1ダリヨス王の第四年の九月、すなわちキスリウという月の四日に、主の言葉がゼカリヤに臨んだ。
1ဒါရိမင်းကြီးနန်းစံလေးနှစ်၊ ခိသလုမည်သော နဝမလလေးရက်နေ့တွင်၊
2その時ベテルの人々は、シャレゼル、レゲン・メレクおよびその従者をつかわして、主の恵みを請い、
2ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှါ၎င်း၊
3かつ万軍の主の宮にいる祭司に問わせ、かつ預言者に問わせて言った、「わたしは今まで、多年おこなってきたように、五月に泣き悲しみ、かつ断食すべきでしょうか」。
3နှစ်ပေါင်းများစွာပြုသကဲ့သို့ ပဥ္စမလတွင် ငိုကြွေး၍ ခြိုးခြံစွာ ကျင့်ရပါမည်လောဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အိမ်တော်၌ရှိသော ယဇ် ပုရောဟိတ်နှင့် ပရောဖက်တို့အား မေးလျှောက်ခြင်းငှါ ၎င်း၊ ရှရေဇာ၊ ရေဂင်္မေလက်နှင့် သူတို့လူများကို ဘုရား သခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊
4この時、万軍の主の言葉がわたしに臨んだ、
4ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါဇာခရိသို့ ရောက်လာ၍၊
5「地のすべての民、および祭司に告げて言いなさい、あなたがたが七十年の間、五月と七月とに断食し、かつ泣き悲しんだ時、はたして、わたしのために断食したか。
5ယဇ်ပုရောဟိတ်တို့နှင့် ပြည်သူပြည်သား အပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ၊ အနှစ်ခုနစ်ဆယ် ပတ်လုံး သင်တို့သည် ပဥ္စမလနှင့် သတ္တမလတွင် အစာ ရှောင်၍ ငိုကြွေးမြည်တမ်းသောအခါ၊ အကယ်စင်စစ် ငါ့အလိုရှိသည်အတိုင်း ငါ့အားအစာရှောင်ကြသလော။
6あなたがたが食い飲みする時、それは全く自分のために食い、自分のために飲むのではないか。
6စားသောက်သောအခါ၌လည်း ကိုယ်အလို အလျောက်စားသောက်ကြသည်မဟုတ်လော။
7昔エルサレムがその周囲の町々と共に、人が住み、栄えていた時、また南の地および平野にも、人が住んでいた時に、さきの預言者たちによって、主がお告げになった言葉は、これらの事ではなかったか」。
7ယေရုရှလင်မြို့မပျက်၊ စည်ပင်၍ ပတ်လည်၌ ရှိသောမြို့ရွာ၊ တောင်မျက်နှာအရပ်နှင့် မြေညီသော အရပ်၌ လူများသေးသောအခါ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော် ပြည့်စုံပြီမဟုတ်လောဟု မိန့်တော်မူ၏။
8主の言葉が、またゼカリヤに臨んだ、
8ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ဇာခရိသို့ ရောက်လာသည်ကား၊
9「万軍の主はこう仰せられる、真実のさばきを行い、互に相いつくしみ、相あわれみ、
9တရားအမှုကို တရားသဖြင့် စီရင်ကြလော့။ သနားခြင်းကရုဏာစိတ်နှင့် တယောက်ကို တယောက် ကျေးဇူးပြုကြလော့။
10やもめ、みなしご、寄留の他国人および貧しい人を、しえたげてはならない。互に人を害することを、心に図ってはならない」。
10မိဘမရှိသောသူ၊ မုတ်ဆိုးမ၊ တကျွန်းတနိုင်ငံ သား၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့်။ တယောက်ကို တယောက် မကောင်းသောအကြံကို မကြံကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသော် လည်း၊
11ところが、彼らは聞くことを拒み、肩をそびやかし、耳を鈍くして聞きいれず、
11သူတို့သည် နားမထောင်ဘဲလွတ်အောင် ရုန်းကြ ၏။ မကြားစေခြင်းငှါ နားကို ပိတ်ကြ၏။
12その心を金剛石のようにして、万軍の主がそのみたまにより、さきの預言者によって伝えられた、律法と言葉とに聞き従わなかった。それゆえ、大いなる怒りが、万軍の主から出て、彼らに臨んだのである。
12တရားစကားကို၎င်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် ထားတော်မူသောစကားကို၎င်း သူတို့သည် မကြားစေ ခြင်းငှါ၊ မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် အလွန်အမျက်ထွက်တော်မူ၏။
13「わたしが呼ばわったけれども、彼らは聞こうとしなかった。そのとおりに、彼らが呼ばわっても、わたしは聞かない」と万軍の主は仰せられる。「わたしは、つむじ風をもって、彼らを未知のもろもろの国民の中に散らした。こうして彼らが去った後、この地は荒れて行き来する者もなく、この麗しい地は荒れ地となったのである」。
13ငါဟစ်ခေါ်၍ သူတို့သည် နားမထောင်သကဲ့သို့၊ တဖန် သူတို့သည် ဟစ်ခေါ်၍ ငါလည်း နားမထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူ၏။
14「わたしは、つむじ風をもって、彼らを未知のもろもろの国民の中に散らした。こうして彼らが去った後、この地は荒れて行き来する者もなく、この麗しい地は荒れ地となったのである」。
14သူတို့မသိသော လူမျိုးအပေါင်းတို့တွင် လေဘွေ တိုက်၍ ငါလွှင့်ပြီ။ ထိုကြောင့်၊ သူတို့ ပြည်သည် လူဆိတ် ညံလျက်ရှိ၍ အဘယ်သူမျှ မသွားမလာ။ သာယာသော ပြည်သည် သုတ်သင်ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့် တော်မူ၏။