1さて、過越といわれている除酵祭が近づいた。
1ပသခါအမည်ရှိသော အဇုမပွဲခံခါနီးတွင်၊
2祭司長たちや律法学者たちは、どうかしてイエスを殺そうと計っていた。民衆を恐れていたからである。
2ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့သတ်ရအံ့နည်းဟု ရှာကြံရကြသနည်းဟူမူကား၊ လူများတို့ကို ကြောက်ကြ၏။
3そのとき、十二弟子のひとりで、イスカリオテと呼ばれていたユダに、サタンがはいった。
3ထိုအခါ စာတန်သည် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်အထဲသို့ဝင်သည် ဖြစ်၍၊
4すなわち、彼は祭司長たちや宮守がしらたちのところへ行って、どうしてイエスを彼らに渡そうかと、その方法について協議した。
4ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ၊ ဗိမာန်တော်မှူးများတို့ထံသို့ သွားပြီးလျှင်၊ ယေရှုကို အဘယ် သို့ အပ်ရမည်နည်းဟူ၍ တိုင်ပင်လေ၏။
5彼らは喜んで、ユダに金を与える取決めをした。
5ထိုသူတို့သည် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။
6ユダはそれを承諾した。そして、群衆のいないときにイエスを引き渡そうと、機会をねらっていた。
6ယုဒရှကာရုတ်သည်လည်း ဝန်ခံပြီးမှ လူများမရှိစဉ်တွင် ကိုယ်တော်ကို အပ်ခြင်းငှါ အဆင်သင့်သော အချိန်ကာလကို ကြံလျက်နေ၏။
7さて、過越の小羊をほふるべき除酵祭の日がきたので、
7ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ရောက်သောအခါ၊
8イエスはペテロとヨハネとを使いに出して言われた、「行って、過越の食事ができるように準備をしなさい」。
8ကိုယ်တော်က၊ ငါတို့ စားဘို့ရာ သင်တို့သည်သွား၍ ပသခါပွဲကို ပြင်ဆင်ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ၏။
9彼らは言った、「どこに準備をしたらよいのですか」。
9သူတို့ကလည်း၊ အဘယ်အရပ်၌ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊
10イエスは言われた、「市内にはいったら、水がめを持っている男に出会うであろう。その人がはいる家までついて行って、
10ကိုယ်တော်က၊ သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည်။ ထိုသူ နောက်သို့ လိုက်၍ သူဝင်သောအိမ်သို့ ဝင်ပြီးမှ၊
11その家の主人に言いなさい、『弟子たちと一緒に過越の食事をする座敷はどこか、と先生が言っておられます』。
11ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။
12すると、その主人は席の整えられた二階の広間を見せてくれるから、そこに用意をしなさい」。
12ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
13弟子たちは出て行ってみると、イエスが言われたとおりであったので、過越の食事の用意をした。
13တပည့်တောတို့သည် သွား၍ စကားတော်အတိုင်းတွေ့လျှင်၊ ပသခါပွဲကို ပြင်ဆင်ကြ၏။
14時間になったので、イエスは食卓につかれ、使徒たちも共に席についた。
14အချိန်ရောက်မှ တမန်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၍၊
15イエスは彼らに言われた、「わたしは苦しみを受ける前に、あなたがたとこの過越の食事をしようと、切に望んでいた。
15ငါသည် အသေမခံမှီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှါ အလွန်အလိုရှိလေပြီ။
16あなたがたに言って置くが、神の国で過越が成就する時までは、わたしは二度と、この過越の食事をすることはない」。
16ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမှီတိုင်အောင် ယခုမှစ၍ ဤပွဲကို တဖန် ငါမစားရဟု မိန့်တော်မူလျက်၊
17そして杯を取り、感謝して言われた、「これを取って、互に分けて飲め。
17ခွက်ဖလားကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကို ယူ၍ အချင်းချင်းဝေကြလော့။
18あなたがたに言っておくが、今からのち神の国が来るまでは、わたしはぶどうの実から造ったものを、いっさい飲まない」。
18ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မှီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတဖန် ငါ မသောက်ရဟု မိန့်တော်မူ၏။
19またパンを取り、感謝してこれをさき、弟子たちに与えて言われた、「これは、あなたがたのために与えるわたしのからだである。わたしを記念するため、このように行いなさい」。
19ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဘို့ အလိုငှါ စွန့်သော ငါ၏ကိုယ် ဖြစ်၏။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။
20食事ののち、杯も同じ様にして言われた、「この杯は、あなたがたのために流すわたしの血で立てられる新しい契約である。
20ထိုနည်းတူညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဘို့အလိုငှါ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။
