1主よ、わたしの言葉に耳を傾け、わたしの嘆きに、み心をとめてください。
1အိုထာဝရဘုရား၊ အကျွန်ုပ်၏စကားကို နား ထောင်တော်မူ၍၊ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ။
2わが王、わが神よ、わたしの叫びの声をお聞きください。わたしはあなたに祈っています。
2အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ်၍၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။
3主よ、朝ごとにあなたはわたしの声を聞かれます。わたしは朝ごとにあなたのためにいけにえを備えて待ち望みます。
3အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ် စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါကိုယ်တော် ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်။
4あなたは悪しき事を喜ばれる神ではない。悪人はあなたのもとに身を寄せることはできない。
4ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ်။ ဆိုးသောသူကို လက်ခံ တော်မမူ။
5高ぶる者はあなたの目の前に立つことはできない。あなたはすべて悪を行う者を憎まれる。
5မိုက်သော သူသည် အထံတော်သို့ မဝင်ရ။မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏။
6あなたは偽りを言う者を滅ぼされる。主は血を流す者と、人をだます者を忌みきらわれる。
6မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော် မူ၏။ လူအသက်ကို သတ်တတ်သောသူနှင့် လှည့်စား တတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော် မူ၏။
7しかし、わたしはあなたの豊かないつくしみによって、あなたの家に入り、聖なる宮にむかって、かしこみ伏し拝みます。
7အကျွန်ုပ်မူကား၊ များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့်၊ အိမ်တော်သို့ရောက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သော စိတ်နှင့်သန့်ရှင်းသော ဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည်။
8主よ、わたしのあだのゆえに、あなたの義をもってわたしを導き、わたしの前にあなたの道をまっすぐにしてください。
8အိုထာဝရဘုရား၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော် မူပါ။
9彼らの口には真実がなく、彼らの心には滅びがあり、そののどは開いた墓、その舌はへつらいを言うのです。
9သူတို့၏နှုတ်တွင် သစ္စာမရှိပါ။ သူတို့နှလုံးသည် အလွန်ဆိုးဝါး၏။ သူတို့၏လည်ချောင်းသည် ဖွင့်ထား သော သင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့သည် လျှာနှင့် ချော့မော့တတ်ကြ၏။
10神よ、どうか彼らにその罪を負わせ、そのはかりごとによって、みずから倒れさせ、その多くのとがのゆえに彼らを追いだしてください。彼らはあなたにそむいたからです。
10အိုဘုရားသခင်၊ သူတို့အပေါ်မှာ အပြစ်ရောက် စေတော်မူပါ။ မိမိတို့အကြံအစည်အားဖြင့် လဲကြပါစေ သော။ ကိုယ်တော်ကို ပုန်ကန်သော သူဖြစ်၍၊ ပြစ်မှား သော အပြစ်များသောကြောင့်၊ သူတို့ကို နှင်ထုတ်တော် မူပါ။
11しかし、すべてあなたに寄り頼む者を喜ばせ、とこしえに喜び呼ばわらせてください。また、み名を愛する者があなたによって喜びを得るように、彼らをお守りください。主よ、あなたは正しい者を祝福し、盾をもってするように、恵みをもってこれをおおい守られます。
11ကိုယ်တော်ကို ကိုးစားသော သူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော။
12主よ、あなたは正しい者を祝福し、盾をもってするように、恵みをもってこれをおおい守られます。
12အိုထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ် သော သူကို ကောင်းကြီးပေး၍ ကျေးဇူးတော်အားဖြင့် ကွယ်ကာ စောင့်မတော်မူလိမ့်သတည်း။