1パリサイ人のひとりで、その名をニコデモというユダヤ人の指導者があった。
1ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတယောက်သည်၊
2この人が夜イエスのもとにきて言った、「先生、わたしたちはあなたが神からこられた教師であることを知っています。神がご一緒でないなら、あなたがなさっておられるようなしるしは、だれにもできはしません」。
2ညဉ့်အခါ ယေရှုထံတော်သို့လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ် လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသောဆရာဖြစ်ကြောင်းကို သိကြပါ၏ဟုလျှောက်သော်၊
3イエスは答えて言われた、「よくよくあなたに言っておく。だれでも新しく生れなければ、神の国を見ることはできない」。
3ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါ အမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။
4ニコデモは言った、「人は年をとってから生れることが、どうしてできますか。もう一度、母の胎にはいって生れることができましょうか」。
4နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်း ထဲသို့ တဖန်ဝင်၍မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။
5イエスは答えられた、「よくよくあなたに言っておく。だれでも、水と霊とから生れなければ、神の国にはいることはできない。
5ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏။
6肉から生れる者は肉であり、霊から生れる者は霊である。
6ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ် ဖြစ်၏။
7あなたがたは新しく生れなければならないと、わたしが言ったからとて、不思議に思うには及ばない。
7ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။
8風は思いのままに吹く。あなたはその音を聞くが、それがどこからきて、どこへ行くかは知らない。霊から生れる者もみな、それと同じである」。
8လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်က ဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကိုမသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့် တော်မူ၏။
9ニコデモはイエスに答えて言った、「どうして、そんなことがあり得ましょうか」。
9နိကောဒင်ကလည်း၊ ဤအမူအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင်၊
10イエスは彼に答えて言われた、「あなたはイスラエルの教師でありながら、これぐらいのことがわからないのか。
10တဖန်ယေရှုက၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမူအရာကို မသိ သလော။
11よくよく言っておく。わたしたちは自分の知っていることを語り、また自分の見たことをあかししているのに、あなたがたはわたしたちのあかしを受けいれない。
11ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကိုပြော၏၊ ကိုယ်မြင်သောအရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။
12わたしが地上のことを語っているのに、あなたがたが信じないならば、天上のことを語った場合、どうしてそれを信じるだろうか。
12မြေကြီးအရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ် သို့ ယုံကြလိမ့်မည်နည်း။
13天から下ってきた者、すなわち人の子のほかには、だれも天に上った者はない。
13ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ။
14そして、ちょうどモーセが荒野でへびを上げたように、人の子もまた上げられなければならない。
14မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။
15それは彼を信じる者が、すべて永遠の命を得るためである」。
15အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း။
16神はそのひとり子を賜わったほどに、この世を愛して下さった。それは御子を信じる者がひとりも滅びないで、永遠の命を得るためである。
16ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။
17神が御子を世につかわされたのは、世をさばくためではなく、御子によって、この世が救われるためである。
17လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။
18彼を信じる者は、さばかれない。信じない者は、すでにさばかれている。神のひとり子の名を信じることをしないからである。
18သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရား သခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏။
19そのさばきというのは、光がこの世にきたのに、人々はそのおこないが悪いために、光よりもやみの方を愛したことである。
19အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။
