1民のつかさたちはエルサレムに住み、その他の民はくじを引いて、十人のうちからひとりずつを、聖都エルサレムに来て住ませ、九人を他の町々に住ませた。
1ထိုအခါလူများတို့တွင် မင်းလုပ်သော သူတို့သည် ယေရုရှလင်မြို့၌ နေကြ၏။ ကြွင်းသောသူတို့သည် သန့်ရှင်းသောအရပ်၊ ယေရုရှလင်မြို့၌ တကျိပ်တွင် တယောက်၊ အခြားသောမြို့တို့၌ ကိုးယောက် နေရမည် အကြောင်း စာရေးတံပြုကြ၏။
2またすべてみずから進みでてエルサレムに住むことを申し出た人々は、民はこれを祝福した。
2ယေရုရှလင်မြို့၌နေခြင်းငှါ အလိုလို ဝန်ခံသော သူအပေါင်းတို့ကို၊ လူများတို့သည် ကောင်းကြီးပေးကြ၏။
3さてエルサレムに住んだこの州の長たちは次のとおりである。ただしユダの町々ではおのおのその町々にある自分の所有地に住んだ。すなわちイスラエルびと、祭司、レビびと、宮に仕えるしもべ、およびソロモンのしもべであった者たちの子孫である。
3ယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရော ဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန့်၏ ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊
4そしてエルサレムにはユダの子孫およびベニヤミンの子孫のうちのある者たちが住んだ。すなわちユダの子孫ではウジヤの子アタヤで、ウジヤはゼカリヤの子、ゼカリヤはアマリヤの子、アマリヤはシパテヤの子、シパテヤはマハラレルの子、マハラレルはペレヅの子孫である。
4ယုဒအမျိုး၊ ဖာရက်၊ မဟာလေလ၊ ရှေဖတိ၊ အာမရိ၊ ဇာခရိ၊ ဩဇိတို့မှ ဆင်းသက်သော အသာယ တပါး၊
5またバルクの子マアセヤで、バルクはコロホゼの子、コロホゼはハザヤの子、ハザヤはアダヤの子、アダヤはヨヤリブの子、ヨヤリブはゼカリヤの子、ゼカリヤはシロニびとの子である。
5ရှိလောနိ၊ ဇာခရိ၊ ယောယရိပ်၊ အဒါယ၊ ဟဇာယ၊ ကောလဟောဇ၊ ဗာရုတ်တို့မှ ဆင်းသက်သော မာသေယတပါးနှင့်တကွ၊
6ペレヅの子孫でエルサレムに住んだ者は合わせて四百六十八人で、みな勇敢な人々である。
6ယေရုရှလင်မြို့၌နေသော ဖာရက်အမျိုးသား၊ သူရဲလေးရာခြောက်ဆယ်ရှစ်ယောက်တည်း။
7ベニヤミンの子孫では次のとおりである。すなわちメシュラムの子サルで、メシュラムはヨエデの子、ヨエデはペダヤの子、ペダヤはコラヤの子、コラヤはマアセヤの子、マアセヤはイテエルの子、イテエルはエサヤの子である。
7ဗင်္ယာမိန်အမျိုး၊ ယေရှာယ၊ ဣသေလ၊ မာသေယ၊ ကောလာယ၊ ပေဒါယ၊ ယောဒ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊
8その次はガバイおよびサライなどで合わせて九百二十八人。
8သုနောက်၊ ဂဗ္ဗဲနှင့်သလ္လဲ အစရှိသော ကိုးရာ နှစ်ဆယ်ရှစ်ယောက်တည်း။
9ジクリの子ヨエルが彼らの監督である。ハッセヌアの子ユダがその副官として町を治めた。
9ဇိခရိသား ယောလသည် ဗင်္ယာမိန် အမျိုးအုပ် ဖြစ်၏။ သေနွာသားယုဒသည် ပြင်မြို့ကိုအုပ်ရ၏။
10祭司ではヨヤリブの子エダヤ、ヤキン、
10ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊
11および神の宮のつかさセラヤで、セラヤはヒルキヤの子、ヒルキヤはメシュラムの子、メシュラムはザドクの子、ザドクはメラヨテの子、メラヨテはアヒトブの子である。
11အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ်စရာ ယ အစရှိသော၊
12宮の務をするその兄弟は八百二十二人あり、また、エロハムの子アダヤがある。エロハムはペラリヤの子、ペラリヤはアムジの子、アムジはゼカリヤの子、ゼカリヤはパシホルの子、パシホルはマルキヤの子である。
12အိမ်တော်အမှုကို ဆောင်ရွက်သော အမျိုးသား ချင်း ရှစ်ရာနှစ်ဆယ်နှစ်ယောက်တည်း။ ထိုမှတပါး၊ မာလခိ၊ ပါရှုရ၊ ဇာခရိ၊ အာမဇိ၊ ပေလလိ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယအစရှိသော၊
13アダヤの兄弟で、氏族の長たる者は二百四十二人あり、またアザリエルの子アマシサイがある。アザリエルはアハザイの子、アハザイはメシレモテの子、メシレモテはインメルの子である。
13အဆွေအမျိုး သူကြီးအမျိုးသားချင်း နှစ်ရာလေး ဆယ်နှစ်ယောက်တည်း။ ဣမေရ၊ မေရှိလမုတ်၊ အဟာသဲ၊ အာဇရေလတို့မှ ဆင်းသက်သော အာမရှဲအစရှိသော၊
14その兄弟である勇士は百二十八人あり、その監督はハッゲドリムの子ザブデエルである。
14ခွန်အားကြီးသော သူရဲအမျိုးသားချင်း တရာ နှစ်ဆယ်ရှစ်ယောက်တည်း။ ဟဂဒေါလိမ်သား ဇာဗ ဒေလသည် သူတို့ကို အုပ်ရ၏။
15レビびとではハシュブの子シマヤで、ハシュブはアズリカムの子、アズリカムはハシャビヤの子、ハシャビヤはブンニの子である。
15လေဝိသားမူကား၊ ဗုန္နိ၊ ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာယတပါး၊
16またシャベタイおよびヨザバデがある。これらはレビびとのかしらであって、神の宮の外のわざをつかさどった。
16လေဝိသားအကြီး ရှဗ္ဗေသဲနှင့် ယောဇဗဒ်တို့ သည် ဘုရားသခင်၏အိမ်တော်၌ ပြင်အမှုကို ကြည့်ရှု စီရင်ရကြ၏။
17またミカの子マッタニヤがある。ミカはザブデの子、ザブデはアサフの子である。マッタニヤは祈の時に感謝の言葉を唱え始める者である。その兄弟のうちのバクブキヤは彼に次ぐ者であった。またシャンマの子アブダがある。シャンマはガラルの子、ガラルはエドトンの子である。
17အာသပ်၊ ဇာဗဒိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် ဆုတောင်း ခြင်းအမှုမှာ အကြီးလုပ်သော သူဖြစ်၏။ ဗာကဗုကိသည် အပေါင်းအဘော်တို့တွင် ဒုတိယသူဖြစ်၏။ ထိုမှတပါး၊ ယေဒုသုန်၊ ဂလာလ၊ ရှမွာတို့မှ ဆင်းသက်သော ဩဗဒိ ရှိ၏။
18聖都におるレビびとは合わせて二百八十四人であった。
18သန့်ရှင်းသောမြို့၌နေသော လေဝိသားပေါင်း ကား နှစ်ရာနှစ်ဆယ်လေးယောက်တည်း။
19門衛では門を守るアックブ、タルモンおよびその兄弟たち合わせて百七十二人である。
19တံခါးစောင့်အက္ကုပ်၊ တာလမုန်အစရှိသော တံခါးကို စောင့်သော အမျိုးသားချင်း ပေါင်းကားတရာ ခုနစ်ဆယ်နှစ်ယောက်တည်း။
20その他のイスラエルびと、祭司、レビびとたちは皆ユダのすべての町々にあって、おのおの自分の嗣業にとどまった。
20ကြွင်းသော ဣသရေလအမျိုးသား၊ ယဇ်ပုရော ဟိတ်၊ လေဝိသားတို့သည် ယုဒမြို့ရွာတို့တွင်၊ မိမိတို့ ပိုင်ရင်းအရပ်၌နေကြ၏။
21ただし宮に仕えるしもべたちはオペルに住み、ヂハおよびギシパが宮に仕えるしもべたちを監督していた。
