1神よ、いにしえ、われらの先祖たちの日に、あなたがなされたみわざを彼らがわれらに語ったのを耳で聞きました。
1အိုဘုရားသခင်၊ ရှေးလွန်လေပြီးသောကာလ တွင်၊ ဘိုးဘေးတို့လက်ထက်၌ ပြုတော်မူသောအမှုကို သူတို့ပြော၍၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ။
2すなわちあなたはみ手をもって、もろもろの国民を追い払ってわれらの先祖たちを植え、またもろもろの民を悩まして、われらの先祖たちをふえ広がらせられました。
2တပါးအမျိုးသားတို့ကို လက်တော်ဖြင့်နှင်ထုတ် ၍ အကျွန်ုပ်တို့၏ ဘိုးဘေးများကို နေရာချတော်မူ၏။ တပါးအမျိုးသားတို့ကို နှိပ်စက်၍ ဘိုးဘေးများကို ပြန့်ပွါး စေတော်မူ၏။
3彼らは自分のつるぎによって国を獲たのでなく、また自分の腕によって勝利を得たのでもありません。ただあなたの右の手、あなたの腕、あなたのみ顔の光によるのでした。あなたが彼らを恵まれたからです。
3သူတို့သည် ကိုယ်ထားဖြင့် ထိုမြေကိုအစိုးရကြ သည်မဟုတ်ပါ။ ကိုယ်လက်ဖြင့် ကိုယ်ကို ကယ်တင်ကြ သည်မဟုတ်ပါ။ ကိုယ်တော်အလိုရှိသောကြောင့် လက်ျာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ် တင်တော်မူ၏။
4あなたはわが王、わが神、ヤコブのために勝利を定められる方です。
4အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်း အကြောင်းကို စီရင်တော်မူပါ။
5われらはあなたによって、あだを押し倒し、われらに立ちむかう者を、み名によって踏みにじるのです。
5ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့သည် ရန်သူ များကို တွန်းချကြပါစေသော။ ရန်ဘက်ပြုသောသူတို့ကို နာမတော်အားဖြင့်နင်းရသော အခွင့်ရှိကြပါစေသော။
6わたしは自分の弓を頼まず、わたしのつるぎもまた、わたしを救うことができないからです。
6ကိုယ်၌ပါသောလေးကို အကျွန်ုပ်သည် မကိုး စား။ ကိုယ်ထားသည် အကျွန်ုပ်ကို မကယ်ရပါ။
7しかしあなたはわれらをあだから救い、われらを憎む者をはずかしめられました。
7ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူလက် မှကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တို့အား မုန်းသော သူများကိုလည်း အရှက်ကွဲစေတော်မူ၏။
8われらは常に神によって誇り、とこしえにあなたのみ名に感謝するでしょう。〔セラ
8အကျွန်ုပ်တို့သည် မခြားမလပ်ဘုရားသခင်၌ ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏။
9ところがあなたはわれらを捨てて恥を負わせ、われらの軍勢と共に出て行かれませんでした。
9သို့သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲစေတော်မူပြီး။ အကျွန်ုပ်တို့ ဗိုလ်ခြေ နှင့်အတူ ကြွတော်မမူပါ။
10あなたがわれらをあだの前から退かせられたので、われらの敵は心のままにかすめ奪いました。
10အကျွန်ုပ်တို့ကို ရန်သူရှေ့မှာပြန်ပြေးစေ တော်မူ၍၊ မုန်းသောသူတို့သည် အလိုလိုလုယူရကြ၏။
11あなたはわれらをほふられる羊のようにし、またもろもろの国民のなかに散らされました。
11ဟင်းလျာဖြစ်သောသိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက်၍၊ တပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ တော်မူ၏။
12あなたはわずかの金であなたの民を売り、彼らのために高い価を求められませんでした。
12ကိုယ်တော်၏ လူများကိုအဘိုးမခံဘဲရောင်း၍၊ ရောင်းသောအားဖြင့် စီးပွါးတော်ကို တိုးပွါးစေတော်မူ သည်မဟုတ်။
