1ダリヨス王の二年の七月二十一日に、主の言葉が預言者ハガイに臨んだ、
1သတ္တမလနှစ်ဆယ်တရက်နေ့တွင်၊ ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက် လာ၍၊
2「シャルテルの子、ユダの総督ゼルバベルと、ヨザダクの子、大祭司ヨシュア、および残りのすべての民に告げて言え、
2သင်သည် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရု ဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းယောဇဒက်သား ယောရှု မှစ၍ ကျန်ကြွင်းသောသူတို့အား ဆင့်ဆိုရမည်မှာ၊
3『あなたがた残りの者のうち、以前の栄光に輝く主の家を見た者はだれか。あなたがたは今、この状態をどう思うか。これはあなたがたの目には、無にひとしいではないか。
3ဤအိမ်တော်သည် ရှေးဘုန်းနှင့် ပြည့်စုံသည်ကို မြင်ဘူး၍ သင်တို့တွင် ကျန်ကြွင်းသော သူကား အဘယ် သူနည်း။ ယခုအဘယ်အရာကို မြင်သနည်း။ နှိုင်းယှဉ် လျှင် သင်တို့မျက်မှောက်၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်သည်မဟုတ်လော။
4主は言われる、ゼルバベルよ、勇気を出せ。ヨザダクの子、大祭司ヨシュアよ、勇気を出せ。主は言われる。この地のすべての民よ、勇気を出せ。働け。わたしはあなたがたと共にいると、万軍の主は言われる。
4သို့သော်လည်း၊ အိုဇေရုဗဗေလ၊ အားယူလော့ ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ အို ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှု၊ အားယူလော့။ အိုပြည်သူပြည် သားအပေါင်းတို့၊ အားယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
5これはあなたがたがエジプトから出た時、わたしがあなたがたに、約束した言葉である。わたしの霊が、あなたがたのうちに宿っている。恐れるな。
5အဲဂုတ္တုပြည်မှ ထွက်သောအခါ သင်တို့နှင့် ငါဖွဲ့ သော ပဋိညာဉ်စကားနှင့်အညီ ငါသည် သင်တို့နှင့်အတူ ရှိ၏။ ငါ၏ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ၏။ မစိုးရိမ်ကြနှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။
6万軍の主はこう言われる、しばらくして、いま一度、わたしは天と、地と、海と、かわいた地とを震う。
6ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကာလမကြာမမြင့်မှီကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တဖန် ငါလှုပ်ဦးမည်။
7わたしはまた万国民を震う。万国民の財宝は、はいって来て、わたしは栄光をこの家に満たすと、万軍の主は言われる。
7လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုး အပေါင်းတို့ နှစ်သက်ဘွယ်သောအရာသည် ရောက်၍၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
8銀はわたしのもの、金もわたしのものであると、万軍の主は言われる。
8ရွှေနှင့်ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
9主の家の後の栄光は、前の栄光よりも大きいと、万軍の主は言われる。わたしはこの所に繁栄を与えると、万軍の主は言われる』」。
9နောက်တည်သော ဤအိမ်တော်သည် အရင် အိမ်တော်ထက် ဘုန်းသာ၍ကြီးလိမ့်မည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ဤအရပ်၌ လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
10ダリヨスの二年の九月二十四日に、主の言葉が預言者ハガイに臨んだ、
10ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ နဝမလနှစ်ဆယ် လေးရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ပရောဖက်ဟဂ္ဂဲအားဖြင့် ရောက်လာလျက်၊
11「万軍の主はこう言われる、律法について祭司たちに尋ねて言え、
11ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက၊ သင်သည် တရားအမှုကို ယဇ်ပုရောဟိတ်၌ မေးမြန်းရ မည်မှာ၊
12『人がその衣服のすそで聖なる肉を運んで行き、そのすそがもし、パンまたはあつもの、または酒、または油、またはどんな食物にでもさわったなら、それらは聖なるものとなるか』と」。祭司たちは「ならない」と答えた。
12လူသည် သန့်ရှင်းသော အမဲသားကို မိမိအဝတ် နှင့် ထုတ်၍ ဆောင်ခဲ့လျက်၊ မုန့်၊ ဟင်း၊ စပျစ်ရည်၊ ဆီ အစရှိသော စားစရာတစုံတခုကို ထိုအဝတ်နှင့်ထိလျှင်၊ ထိုစားစရာသည် သန့်ရှင်းလိမ့်မည်လောဟု မေးမြန်း သော်၊ ယဇ်ပုရောဟိတ်တို့က၊ ထိုစားစရာသည် မသန့်ရှင်း ဟု ပြန်ပြောကြ၏။
