1主よ、王はあなたの力によって喜び、あなたの助けによって、いかに大きな喜びをもつことでしょう。
1အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏ အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူ ခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။
2あなたは彼の心の願いをゆるし、そのくちびるの求めをいなまれなかった。〔セラ
2သူ၏နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော် မမူ။ သူ၏စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ။
3あなたは大いなる恵みをもって彼を迎え、そのかしらに純金の冠をいただかせられる。
3ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေး တော်မူပြီ။ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော် မူပြီ။
4彼がいのちを求めると、あなたはそれを彼にさずけ、世々限りなくそのよわいを長くされた。
4သူသည် အသက်ကိုဆတောင်း၍၊ ကိုယ်တော် သည်မသက်မက၊ ထာဝရဘုရားကို ပေးသနားတော်မူပြီ။
5あなたの助けによって彼の栄光は大きい。あなたは誉と威厳とを彼に与えられる。
5ကယ်တင်တော်မူခြင်းအားဖြင့် သူသည် ဘုန်း ကြီး၍၊ လက်တော်မှ ဂုဏ်အသရေနှင့် တန်ခိုးအာနုဘော် ကို ခံရပါ၏။
6まことに、あなたは彼をとこしえに恵まれた者とし、み前に喜びをもって楽しませられる。
6ကိုယ်တော်သည် သူ့ကိုထာဝရမင်္ဂလာအရာ၌ ခန့်ထား၍၊ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက်စေ တော်မူ၏။
7王は主に信頼するゆえ、いと高き者のいつくしみをこうむって、動かされることはない。
7အကြောင်းမူကား၊ မင်းကြီးသည် ထာဝရဘုရား ကို ကိုးစား၍၊ အမြင့်ဆုံးသောဘုရား၏ ကရုဏာတော် ကြောင့် တည်ကြည်တတ်ပါ၏။
8あなたの手はもろもろの敵を尋ね出し、あなたの右の手はあなたを憎む者を尋ね出すであろう。
8ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကို တွေ့၍၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ျာ လက်တော်သည် တွေ့တော်မူမည်။
9あなたが怒る時、彼らを燃える炉のようにするであろう。主はみ怒りによって彼らをのみつくされる。火は彼らを食いつくすであろう。
9အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော် အားဖြင့် သူတို့ကို မျိုတော်မူ၍၊ မီးသည်လည်း လောင် စားပါလိမ့်မည်။
10あなたは彼らのすえを地から断ち、彼らの種を人の子らの中から滅ぼすであろう。
10သူတို့ အမျိုးအနွယ်ကို မြေကြီးမှ ပယ်ရှင်း ၍၊ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲက ဖျက်ဆီးတော်မူ မည်။
11たとい彼らがあなたにむかって悪い事を企て、悪いはかりごとを思いめぐらしても、なし遂げることはできない。
11အကြောင်းမူကား၊ ကိုယ်တော်တဘက်၌ မကောင်းသော အကြံကိုကြံစည်၍၊ မကောင်းသော ပရိယာယ်ကို ပြုကြပါပြီ။ သို့ရာတွင် အကြံမထမြောက် ကြပါ။
12あなたは彼らを逃げ走らせ、あなたの弓弦を張って、彼らの顔をねらうであろう。主よ、力をあらわして、みずからを高くしてください。われらはあなたの大能をうたい、かつほめたたえるでしょう。
12ထိုကြောင့် သူတို့မျက်နှာတဘက်၌ လေးမြှားတို့ ကိုရွယ်၍၊ သူတို့ ကျောကို လှည့်စေတော်မူမည်။
13主よ、力をあらわして、みずからを高くしてください。われらはあなたの大能をうたい、かつほめたたえるでしょう。
13အိုထာဝရဘုရား၊ ကိုယ်တော်သည် အစွမ်း တန်ခိုးအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်း ဆိုကြပါမည်။