1この後、わたしは四人の御使が地の四すみに立っているのを見た。彼らは地の四方の風をひき止めて、地にも海にもすべての木にも、吹きつけないようにしていた。
1ထိုနောက်မှမြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှါ၊ ကောင်းကင်တမန် လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကိုကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။
2また、もうひとりの御使が、生ける神の印を持って、日の出る方から上って来るのを見た。彼は地と海とをそこなう権威を授かっている四人の御使にむかって、大声で叫んで言った、
2အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင် တမန်တပါးသည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့်ပင်လယ်ကိုညဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကိုအသံလွှင့်၍၊
3「わたしたちの神の僕らの額に、わたしたちが印をおしてしまうまでは、地と海と木とをそこなってはならない」。
3ငါတို့ဘုရားသခင်၏ ကျွန်ုပ်တို့ကိုနဖူး၌ တံဆိပ် မခတ်မှီတိုင်အောင်၊ မြေ ၊ ပင်လယ် ၊ သစ်ပင်တို့ကို မညှင်းဆဲပါနှင့်ဟုကြီးသောအသံနှင့် ကြွေးကြော်လေ၏။
4わたしは印をおされた者の数を聞いたが、イスラエルの子らのすべての部族のうち、印をおされた者は十四万四千人であった。
4တံဆိပ်ခတ်ခြင်းကိုခံရသော သူအရေအတွက်ကို ငါကြား၍၊ ဣသရေလအမျိုးသားတို့၌ အသီးသီးသော အမျိုးအနွယ်ထဲက လူတသိန်း လေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ၏။
5ユダの部族のうち、一万二千人が印をおされ、ルベンの部族のうち、一万二千人、ガドの部族のうち、一万二千人、
5ယုဒအမျိုးထဲက တသောင်းနှစ်သောင်း၊ ရူဗင်အမျိုးထဲက တသောင်းနှစ်ထောင်၊ ဂဒ်အမျိုးထဲက တသောင်းနှစ်ထောင်။
6アセルの部族のうち、一万二千人、ナフタリの部族のうち、一万二千人、マナセの部族のうち、一万二千人、
6အာရှာအမျိုးထဲက တသောင်းနှစ်ထောင်၊ နဿလိအမျိုးထဲက တသောင်းနှစ်ထောင်၊ မနာရှေ အမျိုးထဲက တသောင်းနှစ်ထောင်၊
7シメオンの部族のうち、一万二千人、レビの部族のうち、一万二千人、イサカルの部族のうち、一万二千人、
7ရှိမောင်အမျိုးထဲက တသောင်းနှစ်ထောင်၊ လေဝိ အမျိုးထဲက တသောင်းနှစ်ထောင် ၊ ဣသခါ အမျိုး ထဲက တသောင်းနှစ်ထောင်၊
8ゼブルンの部族のうち、一万二千人、ヨセフの部族のうち、一万二千人、ベニヤミンの部族のうち、一万二千人が印をおされた。
8ဇာဗုလုန်အမျိုးထဲက တသောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲက တသောင်းနှစ်ထောင်၊ ဗင်္ယာမိန် အမျိုးထဲက တသောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ် ခြင်းကိုခံရကြ၏။
9その後、わたしが見ていると、見よ、あらゆる国民、部族、民族、国語のうちから、数えきれないほどの大ぜいの群衆が、白い衣を身にまとい、しゅろの枝を手に持って、御座と小羊との前に立ち、
9ထို့နောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင် လျက်၊ စွန်ပလွံ ခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။
10大声で叫んで言った、「救は、御座にいますわれらの神と小羊からきたる」。
10သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီးသော အသံနှင့်ကြွေးကြော်ကြ၏။
11御使たちはみな、御座と長老たちと四つの生き物とのまわりに立っていたが、御座の前にひれ伏し、神を拝して言った、
11ပလ္လင်တော်မှစသော အသက်ကြီးသူတို့နှင့် သတ္တဝါလေးပါး၏ ပတ်ဝန်းကျင်၌ ရပ်နေသော ကောင်း ကင်တမန်အပေါင်းတို့သည်၊ ပလ္လင်တော်ရှေ့မှာ ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊
12「アァメン、さんび、栄光、知恵、感謝、ほまれ、力、勢いが、世々限りなく、われらの神にあるように、アァメン」。
12အာမင်။ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာ အဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိရှိတော်မူစေသတည်း။ အာမင်ဟုပြောဆိုကြ၏။
13長老たちのひとりが、わたしにむかって言った、「この白い衣を身にまとっている人々は、だれか。また、どこからきたのか」。
13အသက်ကြီးသူတပါးကလည်း၊ ဖြူသော ဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြသနည်းဟု ငါအားမေးမြန်းလျှင်၊
14わたしは彼に答えた、「わたしの主よ、それはあなたがご存じです」。すると、彼はわたしに言った、「彼らは大きな患難をとおってきた人たちであって、その衣を小羊の血で洗い、それを白くしたのである。
14ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌လျှော်၍ ဖြူစေသော သူဖြစ်ကြ သတည်း။
15それだから彼らは、神の御座の前におり、昼も夜もその聖所で神に仕えているのである。御座にいますかたは、彼らの上に幕屋を張って共に住まわれるであろう。
15ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍၊ ဗိမာန်တော်၌ဘုရားဝတ်ကိုနေ့ညဉ့်မပြတ် ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။
16彼らは、もはや飢えることがなく、かわくこともない。太陽も炎暑も、彼らを侵すことはない。御座の正面にいます小羊は彼らの牧者となって、いのちの水の泉に導いて下さるであろう。また神は、彼らの目から涙をことごとくぬぐいとって下さるであろう」。
16သူတို့သည် နောက်တဖန် ရေစာကို မငတ်မွတ်ရကြ။ နေရောင်ခြည်အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။
17御座の正面にいます小羊は彼らの牧者となって、いのちの水の泉に導いて下さるであろう。また神は、彼らの目から涙をことごとくぬぐいとって下さるであろう」。
17အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကို လုပ်ကျွေး၍ ၊ အသက် စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်ဟုဆိုလေ၏။