20悪を行っている者はみな光を憎む。そして、そのおこないが明るみに出されるのを恐れて、光にこようとはしない。
20ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။
21しかし、真理を行っている者は光に来る。その人のおこないの、神にあってなされたということが、明らかにされるためである。
21သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ၏။
22こののち、イエスは弟子たちとユダヤの地に行き、彼らと一緒にそこに滞在して、バプテスマを授けておられた。
22ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ ကြွတော်မူလျှင်၊ ထို အရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကို ပေးလေ၏။
23ヨハネもサリムに近いアイノンで、バプテスマを授けていた。そこには水がたくさんあったからである。人々がぞくぞくとやってきてバプテスマを受けていた。
23ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ၍ ဗတ္တိဇံကို ခံကြ၏။
24そのとき、ヨハネはまだ獄に入れられてはいなかった。
24ယောဟန်သည်ထောင်ထဲသို့မရောက်သေး။
25ところが、ヨハネの弟子たちとひとりのユダヤ人との間に、きよめのことで争論が起った。
25ထိုအခါယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍ ယုဒလူနှင့်ဆွေးနွေးငြင်းခုံခြင်း ရှိကြသဖြင့်၊
26そこで彼らはヨハネのところにきて言った、「先生、ごらん下さい。ヨルダンの向こうであなたと一緒にいたことがあり、そして、あなたがあかしをしておられたあのかたが、バプテスマを授けており、皆の者が、そのかたのところへ出かけています」。
26ယောဟန်ထံသို့လာ၍၊ အရှင်ဘုရား၊ ယော်ဒန်မြစ်တဘက်၌ ကိုယ်တော်နှင့်တကွရှိ၍၊ ကိုယ်တော် သက်သေပေးသောသူသည် ဗတ္တိဇံကိုပေးလျက်နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျှင်၊
27ヨハネは答えて言った、「人は天から与えられなければ、何ものも受けることはできない。
27ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် အဘယ်အရာကိုမျှမခံနိုင်ရာ။ ငါသည် ခရစ်တော်မဟုတ်။
28『わたしはキリストではなく、そのかたよりも先につかわされた者である』と言ったことをあかししてくれるのは、あなたがた自身である。
28ခရစ်တော်ရှေ့၌စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။
29花嫁をもつ者は花婿である。花婿の友人は立って彼の声を聞き、その声を聞いて大いに喜ぶ。こうして、この喜びはわたしに満ち足りている。
29မင်္ဂလာဆောင်သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏ အနားမှာနေ၍ သူ၏စကားကိုကြားရသော အဆွေခင်ပွန်းသည် ထိုစကားသံကိုကြားသောအားဖြင့် ဝမ်းမြောက် ခြင်းရှိ၏။ ထိုနည်းတူ ငါ၏ဝမ်းမြောက်ခြင်း ပြည့်စုံ၏။
30彼は必ず栄え、わたしは衰える。
30ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်။
31上から来る者は、すべてのものの上にある。地から出る者は、地に属する者であって、地のことを語る。天から来る者は、すべてのものの上にある。
31အထက်မှလာသောသူသည် အလုံးစုံတို့၏ အထွဋ်ဖြစ်၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့် စပ်ဆိုင်၍ မြေကြီးအရာကိုပြောတတ်၏။ ကောင်းကင်ဘုံမှကြွလာသောသူသည် အလုံးစုံတို့၏အထွဋ်ဖြစ်တော် မူ၏။
32彼はその見たところ、聞いたところをあかししているが、だれもそのあかしを受けいれない。
32မြင်သမျှကြားသမျှတို့ကိုလည်း သက်သေခံတော်မူ၏။ ထိုသက်သေခံချက်ကို အဘယ်သူမျှမခံမယူ၊
33しかし、そのあかしを受けいれる者は、神がまことであることを、たしかに認めたのである。
33သက်သေခံတော်မူချက်ကို ခံယူသောသူသည်ကား၊ ဘုရားသခင်သည် သစ္စာစောင့်တော်မူသည်ဟု တံဆိပ်ခတ်၏။
34神がおつかわしになったかたは、神の言葉を語る。神は聖霊を限りなく賜うからである。
34ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ ထိုသူ အား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည် မရှိဘဲ ပေးတော်မူ၏။
35父は御子を愛して、万物をその手にお与えになった。御子を信じる者は永遠の命をもつ。御子に従わない者は、命にあずかることがないばかりか、神の怒りがその上にとどまるのである」。
35ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေး တော်မူပြီ။ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။
36御子を信じる者は永遠の命をもつ。御子に従わない者は、命にあずかることがないばかりか、神の怒りがその上にとどまるのである」。