21ဘုရားကျွန်တို့သည် ဩဖေလအရပ်၌နေ၍၊ ဇိဟနှင့် ဂိသပတို့ သည် ဘုရားကျွန်အုပ် ဖြစ်ကြ၏။
22エルサレムにおるレビびとの監督はウジである。ウジはバニの子、バニはハシャビヤの子、ハシャビヤはマッタニヤの子、マッタニヤはミカの子である。ミカは歌うたう者なるアサフの子孫である。ウジは神の宮のわざを監督した。
22မိက္ခာ၊ မဿနိ၊ ဟာရှဘိ၊ ဗာနိတို့မှ ဆင်းသက် သော ဩဇိသည် ယေရုရှလင်မြို့၌နေသော လေဝိသားတို့ ကို အုပ်ရ၏။ အာသပ်အမျိုးသား သီချင်းသည်တို့သည် လည်း ဘုရားသခင်၏ အိမ်တော်အမှုကို ကြည့်ရှုစီရင် ရကြ၏။
23彼らについては王からの命令があって、歌うたう者に日々の定まった分を与えさせた。
23အကြောင်းမူကား၊ သီချင်းသည်တို့သည် နေ့ရက် အစဉ်အတိုင်း စားစရာရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ၏။
24またユダの子ゼラの子孫であるメシザベルの子ペタヒヤは王の手に属して民に関するすべての事を取り扱った。
24ယုဒအမျိုး ဇာရအနွှယ်မေရှဇ ဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်အခွင့်နှင့် ပြည်သားတို့ကို အုပ်၍ အရေးတော်ပိုင်မင်းဖြစ်၏။
25また村々とその田畑については、ユダの子孫の者はキリアテ・アルバとその村々、デボンとその村々、エカブジエルとその村々に住み、
25ယုဒလူအချို့တို့သည် မြို့ရွာကျေးလက်တည်း ဟူသော ကိရယသာဘမြို့ရွာ၊ ဒိဘုန်မြို့ရွာ၊ ယေကပ် ဇေလမြို့ရွာ၊
26エシュア、モラダおよびベテペレテに住み、
26ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊
27ハザル・シュアルおよびベエルシバとその村々に住み、
27ဟာဇာရွှာလ၊ ဗေရရှေဘ မြို့ရွာများ၊
28チクラグおよびメコナとその村々に住み、
28ဇိကလတ်၊ မေကောနမြို့ရွာများ၊
29エンリンモン、ザレア、ヤルムテに住み、
29အင်ရိမ္မုန်၊ ဇာရ၊ ယာမုတ်၊
30ザノア、アドラムおよびそれらの村々、ラキシとその田野、アゼカとその村々に住んだ。こうして彼らはベエルシバからヒンノムの谷にまで宿営した。
30ဇာနော၊ အဒုလံ မြို့ရွာများ၊ လာခိရှမြို့နှင့် ကျေးလက်များ၊ အဇေကာမြို့ရွာများ၊ ဗေရရှေဘ မြို့မှ စ၍ ဟိန္နုံချိုင့်တိုင်အောင် အနှံ့အပြားနေကြ၏။
31ベニヤミンの子孫はまたゲバからミクマシ、アヤおよびベテルとその村々に住み、
31ဗင်္ယာမိန် အမျိုးသားတို့သည်လည်း ဂေဗ၊ မိတ်မတ်၊ အာဣ၊ ဗေသလမြို့ရွာတို့၌၎င်း၊
32アナトテ、ノブ、アナニヤ、
32အာနသုတ်၊ နောဗ၊ အာနနိ၊
33ハゾル、ラマ、ギッタイム、
33ဟာဇော်၊ ရာမ၊ ဂိတ္တိမ်၊
34ハデデ、ゼボイム、ネバラテ、
34ဟာဒိဒ်၊ ဇေဘိုင်၊ နေဗလ္လတ်၊
35ロド、オノ、工人の谷に住んだ。レビびとの組のユダにあるもののうちベニヤミンに合したものもあった。
35လေဒ၊ ဩနောမြို့များ၌၎င်း၊ ဆရာသမားချိုင့်၌၎င်း နေကြ၏။
36レビびとの組のユダにあるもののうちベニヤミンに合したものもあった。
36လေဝိသား အသင်းအပေါင်းအချို့တို့သည် ယုဒပြည်၊ အချို့တို့သည် ဗင်္ယာမိန်ပြည်၌နေကြ၏။