Italian: Riveduta Bible (1927)

Myanmar

1 Kings

22

1Passarono tre anni senza guerra tra la Siria e Israele.
1ရှုရိပြည်နှင့် ဣသရေလပြည်သည် စစ်မတိုက် ဘဲ သုံးနှစ်နေပြီးမှ၊
2Ma il terzo anno Giosafat, re di Giuda, scese a trovare il re d’Israele.
2တတိယနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ၏။
3Or il re d’Israele avea detto ai suoi servi: "Non sapete voi che Ramoth di Galaad è nostra, e noi ce ne stiam lì tranquilli senza levarla di mano al re di Siria?"
3ဣသရေလရှင်ဘုရင်ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သည် ငါတို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့ မသိလော။ ငါတို့သည် ရှုရိရှင်ဘုရင်လက်မှ မနှုတ်မယူဘဲ ငြိမ်သက်စွာ နေကြပြီတကားဟု မိမိကျွန်တို့အားဆို၏။
4E disse a Giosafat: "Vuoi venire con me alla guerra contro Ramoth di Galaad?" Giosafat rispose al re d’Israele: "Fa’ conto di me come di te stesso, della mia gente come della tua, de’ miei cavalli come dei tuoi".
4ယောရှဖတ်မင်းအားလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လောဟုမေးလျှင်၊ ယောရှဖတ်က၊ ငါသည်မင်းကြီးကဲ့သို့ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည် မင်းကြီး၏ မြင်းကဲ့ သို့၎င်းဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား ပြန် ပြော၏။
5E Giosafat disse al re d’Israele: "Ti prego, consulta oggi la parola dell’Eterno".
5တဖန်ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊
6Allora il re d’Israele radunò i profeti, in numero di circa quattrocento, e disse loro: "Debbo io andare a far guerra a Ramoth di Galaad, o no?" Quelli risposero: "Va’, e il Signore la darà nelle mani del re".
6ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာ တို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလောဟု မေးသော်၊ သူတို့ကချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။
7Ma Giosafat disse: "Non v’ha egli qui alcun altro profeta dell’Eterno da poter consultare?"
7ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက် တစုံ တပါးမျှမရှိသလောဟု မေးသော်၊
8Il re d’Israele rispose a Giosafat: "V’è ancora un uomo per mezzo del quale si potrebbe consultare l’Eterno; ma io l’odio perché non mi predice mai nulla di buono, ma soltanto del male: è Micaiah, figliuolo d’Imla". E Giosafat disse: "Non dica così il re!"
8ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်ဣမလသား မိက္ခာရှိသေး ၏။ သို့ရာတွင် ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကို မဟော။ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို၏။
9Allora il re d’Israele chiamò un eunuco, e gli disse: "Fa’ venir presto Micaiah, figliuolo d’Imla".
9ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင်အမြန် ခေါ်ခဲ့ဟုမိန့်တော်မူ၏။
10Or il re d’Israele e Giosafat, re di Giuda, sedevano ciascuno sul suo trono, vestiti de’ loro abiti reali, nell’aia ch’è all’ingresso della porta di Samaria; e tutti i profeti profetavano dinanzi ad essi.
10ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှ ဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသော အရပ်၌ ရာဇ ပလ္လင်တို့အပေါ်မှာထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။
11Sedekia, figliuolo di Kenaana, s’era fatto delle corna di ferro, e disse: "Così dice l’Eterno: Con queste corna darai di cozzo nei Siri finché tu li abbia completamente distrutti".
11ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကို လုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော် သည် ရှုရိလူတို့ကို မဖျက်ဆီးမှီ တိုင်အောင် ဤဦးချိုတို့နှင့် တိုးရမည်ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။
12E tutti i profeti profetavano nello stesso modo, dicendo: "Sali contro Ramoth di Galaad, e vincerai; l’Eterno la darà nelle mani del re".
12ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။
13Or il messo ch’era andato a chiamar Micaiah, gli parlò così: "Ecco, i profeti tutti, ad una voce, predicono del bene al re; ti prego, sia il tuo parlare come il parlare d’ognun d’essi, e predici del bene!"
13မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်းဟောကြ၏။ ကိုယ်တော်လည်း သူတို့ ဟောကြသည်နည်းတူ မင်္ဂလာစကားကိုသာ ဟောတော် မူပါဟုဆိုလျှင်၊
14Ma Micaiah rispose: "Com’è vero che l’Eterno vive, io dirò quel che l’Eterno mi dirà".
14မိက္ခာတ၊ ထာဝရဘုရားအသက်ရှင်တော်မူ သည်အတိုင်း ထာဝရဘုရားမိန့်တော်မူသော စကားကို သာ ငါပြန်ပြောရမည်ဟုဆို၏။
15E, come fu giunto dinanzi al re, il re gli disse: "Micaiah, dobbiam noi andare a far guerra a Ramoth di Galaad, o no?" Quegli rispose: "Va’ pure, tu vincerai; l’Eterno la darà nelle mani del re".
15ရှင်ဘုရင်ထံသို့ ရောက်သောအခါ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။ မချီဘဲနေကောင်းသလောဟုမေးလျှင်၊ မိက္ခာက၊ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။
16E il re gli disse: "Quante volte dovrò io scongiurarti di non dirmi se non la verità nel nome dell’Eterno?"
16ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ် တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော်၊
17Micaiah rispose: "Ho veduto tutto Israele disperso su per i monti, come pecore che non hanno pastore; e l’Eterno ha detto: Questa gente non ha padrone; se ne torni ciascuno in pace a casa sua".
17မိက္ခာက၊ ဣသရေလအမျိုးသားအပေါင်းတို့ သည် သိုးထိန်းမရှိ သောသိုးကဲ့သို့၊ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက် ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရ ဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသော ကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
18E il re d’Israele disse a Giosafat: "Non te l’ho io detto che costui non mi predirebbe nulla di buono, ma soltanto del male?"
18ဣသရေလရှင်ဘုရင်ကလည်း၊ သူသည်ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု မင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို၏။
19E Micaiah replicò: "Perciò ascolta la parola dell’Eterno. Io ho veduto l’Eterno che sedeva sul suo trono, e tutto l’esercito del cielo che gli stava dappresso a destra e a sinistra.
19မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက် လက်ဝဲ တော်ဘက်၌ ရပ်နေကြသည်ကို၎င်း ငါမြင်ပြီ။
20E l’Eterno disse: Chi sedurrà Achab affinché salga a Ramoth di Galaad e vi perisca? E uno rispose in un modo e l’altro in un altro.
20ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ၍ ဆုံးစေခြင်းငှါ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံ တော်တို့သည် တယောက်တနည်းစီ ပြန်လျှောက်ကြ၏။
21Allora si fece avanti uno spirito, il quale si presentò dinanzi all’Eterno, e disse: Lo sedurrò io.
21တဖန်ဝိညာဉ်တပါးသည် လာ၍ ထာဝရဘုရား ရှေ့တော်၌ ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက် လျှင်၊
22L’Eterno gli disse: E come? Quegli rispose: Io uscirò, e sarò spirito di menzogna in bocca a tutti i suoi profeti. L’Eterno gli disse: Sì, riuscirai a sedurlo; esci, e fa’ così.
22ထာဝရဘုရားက အဘယ်သို့သွေးဆောင်မည် နည်းဟု မေးတော်မူသော်၊ အကျွန်ုပ်သွား၍ ထိုမင်းကြီး၏ ပရောဖက်အပေါင်းတို့ထဲမှာ မုသာစကားကို ပြောတတ် သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော်၊ သင်သည် သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု မိန့်တော်မူ၏။
23Ed ora ecco che l’Eterno ha posto uno spirito di menzogna in bocca a tutti questi tuoi profeti; ma l’Eterno ha pronunziato del male contro di te".
