1Questo è il libro della posterità d’Adamo. Nel giorno che Dio creò l’uomo, lo fece a somiglianza di Dio;
1အာဒံ၏သားစဉ်မြေးစက် စာရင်းဟုမူကား၊ လူကို ဖန်ဆင်းတော်မူသော ကာလ၌၊ မိမိပုံသဏ္ဍာန်နှင့် အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။
2li creò maschio e femmina, li benedisse e dette loro il nome di "uomo", nel giorno che furon creati.
2လူယောက်ျားလူမိန်းမကို ဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။
3Adamo visse centotrent’anni, generò un figliuolo, a sua somiglianza, conforme alla sua immagine, e gli pose nome Seth;
3အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ၍ ရှေသ အမည်ဖြင့် မှည့်လေ၏။
4e il tempo che Adamo visse, dopo ch’ebbe generato Seth, fu ottocento anni, e generò figliuoli e figliuole;
4ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
5e tutto il tempo che Adamo visse fu novecentotrenta anni; poi morì.
5အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော် သေလေ၏။
6E Seth visse centocinque anni, e generò Enosh.
6ရှေသသည် အသက်တရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။
7E Seth, dopo ch’ebbe generato Enosh, visse ottocentosette anni, e generò figliuoli e figliuole;
7ဧနုတ်ဘွားမြင်သောနောက်၊ ရှေသသည် အနှစ် ရှစ်ရာခုနှစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ ၏။
8e tutto il tempo che Seth visse fu novecentododici anni; poi morì.
8ရှေလသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော် သေလေ၏။
9Ed Enosh visse novant’anni, e generò Kenan.
9ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သား ကာဣနန်ကို မြင်လေ၏။
10Ed Enosh, dopo ch’ebbe generato Kenan, visse ottocentoquindici anni, e generò figliuoli e figliuole;
10ကာဣနန်ဘွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။
11e tutto il tempo che Enosh visse fu novecentocinque anni; poi morì.
11ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ် စေ့သော်သေလေ၏။
12E Kenan visse settant’anni, e generò Mahalaleel.
12ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။
13E Kenan, dopo ch’ebbe generato Mahalaleel, visse ottocentoquaranta anni, e generò figliuoli e figliuole;
13မဟာလေလဘွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီး များကို မြင်လေ၏။
14e tutto il tempo che Kenan visse fu novecentodieci anni; poi morì.
14ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာ တဆယ့်စေ့သော် သေလေ၏။
15E Mahalaleel visse sessantacinque anni, e generò Jared.
15မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ် ရှိသော်၊ သားယာရက်ကို မြင်လေ၏။
16E Mahalaleel, dopo ch’ebbe generato Jared, visse ottocentotrenta anni, e generò figliuoli e figliuole;
16ယာရက်ဘွားမြင်သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။
17e tutto il tempo che Mahalaleel visse fu ottocento novantacinque anni; poi morì.
17မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာ ကိုးဆယ့်ငါးနှစ်စေ့သော် သေလေ၏၊
18E Jared visse cento sessantadue anni, e generò Enoc.
18ယာရက်သည် အသက်တရာခြောက်ဆယ်နှစ်နှစ် ရှိသော် သားနောက်ကိုမြင်လေ၏။
19E Jared, dopo ch’ebbe generato Enoc, visse ottocento anni, e generò figliuoli e figliuole;
19ဧနောက်ဘွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
20e tutto il tempo che Jared visse fu novecento sessantadue anni; poi morì.
20ယာရက်သည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။
21Ed Enoc visse sessantacinque anni, e generò Methushelah.
21ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ် ရှိသော် သားမသုရှလကို မြင်လေ၏။
22Ed Enoc, dopo ch’ebbe generato Methushelah, camminò con Dio trecento anni, e generò figliuoli e figliuole;
22မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။
23e tutto il tempo che Enoc visse fu trecento sessantacinque anni.
23ဧနောက်အသက်နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း၊
24Ed Enoc camminò con Dio; poi disparve, perché Iddio lo prese.
24ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း။
25E Methushelah visse cento ottantasette anni e generò Lamec.
25မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ် ရှိသော်၊ သား လာမက်ကို မြင်လေ၏။
26E Methushelah, dopo ch’ebbe generato Lamec, visse settecento ottantadue anni, e generò figliuoli e figliuole;
26လာမက်ဘွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနှစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍ သားသမီး များကို မြင်လေ၏။
27e tutto il tempo che Methushelah visse fu novecento sessantanove anni; poi morì.
27မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက် ဆယ်ကိုးနှစ်စေ့သော် သေလေ၏။
28E Lamec visse cento ottantadue anni, e generò un figliuolo;
28လာမက်သည် အသက်တရားရှစ်ဆယ်နှစ်နှစ် ရှိသော် သားကို မြင်၍၊
29e gli pose nome Noè, dicendo: "Questo ci consolerà della nostra opera e della fatica delle nostre mani cagionata dal suolo che l’Eterno ha maledetto".
29ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသော အမည်ဖြင့် မှည့်လေ၏။
30E Lamec, dopo ch’ebbe generato Noè, visse cinquecento novantacinque anni, e generò figliuoli e figliuole;
30နောဧဘွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။
31e tutto il tempo che Lamec visse fu settecento settantasette anni; poi morì.
31လာမက်သည် အသက်နှစ်ပေါင်း ခုနှစ်ရာ ခုနစ်ဆယ် ခုနစ်နှစ် စေ့သော်သေလေ၏။
32E Noè, all’età di cinquecento anni, generò Sem, Cam e Jafet.
32နောဧသည် အသက်ငါးရာရှိ၏။ နောဧ သားကား ၊ ရှေးမ၊ ဟာမ၊ ယာဖက်တည်း။