1イエスが道をとおっておられるとき、生れつきの盲人を見られた。
1လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတယောက်ကို တွေ့မြင်သော်မူ၏။
2弟子たちはイエスに尋ねて言った、「先生、この人が生れつき盲人なのは、だれが罪を犯したためですか。本人ですか、それともその両親ですか」。
2တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် ကန်းသနည်း။ ကိုယ်အပြစ် ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။
3イエスは答えられた、「本人が罪を犯したのでもなく、また、その両親が犯したのでもない。ただ神のみわざが、彼の上に現れるためである。
3ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ အမှု တော်ကို သူ၌ ထင်ရှားစေမည်အကြောင်းတည်း။
4わたしたちは、わたしをつかわされたかたのわざを、昼の間にしなければならない。夜が来る。すると、だれも働けなくなる。
4ငါ့ကို စေလွှတ်တော်မူသော သူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင် သော အချိန်တည်းဟူသော ညဉ့်အချိန်လာသေး၏။
5わたしは、この世にいる間は、世の光である」。
5ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊
6イエスはそう言って、地につばきをし、そのつばきで、どろをつくり、そのどろを盲人の目に塗って言われた、
6မြေပေါ်မှာ ထွေး၍ တံထွေးနှင့်ရွှံ့လုပ်ပြီးမှ၊ ကန်းသောသူ၏မျက်စိကို ရွှံ့နှင့်လူး၍၊
7「シロアム(つかわされた者、の意)の池に行って洗いなさい」。そこで彼は行って洗った。そして見えるようになって、帰って行った。
7သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေ လွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက် ပြန်လေ၏။
8近所の人々や、彼がもと、こじきであったのを見知っていた人々が言った、「この人は、すわってこじきをしていた者ではないか」。
8သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဘူးသောသူတို့က၊ ဤသူသည် ထိုင်၍ တောင်းသောသူမဟုတ်လောဟု ဆိုကြ၏။
9ある人々は「その人だ」と言い、他の人々は「いや、ただあの人に似ているだけだ」と言った。しかし、本人は「わたしがそれだ」と言った。
9လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည်ဟု ဆိုကြ၏။ ထိုသူကလည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟုဆို၏။
10そこで人々は彼に言った、「では、おまえの目はどうしてあいたのか」。
10သူတို့ကလည်း၊ အဘယ်သို့သင်၏မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင်၊
11彼は答えた、「イエスというかたが、どろをつくって、わたしの目に塗り、『シロアムに行って洗え』と言われました。それで、行って洗うと、見えるようになりました」。
11ထိုသူက၊ ယေရှုအမည်ရှိသော သူတယောက်သည် ရွှံ့လုပ်၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ၊ ရှိလောင် ရေကန်သို့သွား၍ မျက်စိကိုဆေးလောဟုဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။
12人々は彼に言った、「その人はどこにいるのか」。彼は「知りません」と答えた。
12လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။
13人々は、もと盲人であったこの人を、パリサイ人たちのところにつれて行った。
13လူများသည် မျက်စိကန်းဘူးသော ထိုသူကို ဖာရိရှဲတို့ထံသို့ ပို့ကြ၏။
14イエスがどろをつくって彼の目をあけたのは、安息日であった。
14ယေရှုသည် ရွှံ့လုပ်၍ သူ၏မျက်စိကို ပွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။
15パリサイ人たちもまた、「どうして見えるようになったのか」、と彼に尋ねた。彼は答えた、「あのかたがわたしの目にどろを塗り、わたしがそれを洗い、そして見えるようになりました」。
15တဖန်ဖာရိရှဲတို့က၊ အဘယ်သို့သင်၏မျက်စိမြင်သနည်းဟုမေးပြန်လျှင်၊ အကျွန်ုပ်မျက်စိ၌သူသည် ရွှံ့ ကိုထည့်၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။
16そこで、あるパリサイ人たちが言った、「その人は神からきた人ではない。安息日を守っていないのだから」。しかし、ほかの人々は言った、「罪のある人が、どうしてそのようなしるしを行うことができようか」。そして彼らの間に分争が生じた。
16ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်ဟု ဆိုကြ ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်မည်နည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်းမသင့် ကွဲပြားခြင်းသို့ရောက်၏။
17そこで彼らは、もう一度この盲人に聞いた、「おまえの目をあけてくれたその人を、どう思うか」。「預言者だと思います」と彼は言った。
17တဖန်မျက်စိကန်းဘူးသောသူအား၊ သင်၏မျက်စိကိုဖွင့်သောသူသည် အဘယ်သို့သောသူဖြစ် သနည်း ဟု မေးကြလျှင်၊ ပရောဖက်ဖြစ်သည်ဟုဆို၏။
18ユダヤ人たちは、彼がもと盲人であったが見えるようになったことを、まだ信じなかった。ついに彼らは、目が見えるようになったこの人の両親を呼んで、
18ထိုသူသည် အထက်မျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏ မိဘကိုခေါ်၍၊
19尋ねて言った、「これが、生れつき盲人であったと、おまえたちの言っているむすこか。それではどうして、いま目が見えるのか」。
19ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏ သားမှန်လော။ သို့မှန်လျှင် အဘယ်သို့ယခုမျက်စိမြင်သနည်းဟု မေးကြ၏။
20両親は答えて言った、「これがわたしどものむすこであること、また生れつき盲人であったことは存じています。
20မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏ သားမှန်သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်း သည်ကို၎င်း၊ အကျွန်ုပ်တို့ သိကြပါ၏။
21しかし、どうしていま見えるようになったのか、それは知りません。また、だれがその目をあけて下さったのかも知りません。あれに聞いて下さい。あれはもうおとなですから、自分のことは自分で話せるでしょう」。
