1主よ、わたしはあなたに寄り頼みます。とこしえにわたしをはずかしめず、あなたの義をもってわたしをお助けください。
1အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခုံလှုံပါ ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ် ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကို ကယ်မတော်မူပါ။
2あなたの耳をわたしに傾けて、すみやかにわたしをお救いください。わたしのためにのがれの岩となり、わたしを救う堅固な城となってください。
2အကျွန်ုပ်ဘက်သို့ နားတော်ကို လှည့်၍ အလျင်အမြန်၊ ကယ်နှုတ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောကျောက်။ အကျွန်ုပ်လုံခြုံရာ ရဲတိုက်ဖြစ်တော်မူပါ။
3まことに、あなたはわたしの岩、わたしの城です。み名のためにわたしを引き、わたしを導き、
3အကယ်စင်စစ် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကို လမ်းပြ၍ သွန်သင်ပဲ့ပြင် တော်မူပါ။
4わたしのためにひそかに設けた網からわたしを取り出してください。あなたはわたしの避け所です。
4ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ ထိုကြောင့် အကျွန်ုပ်အဘို့ ဝှက်ထားသော ကျော့ကွင်းထဲ က အကျွန်ုပ်ကို နှုတ်ယူတော်မူပါ။
5わたしは、わが魂をみ手にゆだねます。主、まことの神よ、あなたはわたしをあがなわれました。
5သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူ သည်ဖြစ်၍၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏။
6あなたはむなしい偶像に心を寄せる者を憎まれます。しかしわたしは主に信頼し、
6မုသာအနတ္တကို ဆည်းကပ်သောသူတို့ကို အကျွန်ုပ်သည်မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏။
7あなたのいつくしみを喜び楽しみます。あなたがわたしの苦しみをかえりみ、わたしの悩みにみこころをとめ、
7ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍၊ အကျွန်ုပ်၏ ဝိညာဉ်တွေ့သောအမှုကို သိမှတ် တော်မူ၏။
8わたしを敵の手にわたさず、わたしの足を広い所に立たせられたからです。
8အကျွန်ုပ်ကို ရန်သူလက်သို့မအပ်ဘဲ ကျယ်ဝန်း သောအရပ်၌ နေရာချတော်မူ၏။
9主よ、わたしをあわれんでください。わたしは悩み苦しんでいます。わたしの目は憂いによって衰え、わたしの魂も、からだもまた衰えました。
9အိုထာဝရဘုရား၊ အကျွန်ုပ်၌ အမှုရောက်ပါပြီ။ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ။ ပူပန်ခြင်း အားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ။
10わたしのいのちは悲しみによって消えゆき、わたしの年は嘆きによって消えさり、わたしの力は苦しみによって尽き、わたしの骨は枯れはてました。
10အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍၊ အသက်ကာလ ကို လွန်စေရပါ၏။ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏။ ကိုယ်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍၊ ရန်သူများကြောင့် အရိုးတို့သည် ဆွေးမြေ့ကြပါ၏။
11わたしはすべてのあだにそしられる者となり、隣り人には恐れられ、知り人には恐るべき者となり、ちまたでわたしを見る者は避けて逃げます。
11အိမ်နီးချင်းတို့သည် အကျွန်ုပ်ကို အထူးသဖြင့် ကဲ့ရဲ့ကြပါ၏။ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့ သည် ရှောင်၍ ပြေးကြပါ၏။
12わたしは死んだ者のように人の心に忘れられ、破れた器のようになりました。
12မအောက်မေ့သော အသေကောင်ကဲ့သို့၊ အကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုးခြမ်းကဲ့သို့ အကျွန်ုပ် ဖြစ်ပါ၏။
13まことに、わたしは多くの人のささやくのを聞きます、「至る所に恐るべきことがある」と。彼らはわたしに逆らってともに計り、わたしのいのちを取ろうと、たくらむのです。
13လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏။ ပတ် ဝန်းကျင်အရပ်တို့၌ ကြောက်မက်ဘွယ်သောအကြောင်း ရှိပါ၏။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက်၊ အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ ၏။
14しかし、主よ、わたしはあなたに信頼して、言います、「あなたはわたしの神である」と。
14သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ၏။
15わたしの時はあなたのみ手にあります。わたしをわたしの敵の手と、わたしを責め立てる者から救い出してください。
15အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ် သောသူတို့ လက်မှအကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
16み顔をしもべの上に輝かせ、いつくしみをもってわたしをお救いください。
16မျက်နှာတော်၏ အလင်းကိုကိုယ်တော်၏ ကျွန် အပေါ်၌ ထွန်းလင်းစေတော်မူပါ။ ကရုဏာတော်ကြောင့်၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
17主よ、わたしはあなたに呼ばわります、わたしをはずかしめないでください。悪しき者に恥をうけさせ、彼らに声をあげさせずに陰府に行かせてください。
17အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပဌနာပြုပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းမရှိ ပါစေနှင့်။ လူဆိုးတို့မူကား၊ အရှက်ကွဲလျက်မရဏာနိုင်ငံ၌ တိတ်ဆိတ်စွာနေကြပါစေသော။
18高ぶりと侮りとをもって正しい者をみだりにそしる偽りのくちびるをつぐませてください。
18မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် တကွ၊ ဖြောင့်မတ်သောသူတဘက်၌ စော်ကားသော စကားကိုပြော၍၊ မုသာ၌ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာနေကြပါစေ။
19あなたを恐れる者のためにたくわえ、あなたに寄り頼む者のために人の子らの前に施されたあなたの恵みはいかに大いなるものでしょう。
19ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံ သော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော် သည် အလွန်ကြီးလှပါ၏။
20あなたは彼らをみ前のひそかな所に隠して人々のはかりごとを免れさせ、また仮屋のうちに潜ませて舌の争いを避けさせられます。
20လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေ ခြင်းငှါ၊ ကျိန်းဝပ်တော်မူရာ အတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားသော်မူ၏။ ရန်တွေ့ခြင်း အသံကိုကွယ်ကာ လျက်၊ တဲတော်တွင်သူတို့ကို စောင့်မတော်မူ၏။
21主はほむべきかな、包囲された町のようにわたしが囲まれたとき、主は驚くばかりに、いつくしみをわたしに示された。
21ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား၊ ခိုင်ခံသောမြို့၌ အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ။
22わたしは驚きあわてて言った、「わたしはあなたの目の前から断たれた」と。しかしわたしがあなたに助けを呼び求めたとき、わたしの願いを聞きいれられた。
22အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုတ်လှုပ်လျက် ဆိုမိသော်လည်း၊ ကိုယ်တော်ကိုအော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကိုကိုယ်တော်နားထောင်တော်မူသတည်း။
23すべての聖徒よ、主を愛せよ。主は真実な者を守られるが、おごりふるまう者にはしたたかに報いられる。すべて主を待ち望む者よ、強くあれ、心を雄々しくせよ。
23ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာ ရှိသောသူတို့ကို စောင့်မတော်မူ၏။ မာနထောင်လွှား သောသူတို့ကိုကား၊ အပြစ်များစွာဆပ်ပေးတော်မူ သတည်း။
24すべて主を待ち望む者よ、強くあれ、心を雄々しくせよ。
24ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့၊ အာယူ၍ ရဲရင့်သော စိတ်နှလုံးရှိကြလော့။