Italian: Riveduta Bible (1927)

Myanmar

Job

23

1Allora Giobbe rispose e disse:
1ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ယခု ငါပြင်းစွာ မြည်တမ်းသော်လည်း၊ ငါခံရသောဒဏ်သည်သာ၍ ပြင်းပါ၏။
2"Anche oggi il mio lamento è una rivolta, per quanto io cerchi di comprimere il mio gemito.
3ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။
3Oh sapessi dove trovarlo! potessi arrivare fino al suo trono!
4ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။
4Esporrei la mia causa dinanzi a lui, riempirei d’argomenti la mia bocca.
5ငါ့အားပြန်ပြောမိန့်မြွက်တော်မူသော စကားတော်ကို ငါသိနားလည်ရ၏။
5Saprei quel che mi risponderebbe, e capirei quello che avrebbe da dirmi.
6မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရား တွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့စကားကို နားထောင် တော်မူမည်။
6Contenderebbe egli meco con la sua gran potenza? No! invece, mi presterebbe attenzione.
7ဖြောင့်မတ်သောသူသည် ရှေ့တော်၌ဆွေးနွေးသော အခွင့်ရှိ၍၊ တရားရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်းစေတော်မူမည်။
7Là sarebbe un uomo retto a discutere con lui, e sarei dal mio giudice assolto per sempre.
8ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊
8Ma, ecco, se vo ad oriente, egli non c’è; se ad occidente, non lo trovo;
9လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။
9se a settentrione, quando vi opera, io non lo veggo; si nasconde egli nel mezzodì, io non lo scorgo.
10သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။
10Ma la via ch’io batto ei la sa; se mi mettesse alla prova, ne uscirei come l’oro.
11ခြေတော်ရာကိုအစဉ်တစိုက် ငါရှောက်သွား၍၊ ကြွတော်မူရာလမ်းကို မလွှဲမရှောင်လိုက်ပါ၏။
11Il mio piede ha seguito fedelmente le sue orme, mi son tenuto sulla sua via senza deviare;
12ထားတော်မူသော ပညတ်တို့ကို ငါမပယ်။ နှုတ်တော်ထွက် စကားတို့ကို ငါရင်ခွင်၌ သိုထားပါ၏။
12non mi sono scostato dai comandamenti delle sue labbra, ho riposto nel mio seno le parole della sua bocca.
13သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည် နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။
13Ma la sua decisione e una; chi lo farà mutare? Quello ch’ei desidera, lo fa;
14ငါ့အငန်းအတာကို စီရင်တော်မူ၏။ ထိုသို့သော အကြံအစည်တော်အများရှိကြ၏။
14egli eseguirà quel che di me ha decretato; e di cose come queste ne ha molte in mente.
15ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက်နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။
15Perciò nel suo cospetto io sono atterrito; quando ci penso, ho paura di lui.
16ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှါ ပြုတော် မူ၏။
16Iddio m’ha tolto il coraggio, l’Onnipotente mi ha spaventato.
17အကြောင်းမူကား၊ မှောင်မိုက်မရောက်မှီ ငါ့ကို ပယ်ရှင်းတော်မမူ၊ ဝစူထပ်သောမှောင်မိုက်မှ ငါ့ကို ကွယ်ကာတော်မမူပါတကား။
17Questo mi annienta: non le tenebre, non la fitta oscurità che mi ricopre.