21အဘယ်ကြောင့် မျက်စိမြင်သည်ကို၎င်း၊ အဘယ်သူသည်သူ၏ မျက်စိကိုဖွင့်သည်ကို၎င်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်ရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည်ကိုယ်အကြောင်းကို ကိုယ် တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။
22両親はユダヤ人たちを恐れていたので、こう答えたのである。それは、もしイエスをキリストと告白する者があれば、会堂から追い出すことに、ユダヤ人たちが既に決めていたからである。
22ဤသို့ပြောသည်အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရား စရပ်မှနှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်ကြနှင့်ပြီ။
23彼の両親が「おとなですから、あれに聞いて下さい」と言ったのは、そのためであった。
23ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေးကြလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြောကြ၏။
24そこで彼らは、盲人であった人をもう一度呼んで言った、「神に栄光を帰するがよい。あの人が罪人であることは、わたしたちにはわかっている」。
24ထိုကြောင့်၊ မျက်စိကန်းဘူသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟုဆိုကြလျှင်၊
25すると彼は言った、「あのかたが罪人であるかどうか、わたしは知りません。ただ一つのことだけ知っています。わたしは盲であったが、今は見えるということです」。
25လူဆိုးဖြစ်သည်မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင် သည်အကြောင်းတခုကို အကျွန်ုပ်သိသည်ဟုဆို၏။
26そこで彼らは言った、「その人はおまえに何をしたのか。どんなにしておまえの目をあけたのか」。
26တဖန်သူတို့က၊ သူသည်သင်တို့၌ အဘယ်သို့ပြုသနည်း။ သင်၏ မျက်စိကိုအဘယ်သို့ ဖွင့်သနည်းဟု မေးကြလျှင်၊ အကျွန်ုပ်တခါပြောပြီ၊ သင်တို့နားမကြားကြ။
27彼は答えた、「そのことはもう話してあげたのに、聞いてくれませんでした。なぜまた聞こうとするのですか。あなたがたも、あの人の弟子になりたいのですか」。
27အဘယ်ကြောင့် တဖန်ကြားချင်သနည်း။ သူ့တပည့် ဖြစ်ချင်သလောဟု ဆိုကြ၏။
28そこで彼らは彼をののしって言った、「おまえはあれの弟子だが、わたしたちはモーセの弟子だ。
28ထိုသူတို့ကလည်း၊ သင်သည်သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှ၏တပည့်ဖြစ်ကြ၏။
29モーセに神が語られたということは知っている。だが、あの人がどこからきた者か、わたしたちは知らぬ」。
29ဘုရားသခင်သည်မောရှ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို အသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊
30そこで彼が答えて言った、「わたしの目をあけて下さったのに、そのかたがどこからきたか、ご存じないとは、不思議千万です。
30သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩ ဘွယ်ရှိ၏။
31わたしたちはこのことを知っています。神は罪人の言うことはお聞きいれになりませんが、神を敬い、そのみこころを行う人の言うことは、聞きいれて下さいます。
31ဘုရားသခင်သည် လူဆိုးတို့ စကားကိုနားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။
32生れつき盲であった者の目をあけた人があるということは、世界が始まって以来、聞いたことがありません。
32အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကိုမျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။
33もしあのかたが神からきた人でなかったら、何一つできなかったはずです」。
33ထိုသူသည်ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင်ဟုပြောဆို၏။
34これを聞いて彼らは言った、「おまえは全く罪の中に生れていながら、わたしたちを教えようとするのか」。そして彼を外へ追い出した。
34ထိုသူတို့ကလည်း၊ သင်သည် မွေးစကပင်တကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြေဆိုကြပြီလျှင်၊ ထိုသူကို တရားစရပ်မှနှင်ထုတ်ကြ၏။
35イエスは、その人が外へ追い出されたことを聞かれた。そして彼に会って言われた、「あなたは人の子を信じるか」。
35နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင် ၏ သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။
36彼は答えて言った、「主よ、それはどなたですか。そのかたを信じたいのですが」。
36သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေး လျှောက်သော်၊
37イエスは彼に言われた、「あなたは、もうその人に会っている。今あなたと話しているのが、その人である」。
37ယေရှုက၊ သင်သည် ထိုသူကိုမြင်ခဲ့ပြီးသာမက၊ သင်နှင့်ယခု စကားပြောသောသူသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ဟု မိန့်တော်မူလျှင်၊
38すると彼は、「主よ、信じます」と言って、イエスを拝した。
38သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။
39そこでイエスは言われた、「わたしがこの世にきたのは、さばくためである。すなわち、見えない人たちが見えるようになり、見える人たちが見えないようになるためである」。
39ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။
40そこにイエスと一緒にいたあるパリサイ人たちが、それを聞いてイエスに言った、「それでは、わたしたちも盲なのでしょうか」。イエスは彼らに言われた、「もしあなたがたが盲人であったなら、罪はなかったであろう。しかし、今あなたがたが『見える』と言い張るところに、あなたがたの罪がある。
40အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။
41イエスは彼らに言われた、「もしあなたがたが盲人であったなら、罪はなかったであろう。しかし、今あなたがたが『見える』と言い張るところに、あなたがたの罪がある。
41ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ငါတို့ ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်ဟု မိန့်တော်မူ၏။