23သို့ဖြစ်၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ ပရောဖက် အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။
24Allora Sedekia, figliuolo di Kenaana, si accostò, diede uno schiaffo a Micaiah, e disse: "Per dove è passato lo spirito dell’Eterno quand’è uscito da me per parlare a te?"
24ထိုအခါခေနာနာ၏ သားဇေဒကိသည် ချဉ်းလာ ၍ မိက္ခာ၏ ပါးကိုပုတ်လျက်၊ ထာဝရဘုရား၏ ဝိညာဉ် တော်သည် သင်နှင့်နှုတ်ဆက်ခြင်းငှါ အဘယ်လမ်းဖြင့် ငါမှထွက်တော်မူသနည်းဟု မေးလျှင်၊
25Micaiah rispose: "Lo vedrai il giorno che andrai di camera in camera per nasconderti!"
25မိက္ခာက၊ သင်သည် ပုန်းရှောင်၍ နေခြင်းငှါ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်ဟု ဆို၏။
26E il re d’Israele disse a uno dei suoi servi: "Prendi Micaiah, menalo da Ammon, governatore della città, e da Joas, figliuolo del re, e di’ loro:
26ဣသရေလရှင်ဘုရင်က၊ မိက္ခာကို မြို့ဝန်မင်း အာမုန်ထံ၊ သားတော်ယောရှထံသို့ ယူသွား၍၊
27Così dice il re: Mettete costui in prigione, nutritelo di pan d’afflizione e d’acqua d’afflizione, finch’io ritorni sano e salvo".
27ဤသူကိုထောင်ထဲမှာ လှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာ ပြန်၍ မလာမှီတိုင်အောင် ဆင်းရဲစွာ စား သောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ဟု စီရင်၏။
28E Micaiah disse: "Se tu ritorni sano e salvo, non sarà l’Eterno quegli che avrà parlato per bocca mia". E aggiunse: "Udite questo, o voi, popoli tutti!"
28မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်ဝပ်စွာ ပြန်လာရလျှင် ထာဝရဘုရားသည်ငါ့အားဖြင့် မိန့်တော် မမူ၊ အိုလူများအပေါင်းတို့၊ နားထောင်ကြလော့ဟုဆို၏။
29Il re d’Israele e Giosafat, re di Giuda, saliron dunque contro Ramoth di Galaad.
29ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ၏။
30E il re d’Israele disse a Giosafat: "Io mi travestirò per andare in battaglia; ma tu mettiti i tuoi abiti reali". E il re d’Israele si travestì, e andò in battaglia.
30ဣသရေလရှင်ဘုရင်က၊ ငါသည်ခြားနားသော အယောင်ကို ဆောင်၍စစ်ပွဲထဲသို့ ဝင်မည်။ မင်းကြီး မူကား မင်းမြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှဖတ်အားဆိုပြီးမှ၊ ဣသရေလရှင်ဘုရင်သည် ခြားနားသော အယောင်ကို ဆောင်လျက် စစ်ပွဲထဲသို့ ဝင်၏။
31Or il re di Siria avea dato quest’ordine ai trentadue capitani dei suoi carri: "Non combattete contro veruno, o piccolo o grande, ma contro il solo re d’Israele".
31ရှုရိရှင်ဘုရင်က၊ ဣသရေလရှင်ဘုရင်မှတပါး အခြားသော လူကြီးလူငယ်ကို မတိုက်နှင့်ဟု ရထားစီး သူရဲများကို အုပ်သော ဗိုလ်သုံးကျိပ်နှစ်ယောက်တို့ကိုမှာ ထားနှင့်သောကြောင့်၊
32E quando i capitani dei carri scorsero Giosafat dissero: "Certo, quello e il re d’Israele", e si volsero contro di lui per attaccarlo; ma Giosafat mandò un grido.
32ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင်သောအခါ၊ အကယ်စင်စစ်ထိုသူသည် ဣသရေလ ရှင်ဘုရင်ဖြစ်လိမ့်မည်ဟု ဆိုလျက်သူ့ကို တိုက်အံ့သောငှါ လမ်းလွှဲကြ၍၊ ယောရှဖတ်လည်း ကြွေးကြော်လေ၏။
33E allorché i capitani s’accorsero ch’egli non era il re d’Israele, cessarono di dargli addosso.