21しかし、そこに、わたしを裏切る者が、わたしと一緒に食卓に手を置いている。
21သို့သော်လည်း ငါ့ကို အပ်နှံသောသူ၏လက်သည် ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ၏။
22人の子は定められたとおりに、去って行く。しかし人の子を裏切るその人は、わざわいである」。
22ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသော သူသည် အမင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။
23弟子たちは、自分たちのうちのだれが、そんな事をしようとしているのだろうと、互に論じはじめた。
23တပည့်တော်တို့သည်လည်း ထိုအမှုကို အဘယ်သူပြုအံ့နည်းဟု အချင်းချင်း မေးမြန်းကြ၏။
24それから、自分たちの中でだれがいちばん偉いだろうかと言って、争論が彼らの間に、起った。
24ထိုမှတပါး တပည့်တော်တို့သည် မိမိတို့တွင် အဘယ်သူသည် သာ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံခြင်းရှိသည်ဖြစ်၍၊
25そこでイエスが言われた、「異邦の王たちはその民の上に君臨し、また、権力をふるっている者たちは恩人と呼ばれる。
25ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။
26しかし、あなたがたは、そうであってはならない。かえって、あなたがたの中でいちばん偉い人はいちばん若い者のように、指導する人は仕える者のようになるべきである。
26သင်တို့မူကား ထိုသို့မပြုကြနှင့်၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုး သောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။
27食卓につく人と給仕する者と、どちらが偉いのか。食卓につく人の方ではないか。しかし、わたしはあなたがたの中で、給仕をする者のようにしている。
27အဘယ်သူသည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ် ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော။ သို့သော် လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။
28あなたがたは、わたしの試錬のあいだ、わたしと一緒に最後まで忍んでくれた人たちである。
28ငါသည် စုံစမ်းနှောင့်ရှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။
29それで、わたしの父が国の支配をわたしにゆだねてくださったように、わたしもそれをあなたがたにゆだね、
29ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊
30わたしの国で食卓について飲み食いをさせ、また位に座してイスラエルの十二の部族をさばかせるであろう。
30သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သောအခွင့်ကို၎င်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို၎င်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။
31シモン、シモン、見よ、サタンはあなたがたを麦のようにふるいにかけることを願って許された。
31တဖန် သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည် အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊
32しかし、わたしはあなたの信仰がなくならないように、あなたのために祈った。それで、あなたが立ち直ったときには、兄弟たちを力づけてやりなさい」。
32သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည် သင့်အဘို့ဆုတောင်းလေပြီ။ သင်သည် သတိရ ပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊
33シモンが言った、「主よ、わたしは獄にでも、また死に至るまでも、あなたとご一緒に行く覚悟です」。
33ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့၎င်း၊ အသေသတ်ခြင်းသို့၎င်း လိုက်ခြင်းငှါ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊
34するとイエスが言われた、「ペテロよ、あなたに言っておく。きょう、鶏が鳴くまでに、あなたは三度わたしを知らないと言うだろう」。
34သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မှီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
35そして彼らに言われた、「わたしが財布も袋もくつも持たせずにあなたがたをつかわしたとき、何かこまったことがあったか」。彼らは、「いいえ、何もありませんでした」と答えた。
35တဖန် မိန့်တော်မူသည်ကား၊ အထက်က ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစုံတခုလိုသလောဟု မေးလျှင်၊ တစုံတခုမျှ မလိုပါဟု လျှောက်ကြသော်၊
36そこで言われた、「しかし今は、財布のあるものは、それを持って行け。袋も同様に持って行け。また、つるぎのない者は、自分の上着を売って、それを買うがよい。
36ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ထားမရှိသော သူသည် အဝတ်ကိုရောင်း၍ ထားကိုဝယ်စေ။
37あなたがたに言うが、『彼は罪人のひとりに数えられた』としるしてあることは、わたしの身に成しとげられねばならない。そうだ、わたしに係わることは成就している」。
37အကြောင်းမူကား၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာ ချက်သည် ငါ၌ ယခုပင် ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ၏။
38弟子たちが言った、「主よ、ごらんなさい、ここにつるぎが二振りございます」。イエスは言われた、「それでよい」。
38ထိုသူတို့ကလည်း၊ သခင်၊ ထားနှစ်စင်းရှိပါ၏ဟု လျှောက်လျှင်၊ တန်ပြီဟု မိန့်တော်မူ၏။
39イエスは出て、いつものようにオリブ山に行かれると、弟子たちも従って行った。
39ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။
40いつもの場所に着いてから、彼らに言われた、「誘惑に陥らないように祈りなさい」。
40ထိုအရပ်သို့ ရောက်တော်မူလျှင်၊ သင်တို့သည် စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆု တောင်းကြလော့ဟု မိန့်တော်မူပြီးမှ၊
41そしてご自分は、石を投げてとどくほど離れたところへ退き、ひざまずいて、祈って言われた、
41တပည့်တော်တို့နှင့် ကျောက်ခဲတပစ်လောက် ခွာသွား၍ ဒူးထောက်လျက်၊
42「父よ、みこころならば、どうぞ、この杯をわたしから取りのけてください。しかし、わたしの思いではなく、みこころが成るようにしてください」。
42အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိ သည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။
43そのとき、御使が天からあらわれてイエスを力づけた。
43ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။
44イエスは苦しみもだえて、ますます切に祈られた。そして、その汗が血のしたたりのように地に落ちた。
44ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည် ကား၊ မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း။
45祈を終えて立ちあがり、弟子たちのところへ行かれると、彼らが悲しみのはて寝入っているのをごらんになって
45ထိုသို့ ဆုတောင်းပြီးမှ၊ ယေရှုသည်ထ၍ တပည့်တော်တို့ရှိရာသို့ ပြန်သောအခါ၊ သူတို့သည် ဝမ်းနည်း သောစိတ်ရှိသည်နှင့် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊
46言われた、「なぜ眠っているのか。誘惑に陥らないように、起きて祈っていなさい」。
46သင်တို့သည် အဘယ်ကြောင့် အိပ်ပျော်ကြသနည်း။ ထကြ။ စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။
47イエスがまだそう言っておられるうちに、そこに群衆が現れ、十二弟子のひとりでユダという者が先頭に立って、イエスに接吻しようとして近づいてきた。
47ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကို နမ်းခြင်းငှါ ချဉ်းကပ်လေ၏။
48そこでイエスは言われた、「ユダ、あなたは接吻をもって人の子を裏切るのか」。
48ယေရှုကလည်း၊ ယုဒါ သင်သည် နမ်းခြင်းကို ပြုလျက် လူသားကိုအပ်သလောဟု မေးတော်မူ၏။
49イエスのそばにいた人たちは、事のなりゆきを見て、「主よ、つるぎで切りつけてやりましょうか」と言って、
49ယေရှုနှင့်အတူပါသော သူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ထားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ၊
50そのうちのひとりが、祭司長の僕に切りつけ、その右の耳を切り落した。
50တယောက်သည် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။
51イエスはこれに対して言われた、「それだけでやめなさい」。そして、その僕の耳に手を触て、おいやしになった。
51ယေရှုကလည်း၊ တန်စေဟု မိန့်တော်မူ၍ နားရွက်ကို လက်တော်နှင့်တို့သဖြင့် အနာကို ပျောက်စေ တော်မူ၏။
52それから、自分にむかって来る祭司長、宮守がしら、長老たちに対して言われた、「あなたがたは、強盗にむかうように剣や棒を持って出てきたのか。
52ထိုအခါ အထံတော်သို့ရောက်လာသော ယဇ်ပုရောဟိတ်အကြီး၊ ဗိမာန်တော်မှူး၊ လူအကြီးအကဲတို့ အား ယေရှုက၊ သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကို ဘမ်းအံ့သောငှါ ထားနှင့် ဒုတ်များကို လက်စွဲလျက် လာကြသည်တကား။
53毎日あなたがたと一緒に宮にいた時には、わたしに手をかけなかった。だが、今はあなたがたの時、また、やみの支配の時である」。
53ငါသည် ဗိမာန်တော်၌ သင်တို့နှင့်အတူ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ။ သို့သော် လည်း ယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုးလည်းဖြစ်၏ဟု မိန့်တော်မူ၏။
