1兄弟たちよ。もしもある人が罪過に陥っていることがわかったなら、霊の人であるあなたがたは、柔和な心をもって、その人を正しなさい。それと同時に、もしか自分自身も誘惑に陥ることがありはしないかと、反省しなさい。
1ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစုံတခုသော ဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရ သောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။
2互に重荷を負い合いなさい。そうすれば、あなたがたはキリストの律法を全うするであろう。
2ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။
3もしある人が、事実そうでないのに、自分が何か偉い者であるように思っているとすれば、その人は自分を欺いているのである。
3အကြင်သူသည်ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။
4ひとりびとり、自分の行いを検討してみるがよい。そうすれば、自分だけには誇ることができても、ほかの人には誇れなくなるであろう。
4လူတိုင်းကိုယ်တိုင်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည်။
5人はそれぞれ、自分自身の重荷を負うべきである。
5အဘယ်ကြောင့်နည်းဟူမူကား၊ လူအသီးသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။
6御言を教えてもらう人は、教える人と、すべて良いものを分け合いなさい。
6နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
7まちがってはいけない、神は侮られるようなかたではない。人は自分のまいたものを、刈り取ることになる。
7အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။
8すなわち、自分の肉にまく者は、肉から滅びを刈り取り、霊にまく者は、霊から永遠のいのちを刈り取るであろう。
8မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။
9わたしたちは、善を行うことに、うみ疲れてはならない。たゆまないでいると、時が来れば刈り取るようになる。
9ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။
10だから、機会のあるごとに、だれに対しても、とくに信仰の仲間に対して、善を行おうではないか。
10ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။
11ごらんなさい。わたし自身いま筆をとって、こんなに大きい字で、あなたがたに書いていることを。
11အဘယ်မျှလောက်ကြီးသောစာကို ကိုယ်လက်နှင့်သင်တို့အား ငါရေးလိုက်သည်ကို သင်တို့မြင်ကြ၏။
12いったい、肉において見えを飾ろうとする者たちは、キリスト・イエスの十字架のゆえに、迫害を受けたくないばかりに、あなたがたにしいて割礼を受けさせようとする。
12မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သော သူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှါ အနိုင်အ ထက်သွေးဆောင်တတ်ကြ၏။
13事実、割礼のあるもの自身が律法を守らず、ただ、あなたがたの肉について誇りたいために、割礼を受けさせようとしているのである。
13အရေဖျားလှီးခြင်းကိုခံသောသူတို့သည် ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏ အသွေး အဆင်းကို အမှီပြုလျက်ဝါကြွားလို၍ သင်တို့ကို အရေဖျားလှီးခြင်းကိုခံစေခြင်းငှါ အလိုရှိကြ၏။
14しかし、わたし自身には、わたしたちの主イエス・キリストの十字架以外に、誇とするものは、断じてあってはならない。この十字架につけられて、この世はわたしに対して死に、わたしもこの世に対して死んでしまったのである。
14ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါးဘယ်အရာ၌မျှ ဝါကြွားခြင်းမရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည် လည်း ဤလောကအဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။
15割礼のあるなしは問題ではなく、ただ、新しく造られることこそ、重要なのである。
15အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ၏။
16この法則に従って進む人々の上に、平和とあわれみとがあるように。また、神のイスラエルの上にあるように。
16ဤနည်းဥပဒေသအတိုင်းကျင့်သော သူရှိသမျှ တို့အပေါ်၌၎င်း၊ ဘုရားသခင်၏ ဣသရေလ အမျိုး အပေါ်၌၎င်း၊ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း သက်ရောက်ပါစေသော။
17だれも今後は、わたしに煩いをかけないでほしい。わたしは、イエスの焼き印を身に帯びているのだから。兄弟たちよ。わたしたちの主イエス・キリストの恵みが、あなたがたの霊と共にあるように、アァメン。
17ယခုမှစ၍ အဘယ်သူမျှငါ့ကို မနှောက်ရှက်စေနှင့်။ ငါ့ကိုယ်၌ သခင်ယေရှုဒဏ်ချက်ရာကို ငါဆောင် ၏။
18兄弟たちよ。わたしたちの主イエス・キリストの恵みが、あなたがたの霊と共にあるように、アァメン。
18ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှု၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။