33ဣသရေလရှင်ဘုရင် မဟုတ်ကြောင်းကို ရထား စီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ၏။
34Or qualcuno scoccò a caso la freccia del suo arco, e ferì il re d’Israele tra la corazza e le falde; onde il re disse al suo cocchiere: "Vòlta, menami fuori del campo, perché son ferito".
34လူတယောက်သည် မရွယ်ဘဲလေးနှင့်ပစ်၍၊ ဣသရေလရှင်ဘုရင်ကို သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော်၊ ငါ့ကိုစစ်ပွဲထဲက လှည့်၍ ထုတ်ဆောင် လော့။ ငါနာသည်ဟု မိမိရထားတော်ထိန်းကို ဆို၏။
35Ma la battaglia fu così accanita quel giorno, che il re fu trattenuto sul suo carro in faccia ai Siri, e morì verso sera; il sangue della sua ferita era colato nel fondo del carro.
35ထိုနေ့၌တိုး၍ တိုက်ကြ၏။ ရှင်ဘုရင်သည် ရှုရိလူတဘက်တချက်၌ရထားတော်ထဲမှာ လူကိုမှီ၍ ထိုင်နေ၏။ ညဦးယံ၌ အသက်တော်ကုန်၏။ ထိခိုက်ရာ အနာမှ အသွေးသည်ရထားထဲသို့ယို၏။
36E come il sole tramontava, un grido corse per tutto il campo: "Ognuno alla sua città! Ognuno al suo paese!"
36လူအပေါင်းတို့၊ ကိုယ်နေသော မြို့ပြည်သို့ ပြန်သွားကြဟု နေဝင်သောအခါ တတပ်လုံးကို ကြွေး ကြော်လေ၏။
37Così il re morì, fu portato a Samaria, e in Samaria fu sepolto.
37ထိုသို့ရှင်ဘုရင်သေ၍ ရှမာရိမြို့သို့ ရောက် သဖြင့် သင်္ဂြိုဟ်ခြင်းကို ခံရ၏။
38E quando si lavò il carro presso allo stagno di Samaria in quell’acqua si lavavano le prostitute i cani leccarono il sangue di Achab, secondo la parola che l’Eterno avea pronunziata.
38ရထားတော်နှင့် လက်နက်တော်ကို ရှမာရိမြို့ ရေကန်၌ ဆေးသဖြင့်၊ ထာဝရဘုရားမိန့်တော်မူသော စကားနှင့်အညီခွေးတို့သည် အသွေးကို လျက်ကြ၏။
39Or il resto delle azioni di Achab, tutto quello che fece, la casa d’avorio che costruì e tutte le città che edificò, tutto questo sta scritto nel libro delle Cronache dei re d’Israele.
39အာဟပ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တည်ဆောက်သော ဆင်စွယ်နန်း၊ ပြုစုသောမြို့တို့ သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
40Così Achab s’addormentò coi suoi padri, e Achazia suo figliuolo, regnò in luogo suo.
40အာဟပ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
41Giosafat, figliuolo di Asa, cominciò a regnare sopra Giuda l’anno quarto di Achab, re d’Israele.
41ဣသရေလရှင်ဘုရင် အာဟပ်နန်းစံလေးနှစ် တွင် အာသသား ယောရှဖတ်သည် အသက်သုံးဆယ် ငါးနှစ်ရှိသော် ယုဒနိုင်ငံကို အစိုးရ၍၊
42Giosafat avea trentacinque anni quando cominciò a regnare, e regnò venticinque anni a Gerusalemme. Il nome di sua madre era Azuba, figliuola di Scilhi.
42ယေရုရှလင်မြို့၌ နှစ်ဆယ်ငါးနှစ်စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီးအဇုဘအမည်ရှိ၏။
43Egli camminò in tutto per le vie di Asa suo padre, e non se ne allontanò, facendo ciò ch’è giusto agli occhi dell’Eterno. (H22-44) Nondimeno gli alti luoghi non scomparvero; il popolo offriva ancora sacrifizi e profumi sugli alti luoghi.
43ထိုမင်းသည်ခမည်းတော် အာသလိုက်သော လမ်းကိုမလွှဲ၊ အကုန်အစင်လိုက်၍ ထာဝရဘုရား ရှေ့တော်၌ ဖြောင့်မတ်သော အကျင့်ကိုသာ ကျင့်၏။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။
44(H22-45) E Giosafat visse in pace col re d’Israele.
44ယောရှဖတ်မင်းသည် ဣသရေလရှင်ဘုရင်နှင့် စစ်မတိုက် မိဿဟာယဖွဲ့လေ၏။
45(H22-46) Or il resto delle azioni di Giosafat, le prodezze che fece e le sue guerre son cose scritte nel libro delle Cronache dei re di Giuda.
45ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက် ရှိ၏။
46(H22-47) Egli fece sparire dal paese gli avanzi degli uomini che si prostituivano, che v’eran rimasti dal tempo di Asa suo padre.
46ခမည်းတော်အာသလက်ထက်၌ ကျန်ကြွင်းသေး သော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည်တော်မှ သုတ်သင်ပယ်ရှင်းလေ၏။
47(H22-48) Or a quel tempo non v’era re in Edom; un governatore fungeva da re.
47ထိုကာလ၊ ဧဒုံပြည်၌ ရှင်ဘုရင်မရှိ။ ယုဒ ရှင်ဘုရင်ခန့်ထားသော မြို့ဝန်မင်း စီရင်ရ၏။
48(H22-49) Giosafat costruì delle navi di Tarsis per andare a Ofir in cerca d’oro; ma poi non andò, perché le navi naufragarono a Etsion-Gheber.
48ယောရှဖတ်သည် ဩဖိရပြည်သို့ စေလွှတ်၍၊ ရွှေကို ယူစေခြင်းငှါ တာရှုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည်၏။
49(H22-50) Allora Achazia, figliuolo d’Achab, disse a Giosafat: "Lascia che i miei servi vadano coi servi tuoi sulle navi!" Ma Giosafat non volle.
49အာဟပ်သား အာခဇိက၊ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့် သင်္ဘောစီးဝါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍ ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော် လည်း သင်္ဘောတို့သည် ဧဇယုန်ဂါဗာမြို့မှာ ကျိုးပဲ့သော ကြောင့်၊ ဩဖိရမြို့သို့ မသွားရ။
50(H22-51) E Giosafat si addormentò coi suoi padri, e con essi fu sepolto nella città di Davide, suo padre; e Jehoram, suo figliuolo, regnò in luogo suo.
50ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင် ၏။
51(H22-52) Achazia, figliuolo di Achab, cominciò a regnare sopra Israele a Samaria l’anno diciassettesimo di Giosafat, re di Giuda, e regnò due anni sopra Israele.
51ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံ ဆယ်ခုနစ်နှစ် တွင်၊ အာဟပ်သားအာခဇိသည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံ၏။
52(H22-53) E fece ciò ch’è male agli occhi dell’Eterno, e camminò per la via di suo padre, per la via di sua madre, e per la via di Geroboamo, figliuolo di Nebat che avea fatto peccare Israele.
52ထိုမင်းသည်ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍၊ မိဘလိုက်သောလမ်း၊ ဣသရေအမျိုးကို ပြစ်မှား စေသော နေဗတ်၏သား ယေရောဗောင်လိုက်သောလမ်းသို့ လိုက်လေ၏။
53(H22-54) E servì a Baal, si prostrò dinanzi a lui, e provocò a sdegno l’Eterno, l’Iddio d’Israele, esattamente come avea fatto suo padre.
53ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၍၊ အဘကျင့်လေသမျှအတိုင်း ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သတည်း။