13あなたはわれらを隣り人にそしらせ、われらをめぐる者どもに侮らせ、あざけらせられました。
13အကျွန်ုပ်တို့ကို အိမ်နီးချင်းများကဲ့ရဲ့ရာ ပတ်ဝန်း ကျင်၌နေသော သူများပြက်ယယ်ပြု၍၊ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ၏။
14またもろもろの国民のなかにわれらを笑い草とし、もろもろの民のなかに笑い者とされました。
14တပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကို ပုံခိုင်း ရသောအခွင့်၊ လူစုတို့သည် ခေါင်းညှိတ်ရသောအခွင့်ကို ပေးတော်မူ၏။
15わがはずかしめはひねもすわたしの前にあり、恥はわたしの顔をおおいました。
15ကဲ့ရဲ့သောသူနှင့် အသရေဖျက်သော သူ၏ စကားကြောင့်၎င်း၊
16これはそしる者と、ののしる者の言葉により、敵と、恨みを報いる者のゆえによるのです。
16ရန်ဘက်ပြုသောသူနှင့် လက်စားချေသောသူ၏ မျက်နှာများကြောင့်၎င်း၊ အကျွန်ုပ်သည် ကိုယ်အရှက် ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ၏။
17これらの事が皆われらに臨みましたが、われらはあなたを忘れず、あなたの契約にそむくことがありませんでした。
17ထိုမျှလောက်ခံရသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့မလျော့။ သစ္စာတော်ကိုမဖျက်ကြပါ။
18われらの心はたじろがず、またわれらの歩みはあなたの道を離れませんでした。
18စိတ်နှလုံးသည် နောက်သို့မဆုတ်၊ တရားတော် လမ်းမှလွှဲ၍ မသွားကြပါ။
19それでもあなたは山犬の住む所でわれらを砕き、暗やみをもってわれらをおおわれました。
19ကိုယ်တော်မူကား၊ မြေခွေးနေရာအရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍၊ သေခြင်းအရိပ်နှင့် ဖုံးလွှမ်း တော်မူ၏။
20われらがもしわれらの神の名を忘れ、ほかの神に手を伸べたことがあったならば、
20အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင်၏ နာမ တော်ကိုမေ့လျော့၍၊ တပါးအမျိုး၏ ဘုရားထံသို့ လက်ကိုဆန့်သည်မှန်လျှင်၊
21神はこれを見あらわされないでしょうか。神は心の秘密をも知っておられるからです。
21နှလုံး၌ဝှက်ထားသော အရာများကိုဘုရားသခင် သိတော်မူသည်ဖြစ်၍၊ ထိုအမှုကိုမစစ်ဘဲနေတော်မူ မည်လော။
22ところがわれらはあなたのためにひねもす殺されて、ほふられる羊のようにみなされました。
22အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့ သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏။
23主よ、起きてください。なぜ眠っておられるのですか。目をさましてください。われらをとこしえに捨てないでください。
23အိုဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့်။
24なぜあなたはみ顔を隠されるのですか。なぜわれらの悩みと、しえたげをお忘れになるのですか。
24အကျွန်ုပ်တို့ ခံရသောနှိမ့်ချခြင်းနှင့် ညှဉ်းဆဲခြင်း ကို မျက်နှာတော်လွှဲ၍ အဘယ်ကြောင့်မေ့လျော့တော် မူသနည်း။
25まことにわれらの魂はかがんで、ちりに伏し、われらのからだは土につきました。起きて、われらをお助けください。あなたのいつくしみのゆえに、われらをあがなってください。
25အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မြေတိုင်အောင် နှိမ့်ချခြင်းကို ခံရ၍၊ ရင်ပတ်လည်းမြေ၌ကပ်လျက်ရှိပါ၏။
26起きて、われらをお助けください。あなたのいつくしみのゆえに、われらをあがなってください。
26အကျွန်ုပ်တို့ကို မစသောဘုရား၊ ထတော်မူပါ။ ကရုဏာတော်နှင့်အညီ ရွေးနှုတ်တော်မူပါ။