1わが魂はもだしてただ神をまつ。わが救は神から来る。
1အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါ့ကို ကယ်တင်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။
2神こそわが岩、わが救、わが高きやぐらである。わたしはいたく動かされることはない。
2အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ့ခိုလှုံရာဖြစ်တော် မူ၍၊ ငါ၌ လှုပ်ရှားခြင်းများစွာ မရှိရာ။
3あなたがたは、いつまで人に押し迫るのか。あなたがたは皆、傾いた石がきのように、揺り動くまがきのように人を倒そうとするのか。
3သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကို တိမ်းသော အုပ်ရိုး၊ လှုပ်သော ထရံကဲ့သို့ မှတ်၍၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက် ကြမည်နည်း။
4彼らは人を尊い地位から落そうとのみはかり、偽りを喜び、その口では祝福し、心のうちではのろうのである。〔セラ
4ထိုသူကို မြင့်သော အရပ်က လှဲခြင်းငှါ ကြံစည်လျက် နေကြ၏။ မုသာကို နှစ်သက်ကြ၏။ နှုတ်ဖြင့်ကား၊ ကောင်းကြီးကို ပေးလျက်၊ နှစ်လုံး၌ကြား၊ ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏။
5わが魂はもだしてただ神をまつ。わが望みは神から来るからである。
5အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။
6神こそわが岩、わが救、わが高きやぐらである。わたしは動かされることはない。
6အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါခိုလှုံရာဖြစ်တော် မူ၍၊ ငါသည် လှုပ်ရှားခြင်းမရှိရာ။
7わが救とわが誉とは神にある。神はわが力の岩、わが避け所である。
7ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ၏ဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း။ ငါ့ကို အားပေးသောကျောက်၊ ငါခိုလှုံရာကား ဘုရားသခင်ပေတည်း။
8民よ、いかなる時にも神に信頼せよ。そのみ前にあなたがたの心を注ぎ出せ。神はわれらの避け所である。〔セラ
8အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။
9低い人はむなしく、高い人は偽りである。彼らをはかりにおけば、彼らは共に息よりも軽い。
9အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏။
10あなたがたは、しえたげにたよってはならない。かすめ奪うことに、むなしい望みをおいてはならない。富の増し加わるとき、これに心をかけてはならない。
10ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့်။ အနိုင်အထက်လုယူ၍ မဝါကြွားကြနှင့်။ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့်။
11神はひとたび言われた、わたしはふたたびこれを聞いた、力は神に属することを。主よ、いつくしみもまたあなたに属することを。あなたは人おのおののわざにしたがって報いられるからである。
11ဘုရားသခင်သည် တကြိမ် ဗျာဒိတ်ပေးတော်မူပြီ။ နှစ်ကြိမ်မြောက် ငါကြားရသော ဗျာဒိတ်တော်ဟူမူ ကား၊ တန်ခိုးသည် ဘုရားသခင်၌ ရှိ၏။
12主よ、いつくしみもまたあなたに属することを。あなたは人おのおののわざにしたがって報いられるからである。
12အို ထာဝရဘုရား၊ ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် လူအသီးအသီးတို့ အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။