaya, dari lumpur rawa. Ia menempatkan aku di atas bukit batu, sehingga langkahku mantap.
2ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲကငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာတင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏။
3(40-4) Ia mengajar aku menyanyikan lagu baru, lagu pujian untuk Allah kita. Banyak orang melihatnya dan menjadi takut, lalu percaya kepada TUHAN.
3ထိုသို့ငါတို့ဘုရားသခင်ကို ချီးမွမ်းရာသီချင်း သစ်ကို ငါမြွက်ဆိုစေခြင်းငှါ အခွင့်ပေးတော်မူ၏။ လူများ တို့သည် သိမြင်၍ ကြောက်ရွံ့သောစိတ် နှင့်ထာဝရဘုရား ကို ကိုးစားကြလိမ့်မည်း။
4(40-5) Berbahagialah orang yang percaya kepada TUHAN, yang tidak ikut menyembah dewa-dewa, atau minta tolong kepada orang sombong.
4မာနထောင်လွှားသောသူနှင့် မိစ္ဆာတရားလမ်း သို့ လွှဲသွားသော သူတို့ကိုမမှီဝဲ၊ ထာဝရဘုရားကို ကိုးစား သောသူသည် မင်္ဂလာရှိ၏။
5(40-6) TUHAN, betapa banyaknya karya-Mu bagi kami, ya TUHAN Allahku, Engkau tak ada taranya! Banyaklah rencana-Mu yang menakjubkan bagi kami, tak mungkin diceritakan semuanya.
5အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံ့ဩဘွယ်အမှုတို့နှင့် ကြံစည်တော်မူသော အကြံအစည်တို့သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍ မကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဘော်ကြားပြောမည်ဟုဆိုသော်၊ ရေတွက် ၍ မကုန်နိုင်အောင် များလှပါ၏။
6(40-7) Persembahan dan kurban sajian tidak Kausukai, kurban bakaran dan kurban penghapus dosa tidak Kautuntut. Tetapi Engkau telah memberi aku telinga yang dapat mendengar suara-Mu.
6ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလို တော်မရှိသည် ဖြစ်၍၊ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော် မမူသောအခါ၊
7(40-8) Lalu aku berkata, "Inilah aku, dalam gulungan buku tertulis bagiku.
7ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေး ထားသည်နှင့်အညီ၊ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံ ပါ၏။
8(40-9) Aku senang melakukan kehendak-Mu, ya Allah, hukum-Mu kusimpan di dalam hati."
8အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏အလိုကို ဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။
9(40-10) Dalam himpunan umat-Mu kuwartakan kabar gembira bahwa Engkau telah menyelamatkan kami. Dengan tiada hentinya hal itu kumaklumkan, Engkau tahu semua itu, ya TUHAN.
9ဖြောင့်မတ်ခြင်းတရားကို ပရိသတ်ကြီးအလယ် မှာ အကျွန်ုပ် ဟောပါပြီ။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်နှုတ်ကိုပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော် မူ၏။
10(40-11) Kabar keselamatan itu tidak kusimpan dalam hati, pertolongan dan kesetiaan-Mu selalu kuberitakan. Di depan himpunan umat-Mu aku tidak berdiam diri, tetapi kumaklumkan kasih dan kesetiaan-Mu.
10ဖြောင့်မတ်စွာ စီရင်တော်မူခြင်းတရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲမှာ ဝှက်၍မထားပါနှင့်။ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်း တရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြော ပါပြီ။ ကရူဏာတော်နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်းဝှက်ပါ။
11(40-12) TUHAN, janganlah berhenti mengasihani aku; lindungilah aku selalu dengan kasih dan kesetiaan-Mu.
11အိုထာဝရဘုရား၊ အကျွန်ုပ်၌ သနားစုံမက် တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့်။ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော။
12(40-13) Aku dikepung malapetaka yang banyak, jumlahnya tak dapat dihitung. Aku dikejar dosa-dosaku sampai aku tak dapat melihat. Jumlahnya melebihi rambut di kepalaku, membuat aku putus asa.
12အကြောင်းမူကား၊ အတိုင်းမသိများစွာသော ဘေးဥပဒ်တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ။ အကျွန်ုပ်မျှော် ၍ မကြည့်နိုင်အောင်ခံရသော အပြစ်တို့သည် အကျွန်ုပ် ကို မှီကြပါပြီ။ အကျွန်ုပ်ဆံပင်ထက်များပြားသည် ဖြစ်၍၊ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ။
13(40-14) Ya TUHAN, selamatkanlah aku, TUHAN bergegaslah menolong aku!
13အိုထာဝရဘုရား၊ အကျွန်ုပ်ကို နှုတ်ယူခြင်းငှါ အလိုရှိတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်မစခြင်းငှါ အလျင်မမြန်ပြုတော်မူပါ။
14(40-15) Biarlah orang yang ingin membunuh aku dikalahkan dan lari kebingungan. Biarlah orang yang menyoraki kemalanganku dipukul mundur dan dihina.
14အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေ သော။ အကျွန်ုပ်၌ အန္တရယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ရောက်ကြပါစေ သော။
15(40-16) Biarlah orang yang menertawakan aku menjadi terkejut dan malu.
15အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေဟု ဆိုသော သူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေ သော။
16(40-17) Semoga semua orang yang menyembah Engkau bersukacita dan bergembira, dan semua yang mencintai keselamatan daripada-Mu terus berkata, "Sungguh agunglah TUHAN!"
16ကိုယ်တော်ကိုရှာသော သူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွင်လန်းကြပါစေသော။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့ သည် ထာဝရဘုရားဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ်ပြောကြပါစေသော။
17(40-18) Aku ini miskin dan lemah, tetapi TUHAN memperhatikan aku. Engkaulah penolong dan penyelamatku, jangan berlambat, ya Allahku!
17အကျွန်ုပ်မူကား၊ ဆင်းရဲငတ်မွတ်သော်လည်း၊ ထာဝရဘုရား သည် အကျွန်ုပ်ကို အောက်မေ့တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင် သောသူဖြစ်တော်မူ၏။ အကျွန်ုပ်၏ ဘုရားသခင်၊ ဆိုင်းလင့်တော်မမူပါနှင့်။