Italian: Riveduta Bible (1927)

Myanmar

Exodus

32

1Or il popolo, vedendo che Mosè tardava a scender dal monte, si radunò intorno ad Aaronne e gli disse: "Orsù, facci un dio, che ci vada dinanzi; poiché, quanto a Mosè, a quest’uomo che ci ha tratto dal paese d’Egitto, non sappiamo che ne sia stato".
1မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာ ရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန် ထံသို့ စည်းဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု ပြောဆိုကြ၏။
2E Aaronne rispose loro: "Staccate gli anelli d’oro che sono agli orecchi delle vostre mogli, dei vostri figliuoli e delle vostre figliuole, e portatemeli".
2အာရုန်ကလည်း၊ သင်တို့မယား သားသမီးများ၏ နား၌ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ ငါ့ထံသို့ ဆောင်ခဲ့ကြဟုဆိုလျှင်၊
3E tutto il popolo si staccò dagli orecchi gli anelli d’oro e li portò ad Aaronne,
3လူအပေါင်းတို့သည် မိမိတို့နား၌ ဆင်သော ရွှေနားတောင်းများကို ချွတ်၍၊ အာရုန်ထံသို့ ဆောင်ခဲ့ကြ၏။
4il quale li prese dalle loro mani, e, dopo averne cesellato il modello, ne fece un vitello di getto. E quelli dissero: "O Israele, questo è il tuo dio che ti ha tratto dal paese d’Egitto!"
4အာရုန်သည်လည်း လက်ခံ၍၊ နွားသငယ် ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့် ရေးသားပြီးလျှင် သွန်းလေ၏။ လူများတို့ကလည်း အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်၏ ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ၏။
5Quando Aaronne vide questo, eresse un altare davanti ad esso, e fece un bando che diceva: "Domani sarà festa in onore dell’Eterno!"
5အာရုန်သည် ထိုအမှုကို သိမြင်လျှင်၊ ရုပ်တုရှေ့မှာ ယဇ်ပလ္လင်ကို တည်၍၊ နက်ဖြန်နေ့သည် ထာဝရဘုရားအဘို့ ပွဲခံရသောနေ့ ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာစေ၏။
6E l’indomani, quelli si levarono di buon’ora, offrirono olocausti e recarono de’ sacrifizi di azioni di grazie; e il popolo si adagiò per mangiare e bere, e poi si alzò per divertirsi.
6နက်ဖြန်နံနက်စောစော လူတို့သည် ထ၍၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ပြီးမှ၊ စားသောက်လျက် ထိုင်နေကြ၏ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ၏။
7E l’Eterno disse a Mosè: "Va’, scendi; perché il tuo popolo che hai tratto dal paese d’Egitto, s’è corrotto;
7ထာဝရဘုရားက၊ သင်သည် ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏ လူတို့သည် ဖေါက်ပြန်ကြပြီ။
8si son presto sviati dalla strada ch’io avevo loro ordinato di seguire; si son fatti un vitello di getto, l’hanno adorato, gli hanno offerto sacrifizi, e hanno detto: O Israele, questo è il tuo dio che ti ha tratto dal paese d’Egitto".
8ငါမှာထားသောလမ်းမှ အလျင်အမြန် လွှဲသွား၍၊ နွားသငယ်ရုပ်ကို သွန်းပြီးလျှင်၊ အို ဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ၍၎င်း၊
9L’Eterno disse ancora a Mosè: "Ho considerato bene questo popolo; ecco, è un popolo di collo duro.
9ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုး ဖြစ်၏။
10Or dunque, lascia che la mia ira s’infiammi contro a loro, e ch’io li consumi! ma di te io farò una grande nazione".
10သို့ဖြစ်၍ ငါ့ကို ရှိစေတော့။ ငါသည် အမျက်ပြင်းစွာ ထွက်၍ သူတို့ကို ဖျက်ဆီးမည်။ သင့်ကိုကား ကြီးသော အမျိုးဖြစ်စေမည်ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။
11Allora Mosè supplicò l’Eterno, il suo Dio, e disse: "Perché, o Eterno, l’ira tua s’infiammerebbe contro il tuo popolo che hai tratto dal paese d’Egitto con gran potenza e con mano forte?
11မောရှေကလည်း၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသော လက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော်၏ လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။
12Perché direbbero gli Egiziani: Egli li ha tratti fuori per far loro del male, per ucciderli su per le montagne e per sterminarli di sulla faccia della terra? Calma l’ardore della tua ira e pèntiti del male di cui minacci il tuo popolo.
12အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသော အကြံရှိသဖြင့်၊ သူတို့ကို တောတောင်များ၌ သတ်၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်း အလိုငှါသာ၊ နှုတ်ဆောင်လေသည်ဟု အဘယ်ကြောင့် ဆိုဘွယ်အကြောင်း ရှိရပါမည်နည်း။ ပြင်းစွာသော အမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏ လူတို့၌ ဤသို့ အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ။
13Ricordati d’Abrahamo, d’Isacco e d’Israele, tuoi servi, ai quali giurasti per te stesso, dicendo loro: Io moltiplicherò la vostra progenie come le stelle de’ cieli; darò alla vostra progenie tutto questo paese di cui vi ho parlato, ed essa lo possederà in perpetuo".
13ကိုယ်တော်က သင်တို့ အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့ အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲ အမွေခံရကြလိမ့်မည်ဟု ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသော စကားကို ခံခဲ့ပြီးသော ကိုယ်တော်၏ ကျွန်အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။
14E l’Eterno si pentì del male che avea detto di fare al suo popolo.
14ထာဝရဘုရားသည် မိမိလူတို့အား အပြစ်ပေးမည်အကြံကို နောင်တရတော်မူ၏။
15Allora Mosè si voltò e scese dal monte con le due tavole della testimonianza nelle mani: tavole scritte d’ambo i lati, di qua e di là.
15မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်က ဆင်းသွားလေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက် ရှိ၏။
16Le tavole erano opera di Dio, e la scrittura era scrittura di Dio, incisa sulle tavole.
16ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်းတော်မူသော ကျောက်ပြား၊ စာသည်လည်း ဘုရားသခင် အက္ခရာတင်တော်မူသော စာဖြစ်သတည်း။
17Or Giosuè, udendo il clamore del popolo che gridava, disse a Mosè: "S’ode un fragore di battaglia nel campo".
17လူများ ကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌ စစ်တိုက်သံကို ကြားပါသည်ဟု မောရှေ အား ဆို၏။
18E Mosè rispose: "Questo non è né grido di vittoria, né grido di vinti; il clamore ch’io odo e di gente che canta".
18မောရှေကလည်း၊ ငါကြားသော အသံသည် အောင်၍ ကြွေးကြော်သံမဟုတ်၊ ရှုံး၍ ငိုကြွေးသံလည်း မဟုတ်၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော၏။
19E come fu vicino al campo vide il vitello e le danze; e l’ira di Mosè s’infiammò, ed egli gettò dalle mani le tavole e le spezzò appiè del monte.
19တပ်အနီးသို့ ရောက်သောအခါ၊ နွားသငယ်ကို၎င်း၊ ကခုန်ခြင်းကို၎င်းမြင်လျှင်၊ မောရှေသည် အမျက် ထွက်သဖြင့် ကျောက်ပြားတို့ကို ချ၍ တောင်ခြေရင်း၌ ချိုးဖဲ့၏။
20Poi prese il vitello che quelli avea fatto, lo bruciò col fuoco, lo ridusse in polvere, sparse la polvere sull’acqua, la fece bere ai figliuoli d’Israele.
20သူတို့လုပ်သော နွားသငယ်ကိုလည်း ယူ၍ အရည်ကျို၏။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာ ဖြူး၍ ဣသရေလ အမျိုးသားတို့ကို သောက်စေ၏။
21E Mosè disse ad Aaronne: "Che t’ha fatto questo popolo, che gli hai tirato addosso un sì gran peccato?"
21အာရုန်ကိုလည်းခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက် ကြီးသော အပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင်၌ အဘယ်သို့ ပြုသနည်းဟု မေးလျှင်၊
22Aaronne rispose: "L’ira del mio signore non s’infiammi; tu conosci questo popolo, e sai ch’è inclinato al male.
22အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော် သိပါ၏။
23Essi m’hanno detto: Facci un di che ci vada dinanzi; poiché, quanto Mosè, a quest’uomo che ci ha tratti dal paese d’Egitto, non sappiamo che ne sia stato.
23သူတို့ကလည်း၊ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အား ပြောဆိုကြလျှင်၊
24E io ho detto loro: Chi ha dell’oro se lo levi di dosso! Essi me l’hanno dato; io l’ho buttato nel fuoco, e n’è venuto fuori questo vitello".
