1兄弟たちよ。わたしはあなたがたには、霊の人に対するように話すことができず、むしろ、肉に属する者、すなわち、キリストにある幼な子に話すように話した。
1ညီအစ်ကိုတို့၊ အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြော ရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့ သို့ ဟောပြောရ၏။
2あなたがたに乳を飲ませて、堅い食物は与えなかった。食べる力が、まだあなたがたになかったからである。今になってもその力がない。
2ယခုတိုင်အောင်သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ၊ နို့ကိုသာ တိုက် ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်ကြသေး။
3あなたがたはまだ、肉の人だからである。あなたがたの間に、ねたみや争いがあるのは、あなたがたが肉の人であって、普通の人間のように歩いているためではないか。
3ယခုပင်လည်း၊ ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည်ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။
4すなわち、ある人は「わたしはパウロに」と言い、ほかの人は「わたしはアポロに」と言っているようでは、あなたがたは普通の人間ではないか。
4တယောက်က၊ ငါသည်ပေါလုတပည့်ဖြစ်၏ ဟူ၍၎င်း၊ တယောက်က၊ ငါသည်အာပေါလုတပည့်ဖြစ်၏ ဟူ၍၎င်း၊ အသီးသီးပြောကြလျှင်၊ ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။
5アポロは、いったい、何者か。また、パウロは何者か。あなたがたを信仰に導いた人にすぎない。しかもそれぞれ、主から与えられた分に応じて仕えているのである。
5ပေါလုကားအဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။ အခြားသောသူမဟုတ်၊ ထာဝရဘုရား သည် အသီးသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့် အညီ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း။
6わたしは植え、アポロは水をそそいだ。しかし成長させて下さるのは、神である。
6ငါသည်စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသော သူဖြစ်၏။ အပင်ကိုကြီးပွါးစေသော သူကား၊ ဘုရားသခင်ပေတည်း။
7だから、植える者も水をそそぐ者も、ともに取るに足りない。大事なのは、成長させて下さる神のみである。
7စိုက်ပျိုးသောသူမတတ်နိုင်။ ရေလောင်းသော သူလည်း မတတ်နိုင်။ ကြီးပွါးစေတော်မူသော ဘုရား သခင်သာလျှင် တတ်နိုင်တော်မူ၏။
8植える者と水をそそぐ者とは一つであって、それぞれその働きに応じて報酬を得るであろう。
8သို့သော်လည်း၊ စိုက်ပျိုးသောသူနှင့် ရေလောင်း သောသူသည် တလုံးတဝတည်းဖြစ်၍၊ အသီးအသီး မိမိ လုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်။
9わたしたちは神の同労者である。あなたがたは神の畑であり、神の建物である。
9ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သော သူချင်းဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ် တော်ဖြစ်ကြ၏။ ဘုရားသခင်၏ ကျောင်းတော်တိုက်လည်း ဖြစ်ကြ၏။
10神から賜わった恵みによって、わたしは熟練した建築師のように、土台をすえた。そして他の人がその上に家を建てるのである。しかし、どういうふうに建てるか、それぞれ気をつけるがよい。
10ဘုရားသခင်၏ကျေးဇူးတော်ကို ငါခံရသည်နှင့် အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ၏။ သို့ရာတွင်၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။
11なぜなら、すでにすえられている土台以外のものをすえることは、だれにもできない。そして、この土台はイエス・キリストである。
11အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော၊ ချလျက်ရှိသော တိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။
12この土台の上に、だれかが金、銀、宝石、木、草、または、わらを用いて建てるならば、
12ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊
13それぞれの仕事は、はっきりとわかってくる。すなわち、かの日は火の中に現れて、それを明らかにし、またその火は、それぞれの仕事がどんなものであるかを、ためすであろう。
13အသီးသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဘော်ပြချိန် နေ့ရက် သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့်မည်။
14もしある人の建てた仕事がそのまま残れば、その人は報酬を受けるが、
14ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏။ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။
15その仕事が焼けてしまえば、損失を被るであろう。しかし彼自身は、火の中をくぐってきた者のようにではあるが、救われるであろう。
15အကြင်သူ၏အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူ သည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ် သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
16あなたがたは神の宮であって、神の御霊が自分のうちに宿っていることを知らないのか。
16သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။
17もし人が、神の宮を破壊するなら、神はその人を滅ぼすであろう。なぜなら、神の宮は聖なるものであり、そして、あなたがたはその宮なのだからである。
17အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့် မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။
18だれも自分を欺いてはならない。もしあなたがたのうちに、自分がこの世の知者だと思う人がいるなら、その人は知者になるために愚かになるがよい。
18အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည် ဤလောက၌ ပညာရှိဖြစ် သည်ဟု ကိုယ်ကိုထင်၏။ ထိုသူသည်ပညာရှိ အဖြစ်သို့ ရောက်လိုသောငှါ လူမိုက်ဖြစ်ပါစေ။
19なぜなら、この世の知恵は、神の前では愚かなものだからである。「神は、知者たちをその悪知恵によって捕える」と書いてあり、
19အကြောင်းမူကား၊ လောကီပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏။ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏ဟု လာသတည်း။
20更にまた、「主は、知者たちの論議のむなしいことをご存じである」と書いてある。
20တဖန်တုံ၊ ပညာရှိတို့၏ အကြံအစည်တို့သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ၏ဟု လာသတည်း။
21だから、だれも人間を誇ってはいけない。すべては、あなたがたのものなのである。
21ထိုသို့ဖြစ်လျှင်၊ အဘယ်သူမျှလူတို့၌ ဝါကြွား ခြင်းမရှိစေနှင့်။ ခပ်သိမ်းသောအရာတို့သည် သင်တို့ အဘို့ဖြစ်ကြ၏။
22パウロも、アポロも、ケパも、世界も、生も、死も、現在のものも、将来のものも、ことごとく、あなたがたのものである。そして、あなたがたはキリストのもの、キリストは神のものである。
22ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်း ဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောက်လာလတံ့သော အရာဖြစ်စေ၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ ဖြစ်ကြ၏။
23そして、あなたがたはキリストのもの、キリストは神のものである。
23သင်တို့သည်လည်း၊ ခရစ်တော်အဘို့ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ဘုရားသခင်အဘို့ ဖြစ်တော်မူ၏။