54それから人々はイエスを捕え、ひっぱって大祭司の邸宅へつれて行った。ペテロは遠くからついて行った。
54ထိုသူတို့သည် ကိုယ်တော်ကို ဘမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ဆောင်သွားကြ၏။ ပေတရု သည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ၏။
55人々は中庭のまん中に火をたいて、一緒にすわっていたので、ペテロもその中にすわった。
55အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတို့သည် စုဝေး၍ ထိုင်ကြလျှင်၊ ပေတရုသည်လည်း သူတို့အထဲ၌ ထိုင်နေ၏။
56すると、ある女中が、彼が火のそばにすわっているのを見、彼を見つめて、「この人もイエスと一緒にいました」と言った。
56ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါးမိန်းမတယောက်သည်မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုသော်၊
57ペテロはそれを打ち消して、「わたしはその人を知らない」と言った。
57ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။
58しばらくして、ほかの人がペテロを見て言った、「あなたもあの仲間のひとりだ」。するとペテロは言った、「いや、それはちがう」。
58ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ် သည်ဟုဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည် သူတို့ အဝင်မဟုတ်ဟု ဆို၏။
59約一時間たってから、またほかの者が言い張った、「たしかにこの人もイエスと一緒だった。この人もガリラヤ人なのだから」。
59တဖန် တနာရီလောက်ကြာပြီးမှ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဘော် သောသူဖြစ်၏။ ဂါလိလဲလူလည်း ဖြစ်၏ဟု ခိုင်မာစွာဆိုလျှင်၊
60ペテロは言った、「あなたの言っていることは、わたしにわからない」。すると、彼がまだ言い終らぬうちに、たちまち、鶏が鳴いた。
60ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏခြင်းတွင် ကြက်တွန်လေ၏။
61主は振りむいてペテロを見つめられた。そのときペテロは、「きょう、鶏が鳴く前に、三度わたしを知らないと言うであろう」と言われた主のお言葉を思い出した。
61ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက် မတွန်မှီ သင်သည် သုံးကြိမ် မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့်၊
62そして外へ出て、激しく泣いた。
62ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။
63イエスを監視していた人たちは、イエスを嘲弄し、打ちたたき、
63ယေရှုကို ကိုင်ဆွဲသောသူတို့သည် ကိုယ်တော်ကို ပြက်ယယ်ပြု၍ ရိုက်ပုတ်ကြ၏။
64目かくしをして、「言いあててみよ。打ったのは、だれか」ときいたりした。
64မျက်နှာတော်ကိုဖုံးပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု ၍ ဟောတော်မူပါဟုဆိုကြ၏။
65そのほか、いろいろな事を言って、イエスを愚弄した。
65အခြားသောစကားများဖြင့်လည်း ကိုယ်တော်ကို ကဲ့ရဲ့၍ ပြောဆိုကြသေး၏။
66夜が明けたとき、人民の長老、祭司長たち、律法学者たちが集まり、イエスを議会に引き出して言った、
66မိုဃ်းလင်းသောအခါ လူတို့တွင် အကြီးအကဲဖြစ်သောသူ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ သည် စည်းဝေး၍ ကိုယ်တော်ကို လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊
67「あなたがキリストなら、そう言ってもらいたい」。イエスは言われた、「わたしが言っても、あなたがたは信じないだろう。
67သင်သည် ခရစ်တော်မှန်လျှင် ငါတို့အား ပြောလော့ဟုဆိုကြ၏။ ယေရှုကလည်း၊ ငါပြောလျှင် သင်တို့ သည် မယုံ။
68また、わたしがたずねても、答えないだろう。
68ငါမေးလျှင်လည်း သင်တို့သည် မဖြေဘဲ၊ ငါ့ကို မလွှတ်ဘဲနေကြလိမ့်မည်။
69しかし、人の子は今からのち、全能の神の右に座するであろう」。
69နောက်၌ လူသားသည် ဘုရားသခင်၏ တန်ခိုးတော်လက်ျာဘက်၌ ထိုင်တော်မူလတံ့ဟု မိန့်တော်မူ သော်၊
70彼らは言った、「では、あなたは神の子なのか」。イエスは言われた、「あなたがたの言うとおりである」。すると彼らは言った、「これ以上、なんの証拠がいるか。われわれは直接彼の口から聞いたのだから」。
70ထိုသူအပေါင်းတို့က၊ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ သားတော်မှန်သည်တကားဟု ဆိုကြလျှင်၊ သင်တို့ဆိုသည်အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။
71すると彼らは言った、「これ以上、なんの証拠がいるか。われわれは直接彼の口から聞いたのだから」。
71ထိုသူတို့ကလည်း၊ အဘယ်သက်သေလိုသေးသနည်း။ သူ၏စကားကို ငါတို့ကိုယ်တိုင် ကြားရပြီဟု ဆိုကြ၏။