1サンバラテ、トビヤ、アラビヤびとガシムおよびその他のわれわれの敵は、わたしが城壁を築き終って、一つの破れも残らないと聞いた。(しかしその時にはまだ門のとびらをつけていなかったのである。)
1ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော် လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူ ဂေရှင်မှစ၍ ကြွင်းသော ရန်သူတို့သည် သိတင်းကြားသောအခါ၊
2そこでサンバラテとガシムはわたしに使者をつかわして言った、「さあ、われわれはオノの平野にある一つの村で会見しよう」と。彼らはわたしに危害を加えようと考えていたのである。
2သမ္ဘာလတ်နှင့် ဂေရှင်တို့က လာပါ။ ဩနောချိုင့် တွင် ခေဖိရိမ် ရွာမှာတွေ့ကြကုန်အံ့ဟု မကောင်းသော အကြံရှိ၍ ငါ့ကို မှာလိုက်ကြ၏။
3それでわたしは彼らに使者をつかわして言わせた、「わたしは大いなる工事をしているから下って行くことはできない。どうしてこの工事をさしおいて、あなたがたの所へ下って行き、その間、工事をやめることができようか」。
3ငါကလည်း၊ ငါသည်ကြီးသောအမှုကို ဆောင် ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင် ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ်၍ ပြန်ပြော ၏။
4彼らは四度までこのようにわたしに人をつかわしたが、わたしは同じように彼らに答えた。
4ထိုသို့လေးကြိမ်တိုင်အောင် မှာလိုက်၍၊ ငါသည် လည်း ယခင်ကဲ့သို့ ပြန်ပြော၏။
5ところが、サンバラテは五度目にそのしもべを前のようにわたしにつかわした。その手には開封の手紙を携えていた。
5နောက်ပဥ္စမအကြိမ်၌ သမ္ဘာလတ်သည် ယခင် ကဲ့သို့ မိမိကျွန်ကို စေလွှတ်၍၊ ကျွန်တွင် တံဆိပ်မခတ် သောစာပါ၏။
6その中に次のようにしるしてあった、「諸国民の間に言い伝えられ、またガシムも言っているが、あなたはユダヤ人と共に反乱を企て、これがために城壁を築いている。またその言うところによれば、あなたは彼らの王になろうとしている。
6စာချက်ဟူမူကား၊ သင်နှင့်ယုဒလူတို့သည် ပုန်ကန်မည်အကြံရှိသည်ဟု လူအမျိုးမျိုး ပြောဆိုကြ၏။ ဂေရှင်လည်း သက်သေခံ၏။ ထိုစကားနှင့်အညီ သင် သည် ယုဒရှင်ဘုရင်ဖြစ်လိုသောငှါ၊ မြို့ရိုးကို တည်၏။
7またあなたは預言者を立てて、あなたのことをエルサレムにのべ伝えさせ、『ユダに王がある』と言わせているが、そのことはこの言葉のとおり王に聞えるでしょう。それゆえ、今おいでなさい。われわれは共に相談しましょう」。
7ယုဒပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကို ရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အားကြားလျှောက်ရမည်။ သို့ဖြစ်၍ လာပါ။ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။
8そこでわたしは彼に人をつかわして言わせた、「あなたの言うようなことはしていません。あなたはそれを自分の心から造り出したのです」と。
8ငါကလည်း၊ သင်ပြောသောစကားတခွန်းမျှ မမှန်၊ ကိုယ်စိတ်ထဲ မှာ အချည်းနှီးထင်တတ်သည်ချည်းဟု စေလွှတ်၍ ပြန်ပြော၏။
9彼らはみな「彼らの手が弱って工事をやめるようになれば、工事は成就しないだろう」と考えて、われわれをおどそうとしたのである。しかし神よ、どうぞいまわたしの手を強めてください。
9အကြောင်းမူကား၊ သူတို့က ထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည် အားလျော့ကြ လိမ့်မည်ဟု ဆိုလျက်ငါတို့ကို ခြိမ်းချောက်ကြ၏။ သို့ရာ တွင် ထိုစကားကြောင့် ငါသာ၍အားရှိ၏။
10さてわたしはメヘタベルの子デラヤの子シマヤの家に行ったところ、彼は閉じこもっていて言った、「われわれは神の宮すなわち神殿の中で会合し、神殿の戸を閉じておきましょう。彼らはあなたを殺そうとして来るからです。きっと夜のうちにあなたを殺そうとして来るでしょう」。
10ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာ ယ၏သားရှေမာယသည်၊ ပုန်းရှောင်လျက်နေသော အိမ်သို့ ငါသွားလျှင်၊ သူကဘုရားသခင်၏ အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး၍၊ ဗိမာန်တော် တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့ သောငှါ လာကြလိမ့်မည်။ ယနေ့ညဉ့်၌ပင် လာကြလိမ့် မည်ဟု ဆို၏။
11わたしは言った、「わたしのような者がどうして逃げられよう。わたしのような者でだれが神殿にはいって命を全うすることができよう。わたしははいらない」。
11ငါကလည်း၊ ငါကဲ့သို့သောသူသည် ပြေးရ မည်လော။ ငါနှင့်တူသောသူသည် အသက်ချမ်းသာခြင်း ငှါ ဗိမာန်တော်ထဲသို့ ဝင်ရမည်လော။ ငါမဝင်ဟု ပြန်ပြော၏။
12わたしは悟った。神が彼をつかわされたのではない。彼がわたしにむかってこの預言を伝えたのは、トビヤとサンバラテが彼を買収したためである。
12ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့် သမ္ဘာလတ် ငှါးသောကြောင့်၊ ထိုသို့ ငါ့တဘက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။
13彼が買収されたのはこの事のためである。すなわちわたしを恐れさせ、わたしにこのようにさせて、罪を犯させ、わたしに悪名をきせて侮辱するためであった。
13သူတို့သည်ငါ့ကို ကဲ့ရဲ့စရာအကြောင်းရှိစေ လျက်၊ ငါကြောက်၍ ထိုသို့ပြုသဖြင့်၊ ပြစ်မှားစေခြင်းငှါ ထိုသူကို ငှါးကြ၏။
14わが神よ、トビヤ、サンバラテおよび女預言者ノアデヤならびにその他の預言者など、すべてわたしを恐れさせようとする者たちをおぼえて、彼らが行ったこれらのわざに報いてください。
14အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကို၎င်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းချောက်သော ပရောဖက်တို့ကို၎င်း မှတ်တော်မူပါ။
15こうして城壁は五十二日を経て、エルルの月の二十五日に完成した。
15အရက် ငါးဆယ်နှစ်ရက်ကြာမှ ဧလုလလ နှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ၏။
16われわれの敵が皆これを聞いた時、われわれの周囲の異邦人はみな恐れ、大いに面目を失った。彼らはこの工事が、われわれの神の助けによって成就したことを悟ったからである。
16ထိုသိတင်းကို ရန်သူတို့သည်ကြား၍၊ ပတ်လည် ဝန်းကျင်၌နေသော တပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ၏။ အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ ဘုရားသခင့် အခွင့်နှင့်ပြီးကြောင်းကို ရိပ်မိကြ၏။
17またそのころ、ユダの尊い人々は多くの手紙をトビヤに送った。トビヤの手紙もまた彼らにきた。
17ထိုကာလတွင်၊ ယုဒမှူးမတ်တို့သည် များစွာ သော မေတ္တာစာကို တောဘိထံသို့ ပေးလိုက်၍၊ တောဘိ ပြန်ပေးသော စာအများကိုလည်း ရကြ၏။
18トビヤはアラの子シカニヤの婿であったので、ユダのうちの多くの者が彼と誓いを立てていたからである。トビヤの子ヨハナンもベレキヤの子メシュラムの娘を妻にめとった。彼らはまたトビヤの善行をわたしの前に語り、またわたしの言葉を彼に伝えた。トビヤはたびたび手紙を送って、わたしを恐れさせようとした。
18တောဘိသည် အာရာသားရှေကနိ၏ သမက် ဖြစ်သောကြောင့်၎င်း၊ သူ၏သား ယောဟနန်သည် ဗေရ ခိသား မေရှုလံသမီးနှင့် စုံဘက်သောကြောင့်၎င်း၊ ယုဒလူ အများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။
19彼らはまたトビヤの善行をわたしの前に語り、またわたしの言葉を彼に伝えた。トビヤはたびたび手紙を送って、わたしを恐れさせようとした。
19သူတို့သည် တောဘိပြုသောအမှုကောင်းတို့ကို ငါ့အား ပြန်ပြောကြ၏။ ငါ့စကားကိုလည်း သူ့အား ပြန်ပြောကြ၏။ သူသည်လည်း ငါကြောက်စေခြင်းငှါ စာပေးလိုက်လေ၏။