24အကျွန်ုပ်က၊ ရွှေရှိသော သူသည် ချွတ်စေဟုဆိုသည်နှင့်အညီ၊ သူတို့ပေးသော ရွှေကို အကျွန်ုပ်သည် မီးထဲ၌ ထည့်လျှင်၊ ဤနွားသငယ် ထွက်လာပါသည်ဟု ပြန်ပြော၏။
25Quando Mosè vide che il popolo era senza freno e che Aaronne lo avea lasciato sfrenarsi esponendolo all’obbrobrio de’ suoi nemici,
25ထိုသို့ အာရုန်သည် လူများကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာ အချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ၊
26si fermò all’ingresso del campo, e disse: "Chiunque è per l’Eterno, venga a me!" E tutti i figliuoli di Levi si radunarono presso a lui.
26တပ်တံခါးဝမှာ ရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌ စည်းဝေးကြ၏။
27Ed egli disse loro: "Così dice l’Eterno, l’Iddio d’Israele: Ognun di voi si metta la spada al fianco; passate e ripassate nel campo, da una porta all’altra d’esso, e ciascuno uccida il fratello, ciascuno l’amico, ciascuno il vicino!"
27မောရှေကလည်း၊ လူတိုင်း ထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင် ထုတ်ချင်းခပ်သွား၍၊ အသီး အသီး မိမိ ညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိ အိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု၊
28I figliuoli di Levi eseguirono l’ordine di Mosè e in quel giorno caddero circa tremila uomini.
28မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည် ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက် သေကြ၏။
29Or Mosè avea detto: "Consacratevi oggi all’Eterno, anzi ciascuno si consacri a prezzo del proprio figliuolo e del proprio fratello, onde l’Eterno v’impartisca una benedizione".
29တဖန် မောရှေက၊ ထာဝရဘုရားသည် ယနေ့ ကောင်းကြီးပေးတော်မူစေခြင်းငှါ၊ သင်တို့သည် အသီးအသီး ကိုယ်သား၊ ကိုယ်ညီအစ်ကိုကို ထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ ကိုယ်ကို ချီးမြှောက်ကြ ပြီးဟု ဆိုလေ၏။
30L’indomani Mosè disse al popolo: "Voi avete commesso un gran peccato; ma ora io salirò all’Eterno; forse otterrò che il vostro peccato vi sia perdonato".
30နက်ဖြန်နေ့၌လည်း၊ သင်တို့ ပြစ်မှားသော အပြစ် ကြီးလှ၏။ ယခုမှာ ထာဝရဘုရား အထံတော်သို့ ငါတက်သွား၍၊သင်တို့ အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အား ဆိုပြီးမှ၊
31Mosè dunque tornò all’Eterno e disse: "Ahimè, questo popolo ha commesso un gran peccato, e s’è fatto un dio d’oro;
31ထာဝရဘုရားအထံတော်သို့ ပြန်သွား၍၊ အိုဘုရားသခင်။ ဤလူတို့သည် ပြစ်မှားသော အပြစ် ကြီးလှပါ၏။ မိမိတို့အဘို့ ရွှေဘုရားကို လုပ်ပါပြီ။
32nondimeno, perdona ora il loro peccato! Se no, deh, cancellami dal tuo libro che hai scritto!"
32သို့သော်လည်း သူတို့အပြစ်ကို လွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော် စီရင်တော်မူသော စာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ လျှောက်လျှင်၊
33E l’Eterno rispose a Mosè: "Colui che ha peccato contro di me, quello cancellerò dal mio libro!
33ထာဝရဘုရားက၊ အကြင်သူသည် ငါ့ကို ပြစ်မှား၏၊ ထိုသူ၏ နာမကို ငါ့စာရင်း၌ ငါချေမည်။
34Or va’, conduci il popolo dove t’ho detto. Ecco, il mio angelo andrà dinanzi a te; ma nel giorno che verrò a punire, io li punirò del loro peccato".
34သို့ဖြစ်၍ ငါမှာထားသောအရပ်သို့ သူတို့ကို ယခုသွား၍ ပို့ဆောင်လော့။ ငါ့တမန်သည် သင့်ရှေ့မှာ သွားလိမ့်မည်။ သို့သော်လည်း ငါသည် အကြည့်အရှု ကြွလာသောအခါ၊ သူတို့၌ အပြစ်ပေးလျက် ကြွလာမည်ကို မိန့်တော်မူ၏။
35E l’Eterno percosse il popolo, perch’esso era l’autore del vitello che Aaronne avea fatto.
35အာရုန်နှင့် လူများတို့သည် နွားသငယ်ကို လုပ်ကြသောကြောင့် သူတို့ကို ဒဏ်ခတ်တော်မူ၏။