1さて、あなたがたが書いてよこした事について答えると、男子は婦人にふれないがよい。
1သင်တို့သည် ငါ့ထံသို့ပေးလိုက်သောစာ၌ ပါသောအရာမှာ၊ ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲ နေလျှင်၊
2しかし、不品行に陥ることのないために、男子はそれぞれ自分の妻を持ち、婦人もそれぞれ自分の夫を持つがよい。
2ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယား ရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့။
3夫は妻にその分を果し、妻も同様に夫にその分を果すべきである。
3ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။
4妻は自分のからだを自由にすることはできない。それができるのは夫である。夫も同様に自分のからだを自由にすることはできない。それができるのは妻である。
4မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။
5互に拒んではいけない。ただし、合意の上で祈に専心するために、しばらく相別れ、それからまた一緒になることは、さしつかえない。そうでないと、自制力のないのに乗じて、サタンがあなたがたを誘惑するかも知れない。
5အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှါ၊ သဘောတူ၍ ခင်ပွန်းဝတ်ကိုခဏမျှ မရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကိုမချုပ် တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသော အခွင့်မရှိစေခြင်းငှါ၊ နောက်တဖန် အတူနေကြလော့။
6以上のことは、譲歩のつもりで言うのであって、命令するのではない。
6သို့ရာတွင် ပညတ်မထားဘဲအခွင့်ပေးခြင်း အားဖြင့်သာ ငါဆို၏။
7わたしとしては、みんなの者がわたし自身のようになってほしい。しかし、ひとりびとり神からそれぞれの賜物をいただいていて、ある人はこうしており、他の人はそうしている。
7လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှါ ငါအလိုရှိ၏။ သို့သော်လည်း၊ လူအသီး အသီးတို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ၏။
8次に、未婚者たちとやもめたちとに言うが、わたしのように、ひとりでおれば、それがいちばんよい。
8ထိုကြောင့်မယားမရှိသော သူတို့နှင့် မုတ်ဆိုးမတို့ကို ငါဆိုသည်ကား၊ ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း၏။
9しかし、もし自制することができないなら、結婚するがよい。情の燃えるよりは、結婚する方が、よいからである。
9သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာ စိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြား စုံဘက်ခြင်း ပြုသော် သာ၍ကောင်း၏။
10更に、結婚している者たちに命じる。命じるのは、わたしではなく主であるが、妻は夫から別れてはいけない。
10ခင်ပွန်းရှိသော သူတို့ကိုလည်း၊ ငါပညတ်သည် သာမက၊ သခင်ဘုရား ပညတ်တော်မူသည်ကား၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။
11(しかし、万一別れているなら、結婚しないでいるか、それとも夫と和解するかしなさい)。また夫も妻と離婚してはならない。
11စွန့်ပစ်လျှင် ခင်ပွန်းမရှိဘဲနေစေ။ သို့မဟုတ်လျှင်၊ ခင်ပွန်းဟောင်းထံသို့ ပြန်၍ အသင့်အတင့်နေစေ။ ယောက်ျားသည်လည်း မိမိမယားနှင့် မကွာစေနှင့်။
12そのほかの人々に言う。これを言うのは、主ではなく、わたしである。ある兄弟に不信者の妻があり、そして共にいることを喜んでいる場合には、離婚してはいけない。
12ကြွင်းသောသူတို့ကိုသခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစုံတယောက် သော ညီအစ်ကိုသည် မယုံကြည်သော မယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့်။
13また、ある婦人の夫が不信者であり、そして共にいることを喜んでいる場合には、離婚してはいけない。
13ထိုနည်းတူ မိန်းမသည်လည်း၊ မယုံကြည်သော ခင်ပွန်းရှိ၍၊ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့်။
14なぜなら、不信者の夫は妻によってきよめられており、また、不信者の妻も夫によってきよめられているからである。もしそうでなければ、あなたがたの子は汚れていることになるが、実際はきよいではないか。
14အကြောင်းမူကား၊ မယုံကြည်သောလင်သည် မိမိမယားအဘို့ စင်ကြယ်၏။ မယုံကြည်သော မယား သည်လည်း မိမိလင်အဘို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏ သားသမီးသည် မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။
15しかし、もし不信者の方が離れて行くのなら、離れるままにしておくがよい。兄弟も姉妹も、こうした場合には、束縛されてはいない。神は、あなたがたを平和に暮させるために、召されたのである。
15သို့သော်လည်း မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော် သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှါ ဘုရားသခင်၏ ပညတ်တော်ရှိ၏။
16なぜなら、妻よ、あなたが夫を救いうるかどうか、どうしてわかるか。また、夫よ、あなたも妻を救いうるかどうか、どうしてわかるか。
16အချင်းမိန်းမ၊ သင်သည်ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့ သိသနည်း။ အချင်းယောက်ျား၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်။ မကယ်တည်မည်ကို အဘယ်သို့သိသနည်း။
17ただ、各自は、主から賜わった分に応じ、また神に召されたままの状態にしたがって、歩むべきである。これが、すべての教会に対してわたしの命じるところである。
17သခင်ဘုရားသည် လူအသီးအသီးတို့အား ဝေငှတော်မူ၍၊ ဘုရားသခင်သည် လူအသီးအသီးတို့ကို ခေါ်တော်မူသည်နှင့်လျော်စွာ လူတိုင်းကျင့်နေစေ။ ခပ်သိမ်းသော အသင်းတော်တို့ကို ထိုသို့ငါပညတ်၏။
18召されたとき割礼を受けていたら、その跡をなくそうとしないがよい。また、召されたとき割礼を受けていなかったら、割礼を受けようとしないがよい。
18အရေဖျားလှီးခြင်းကို ခံသောသူသည် ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့်။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျား လှီးခြင်းကို မခံစေနှင့်။
19割礼があってもなくても、それは問題ではない。大事なのは、ただ神の戒めを守ることである。
19အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ။ မခံဘဲ နေခြင်းအားဖြင့်လည်း အကျိုးမရှိ။ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏။
20各自は、召されたままの状態にとどまっているべきである。
20ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့လူတိုင်းလုပ်နေစေ။
21召されたとき奴隷であっても、それを気にしないがよい。しかし、もし自由の身になりうるなら、むしろ自由になりなさい。
21အစေခံကျွန်ဖြစ်၍ ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင် စိုးရိမ်ခြင်းမရှိနှင့်။ သို့သော်လည်းလွတ်ခြင်းသို့ ရောက်နိုင်လျှင် လွတ်ရသော အခွင့်ကိုသာ၍ သုံးဆောင်လော့။
22主にあって召された奴隷は、主によって自由人とされた者であり、また、召された自由人はキリストの奴隷なのである。
22အကြောင်းမူကားကျွန်ဖြစ်စဉ်၊ သခင်ဘုရား ခေါ်တော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား၏ လူလွတ်ဖြစ်၏။ ထိုနည်းတူ လူလွတ်ဖြစ်စဉ်၊ ခေါ်တော်မူခြင်းကို ခံရသောသူသည် ခရစ်တော်၏ ကျွန်ဖြစ်၏။
23あなたがたは、代価を払って買いとられたのだ。人の奴隷となってはいけない。
23သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူ ဖြစ်၍၊ လူထံ၌ အလိုအလျောက်ကျွန်မခံကြနှင့်။
24兄弟たちよ。各自は、その召されたままの状態で、神のみまえにいるべきである。
24ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့ ဘုရားသခင့်ရှေ့တော်၌ လူတိုင်းလုပ်နေစေ။
25おとめのことについては、わたしは主の命令を受けてはいないが、主のあわれみにより信任を受けている者として、意見を述べよう。
25ခင်ပွန်းမရှိသောသူတို့၏ အမှုမှာ၊ သခင်ဘုရား၏ပညတ်တော်သည် ငါ၌မရှိသော်လည်း၊ ငါသည် သစ္စာ ရှိသောသူဖြစ်အံ့သောငှါ၊ သခင်ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင်၏။
26わたしはこう考える。現在迫っている危機のゆえに、人は現状にとどまっているがよい。
26စီရင်ချက်ဟူမူကား၊ ယခု ညှဉ်းဆဲခြင်း အကြောင်းကြောင့် ခင်ပွန်းမရှိလျှင် ကောင်း၏။
27もし妻に結ばれているなら、解こうとするな。妻に結ばれていないなら、妻を迎えようとするな。
27သင်သည်မယားရှိလျှင် လွတ်စေခြင်းငှါ မကြံစည်နှင့်။ မယားနှင့်လွတ်လျှင် အခြားသောမယားကို မရှာနှင့်။
28しかし、たとい結婚しても、罪を犯すのではない。また、おとめが結婚しても、罪を犯すのではない。ただ、それらの人々はその身に苦難を受けるであろう。わたしは、あなたがたを、それからのがれさせたいのだ。
28သို့သော်လည်း သင်သည် မယားနေလျှင် အပြစ်မရှိ။ လင်မနေဘူးသော မိန်းမသည်လည်း လင်နေလျှင် အပြစ်မရှိ။ သို့သော်လည်း၊ ထိုသို့ပြုသော သူတို့သည် လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည်။ ဤအမှုအရာ၌ ကျပ်တည်းစွာသော ပညတ်ကို ငါမထားလို။
29兄弟たちよ。わたしの言うことを聞いてほしい。時は縮まっている。今からは妻のある者はないもののように、
29ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ ကျန်ကြွင်းသော ကာလသည် ကျဉ်းကျပ်သည်ဖြစ်၍၊ မယားရှိသော သူသည် မယားမရှိသကဲ့သို့ ဖြစ်ရမည်။
30泣く者は泣かないもののように、喜ぶ者は喜ばないもののように、買う者は持たないもののように、
30ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက်သောသူသည် ဝမ်းမမြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ်သောသူသည် အလျှင်းမရှိသကဲ့သို့ ဖြစ်ရမည်။
31世と交渉のある者は、それに深入りしないようにすべきである。なぜなら、この世の有様は過ぎ去るからである。
31ဤလောကကို သုံးသောသူသည် မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား၊ ဤလောက၏ အဆင်း သဏ္ဌာန်သည်ရွေ့သွား ကွယ်ပျောက်တတ်၏။
32わたしはあなたがたが、思い煩わないようにしていてほしい。未婚の男子は主のことに心をくばって、どうかして主を喜ばせようとするが、
32သင်တို့သည် စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေခြင်းငှါ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏ စိတ်တော်နှင့်တွေ့စေခြင်းငှါ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။
33結婚している男子はこの世のことに心をくばって、どうかして妻を喜ばせようとして、その心が分れるのである。
33ခင်ပွန်းရှိသောသူမူကား၊ မိမိမယား၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏။
34未婚の婦人とおとめとは、主のことに心をくばって、身も魂もきよくなろうとするが、結婚した婦人はこの世のことに心をくばって、どうかして夫を喜ばせようとする。
34ထိုနည်းတူ၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည် ခြားနားခြင်း ရှိ၏။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှါ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏။
35わたしがこう言うのは、あなたがたの利益になると思うからであって、あなたがたを束縛するためではない。そうではなく、正しい生活を送って、余念なく主に奉仕させたいからである。
35ထိုသို့ငါဆိုသော်၊ သင်တို့အကျိုးကိုသာ ထောက်၍ဆို၏။ သင်တို့ကို နှောင့်ရှက်ချင်သောစိတ်နှင့် ဆိုသည် မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင်ဘုရား၏ဝတ်ကို အမြဲပြုစေခြင်းငှါသာ ဤသို့ဆို၏။
36もしある人が、相手のおとめに対して、情熱をいだくようになった場合、それは適当でないと思いつつも、やむを得なければ、望みどおりにしてもよい。それは罪を犯すことではない。ふたりは結婚するがよい。
36အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ်၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင်၊ ထိုသူသည် အလိုအလျောက်ပြုစေ။ အပြစ်မရှိထိမ်းမြားကြစေ။
37しかし、彼が心の内で堅く決心していて、無理をしないで自分の思いを制することができ、その上で、相手のおとめをそのままにしておこうと、心の中で決めたなら、そうしてもよい。
37သို့သော်လည်း မိမိစိတ်နှလုံးတည်ကြည်ခြင်းရှိ၍၊ ပြုလိုသည်အတိုင်း ပြုနိုင်သော အခွင့်နှင့် ကိုယ်စိတ် အလိုကို ချုပ်တည်းနိုင်သော အခွင့်ရှိသောကြောင့်၊ မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာ စီရင် ဆုံးဖြတ်သောသူသည် ကောင်းစွာပြု၏။
38だから、相手のおとめと結婚することはさしつかえないが、結婚しない方がもっとよい。
38သို့ရာတွင် မင်္ဂလာဆောင်သောသူသည် ကောင်းစွာပြု၏။ မဆောင်သောသူမူကား၊ သာ၍ ကောင်းစွာပြု၏။
39妻は夫が生きている間は、その夫につながれている。夫が死ねば、望む人と結婚してもさしつかえないが、それは主にある者とに限る。しかし、わたしの意見では、そのままでいたなら、もっと幸福である。わたしも神の霊を受けていると思う。
39မိန်းမသည် မိမိခင်ပွန်းမသေမှီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေလျှင် မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသော သူ၏ မယားဖြစ်ခြင်းငှါ အခွင့်ရှိ၏။
40しかし、わたしの意見では、そのままでいたなら、もっと幸福である。わたしも神の霊を受けていると思う。
40အခွင့်ရှိသော်လည်း၊ အခြားသောသူ၏ မယား မဖြစ်ဘဲနေလျှင်၊ သာ၍မင်္ဂလာရှိသည်ဟု ငါသဘော ရှိ၏။ ငါ၌လည်း ဘုရားသခင်၏ ဝိညာဉ်တော်ရှိတော်မူသည်ဟု ငါစွဲလမ်းခြင်းစိတ်ရှိ၏။