13ハガイはまた言った、「もし、死体によって汚れた人が、これらの一つにさわったなら、それは汚れるか」。祭司たちは「汚れる」と答えた。
13ဟဂ္ဂဲကလည်း၊ အသေကောင်အားဖြင့် မစင် ကြယ်သောသူသည် ထိုအရာတစုံတခုကိုထိလျှင် ညစ်ညူး ခြင်းရှိလိမ့်မည်လောဟု မေးမြန်းသော်၊ ယဇ်ပုရောဟိတ် တို့က၊ ညစ်ညူးခြင်းရှိလိမ့်မည်ဟု ပြန်ပြောကြ၏။
14そこで、ハガイは言った、「主は言われる、この民も、この国も、わたしの前では、そのようである。またその手のわざもそのようである。その所で彼らのささげるものは、汚れたものである。
14ဟဂ္ဂဲကလည်း၊ ဤလူမျိုး၊ ဤပြည်သားတို့သည် ငါ့မျက်မှောက်၌ ထိုအတူဖြစ်ကြ၏။ သူတို့လုပ်ဆောင် သမျှသည်လည်း ထိုအတူဖြစ်၏။ ငါ့ထံမှာ ပူဇော်သော အရာသည်လည်း ညစ်ညူး၏ဟု၊ ထာဝရဘုရား မိန့်တော် မူ၏။
15今、あなたがたはこの日から、後の事を思うがよい。主の宮で石の上に石が積まれなかった前、あなたがたは、どんなであったか。
15ထာဝရဘုရား၏ဗိမာန်တော်၌ ကျောက်တခု ပေါ်မှာ တခုကို မတင်မှီ၊ ယခုနေ့မှစ၍ အထက်အမှုကို ပြန်ကြည့်ဆင်ခြင်ကြပါလော့။
16あの時には、二十枡の麦の積まれる所に行ったが、わずかに十枡を得、また五十桶をくもうとして、酒ぶねに行ったが、二十桶を得たのみであった。
16ထိုကာလတွင် ဆန်အတင်းနှစ်ဆယ်ထွက်ရ သော စပါးပုံသို့ လူလာသောအခါ တဆယ်ကိုသာ ရ၏။ စပျစ်ရည်အိုးငါးဆယ်ကို ယူခြင်းငှါ စပျစ်သီးနယ်ရာကျင်း သို့ လာသောအခါ နှစ်ဆယ်ကိုသာ ရ၏။
17わたしは立ち枯れと、腐り穂と、ひょうをもってあなたがたと、あなたがたのすべての手のわざを撃った。しかし、あなたがたは、わたしに帰らなかったと主は言われる。
17သင်တို့ လုပ်ဆောင်သမျှတို့တွင် လေထိ၍ အပင်သေဘေး၊ အရည်ယို၍ သေဘေးဖြင့် ငါသည် ဒဏ် ခတ်ခဲ့ပြီ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
18あなたがたはこの日より後、すなわち、九月二十四日よりの事を思うがよい。また主の宮の基をすえた日から後の事を心にとめるがよい。
18ထာဝရဘုရား၏ဗိမာန်တော်တိုက်မြစ်ကျ၍၊ နဝမလနှစ်ဆယ်လေးရက်နေ့၊ ယနေ့မှစ၍ ရှေ့သို့ မျှော် ကြည့်ဆင်ခြင်ကြပါလော့။ ဆင်ခြင်ရမည်အကြောင်း အရာဟူမူကား၊
19種はなお、納屋にあるか。ぶどうの木、いちじくの木、ざくろの木、オリブの木もまだ実を結ばない。しかし、わたしはこの日から、あなたがたに恵みを与える」。
19စပါးကျီ၌ စပါးရှိသလော။ မရှိ။ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တို့သည် အသီး ကို မသီးကြသေး။ သို့သော်လည်း၊ ယနေ့မှစ၍ သင်တို့ကို ငါကောင်းကြီးပေးမည်ဟု မိန့်တော်မူ၏။
20この月の二十四日に、主の言葉がふたたびハガイに臨んだ、
20ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား ၏နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့ တဖန်ရောက်လာ၍၊
21「ユダの総督ゼルバベルに告げて言え、わたしは天と地を震う。
21သင်သည် ယုဒမြို့ဝန်၊ ဇေရုဗဗေလကို ဆင့်ဆို ရမည်မှာ၊ ငါသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်မည်။
22わたしは国々の王位を倒し、異邦の国々の力を滅ぼし、また戦車、およびこれに乗る者を倒す。馬およびこれに乗る者は、たがいにその仲間のつるぎによって倒れる。万軍の主は言われる、シャルテルの子、わがしもべゼルバベルよ、主は言われる、その日、わたしはあなたを立て、あなたを印章のようにする。わたしはあなたを選んだからであると、万軍の主は言われる」。
22တိုင်းနိုင်ငံတို့၏ ရာဇပလ္လင်များကို မှောက်လှန် ၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့် ရထားစီးသူရဲတို့ ကိုလည်း မှောက်လှန်မည်။ မြင်းနှင့် မြင်းစီးသူရဲ တို့သည် တယောက်ကို တယောက်ခုတ်၍ လဲကြလိမ့်မည်။
23万軍の主は言われる、シャルテルの子、わがしもべゼルバベルよ、主は言われる、その日、わたしはあなたを立て、あなたを印章のようにする。わたしはあなたを選んだからであると、万軍の主は言われる」。
23ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ရှာလသေလသား၊ ငါ့ကျွန်ဇေရုဗ ဗေလ၊ ထိုအခါ သင့်ကိုငါယူ၍ တံဆိပ်လက်စွပ်ကဲ့သို့ ခန့် ထားမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကို ငါရွေး ချယ်ပြီဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။