1ああ、物わかりのわるいガラテヤ人よ。十字架につけられたイエス・キリストが、あなたがたの目の前に描き出されたのに、いったい、だれがあなたがたを惑わしたのか。
1ပညာမဲ့သောဂလာတိလူတို့၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်ကို သင်တို့ မျက်မှောက်၌ ထင်ရှားစွာပြပြီးသည်ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှါ သင်တို့ကို အဘယ်သူပြုစား သနည်း။
2わたしは、ただこの一つの事を、あなたがたに聞いてみたい。あなたがたが御霊を受けたのは、律法を行ったからか、それとも、聞いて信じたからか。
2ပညတ်တရား၏အကျင့်အားဖြင့် ဝိညာဉ်တော်ကို ခံရကြသလော။ သို့မဟုတ်ယုံကြည်ခြင်းတရားကို ကြားနာခြင်းအားဖြင့် ခံရကြသလောဟုသော အရာတခုကိုသာ သင်တို့၌ငါသိလို၏။
3あなたがたは、そんなに物わかりがわるいのか。御霊で始めたのに、今になって肉で仕上げるというのか。
3ဤမျှလောက် ပညာမဲ့ကြသလော။ ဝိညာဉ်တော်ကိုအမှီပြု၍ လုပ်စရှိပြီးမှ၊ ဇာတိကိုအမှီပြု၍ ပြီးစေကြသလော။
4あれほどの大きな経験をしたことは、むだであったのか。まさか、むだではあるまい。
4ဤမျှလောက်ဆင်းရဲခြင်းကို အချည်းနှီး ခံကြပြီလော။ အချည်းနှီး သက်သက်ဖြစ်ရမည်လော။
5すると、あなたがたに御霊を賜い、力あるわざをあなたがたの間でなされたのは、律法を行ったからか、それとも、聞いて信じたからか。
5ထိုမှတပါးဝိညာဉ်တော်ကို သင်တို့အား ပေး၍၊ သင်တို့၌တန်ခိုးများကိုပြသောသူသည် ပညတ်တရား၏ အကျင့်အားဖြင့် ပြသလော။ ယုံကြည်ခြင်းတရားကို နာခြင်းအားဖြင့် ပြသလော။
6このように、アブラハムは「神を信じた。それによって、彼は義と認められた」のである。
6ထိုနည်းတူအာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ်တော်မူ၏။
7だから、信仰による者こそアブラハムの子であることを、知るべきである。
7ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ၏သား ဖြစ်သည်ဟု အမှန်သိမှတ်ကြလော့။
8聖書は、神が異邦人を信仰によって義とされることを、あらかじめ知って、アブラハムに、「あなたによって、すべての国民は祝福されるであろう」との良い知らせを、予告したのである。
8ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူ မည်ဟု ကျမ်းစာသည်မြော်မြင်လျက်၊ အာဗြဟံအား အမိန့်ရှိ၍၊ သင့်အားဖြင့်လူအပေါင်းတို့သည် ကောင်း ကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဧဝံဂေလိတရားကို ဟောနှင့် လေ၏။
9このように、信仰による者は、信仰の人アブラハムと共に、祝福を受けるのである。
9သို့ဖြစ်၍ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာကို ခံရကြ၏။
10いったい、律法の行いによる者は、皆のろいの下にある。「律法の書に書いてあるいっさいのことを守らず、これを行わない者は、皆のろわれる」と書いてあるからである。
10ပညတ်တရား၏အကျင့်ကို အမှီပြုသောသူ ရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူ ကား၊ ပညတ္တိကျမ်းစာ၌ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေ သတည်းဟု ကျမ်းစာလာ၏။
11そこで、律法によっては、神のみまえに義とされる者はひとりもないことが、明らかである。なぜなら、「信仰による義人は生きる」からである。
11တဖန်တုံ၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။
12律法は信仰に基いているものではない。かえって、「律法を行う者は律法によって生きる」のである。
12ပညတ်တရားမူကား၊ ယုံကြည်ခြင်းနှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သောသူသည်၊ ထိုအကျင့်အား ဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုသတည်း။
13キリストは、わたしたちのためにのろいとなって、わたしたちを律法ののろいからあがない出して下さった。聖書に、「木にかけられる者は、すべてのろわれる」と書いてある。
13ထိုကြောင့် ဘုရားသခင်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက် နိုင်ဟုထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်း ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ခရစ်တော်သည် ငါတို့ အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှရွေးနှုတ်တော်မူပြီ။
14それは、アブラハムの受けた祝福が、イエス・キリストにあって異邦人に及ぶためであり、約束された御霊を、わたしたちが信仰によって受けるためである。
14အကြောင်းမူကား၊ အာဗြဟံခံရသော ကောင်းကြီး မင်္ဂလာသည် ယေရှုခရစ်အားဖြင့် တပါးအမျိုးသား တို့၌ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော်နှင့် ယှဉ်သော ဝိညာဉ်တော်ကိုယုံကြည်ခြင်းအားဖြင့် ခံရ ကြမည်အကြောင်းတည်း။
15兄弟たちよ。世のならわしを例にとって言おう。人間の遺言でさえ、いったん作成されたら、これを無効にしたり、これに付け加えたりすることは、だれにもできない。
15ညီအစ်ကိုတို့၊ လောကီဝေါဟာရအားဖြင့် ငါပြောမည်။ လူသော်လည်း ဝန်ခံစာကိုချုပ်ပြီးမှ အဘယ် သူမျှမပယ်ရ။ ထပ်ဆင့်၍စကားကို မသွင်းရ။
16さて、約束は、アブラハムと彼の子孫とに対してなされたのである。それは、多数をさして「子孫たちとに」と言わずに、ひとりをさして「あなたの子孫とに」と言っている。これは、キリストのことである。
16ဂတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသောသူ တို့ကိုရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏ အမျိုးအနွယ်ဟု တယောက်သောသူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။
17わたしの言う意味は、こうである。神によってあらかじめ立てられた契約が、四百三十年の後にできた律法によって破棄されて、その約束がむなしくなるようなことはない。
17ငါဆိုသည်ကား၊ ခရစ်တော်ကိုရည်မှတ်၍ ဘုရားသခင်တည် စေတော်မူနှင့်သောပဋိညာဉ်တရားကို အနှစ်လေးရာသုံးဆယ်လွန်ပြီးမှ နောက်ဖြစ်သော ပညတ်တရားသည်မပယ်နိုင်။ ဂတိတော်ကို အချည်းနှီးမဖြစ်စေနိုင်။
18もし相続が、律法に基いてなされるとすれば、もはや約束に基いたものではない。ところが事実、神は約束によって、相続の恵みをアブラハムに賜わったのである。
18ထိုမှတပါး၊ အမွေတော်သည် ပညတ်တရားနှင့် စပ်ဆိုင်လျှင် ဂတိတော်နှင်မစပ်ဆိုင်။ ဘုရားသခင်သည် ဂတိတော်အားဖြင့် အာဗြဟံအား ထိုအမွေတော်ကို သနားတော်မူ၏။
19それでは、律法はなんであるか。それは違反を促すため、あとから加えられたのであって、約束されていた子孫が来るまで存続するだけのものであり、かつ、天使たちをとおし、仲介者の手によって制定されたものにすぎない。
19သို့ဖြစ်၍ပညတ်တရားသည် အဘယ်အကျိုးရှိသနည်းဟူမူကား၊ ဂတိတော်ကိုခံသော မျိုးအနွယ်မဖြစ်မှီ တိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ ပေးတော်မူ၏။ ထိုတရားကိုကောင်းကင်တမန်များအား ဖြင့်အာမခံ၏ လက်၌ထားတော်မူ၏။
20仲介者なるものは、一方だけに属する者ではない。しかし、神はひとりである。
20အာမခံမည်သည်ကား၊ တဘက်နှင့်သာ ဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တဘက်ဖြစ်တော်မူ၏။
21では、律法は神の約束と相いれないものか。断じてそうではない。もし人を生かす力のある律法が与えられていたとすれば、義はたしかに律法によって実現されたであろう。
21သို့ဖြစ်၍ ပညတ်တရားသည် ဘုရားသခင်၏ ဂတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ ထိုသို့ မဖြစ်နိုင်ရာ။ အသက်ရှင်စေနိုင်သော ပညတ်တရားကို ပေးတော်မူသည်မှန်လျှင်၊ အကယ်စင်စစ် ထိုတရားအားဖြင့် ဖြောင့်မတ်ခြင်းကိုရလိမ့်မည်။
22しかし、約束が、信じる人々にイエス・キリストに対する信仰によって与えられるために、聖書はすべての人を罪の下に閉じ込めたのである。
22ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ဂတိတော်ကို ရမည်အကြောင်း ကျမ်းစာသည်လူအပေါင်းတို့ကို အပြစ်၌ချုပ်ထား၏။
23しかし、信仰が現れる前には、わたしたちは律法の下で監視されており、やがて啓示される信仰の時まで閉じ込められていた。
23ယုံကြည်ခြင်းတရားမရောက်မှီ ပညတ်တရားသည်စောင့်နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှားလတံ့သော ယုံကြည်ခြင်းတရားကိုမြော်လင့်၍ ချုပ်ထားလျက်ရှိကြ၏။
24このようにして律法は、信仰によって義とされるために、わたしたちをキリストに連れて行く養育掛となったのである。
24ထိုကြောင့် ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။
25しかし、いったん信仰が現れた以上、わたしたちは、もはや養育掛のもとにはいない。
25ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ၊ ငါတို့သည် ထိုအထိန်းလက်မှလွတ်ကြ၏။
26あなたがたはみな、キリスト・イエスにある信仰によって、神の子なのである。
26အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏။
27キリストに合うバプテスマを受けたあなたがたは、皆キリストを着たのである。
27ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။
28もはや、ユダヤ人もギリシヤ人もなく、奴隷も自由人もなく、男も女もない。あなたがたは皆、キリスト・イエスにあって一つだからである。もしキリストのものであるなら、あなたがたはアブラハムの子孫であり、約束による相続人なのである。
28ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။
29もしキリストのものであるなら、あなたがたはアブラハムの子孫であり、約束による相続人なのである。
29ခရစ်တော်နှင့်စပ်ဆင်လျှင်အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏။