1あなたがた、恥を知らぬ民よ、共につどい、集まれ。
1အရှက်မရှိသော အမျိုးသားတို့၊ ကိုယ်ကို စစ် ကြောကြလော့။
2すなわち、もみがらのように追いやられる前に、主の激しい怒りがまだあなたがたに臨まない前に、主の憤りの日がまだあなたがたに来ない前に。
2အမိန့်တော်အတိုင်း မစီရင်၊ သင်တို့ အချိန်သည် ဖွဲကဲ့သို့မလွန်၊ ထာဝရဘုရား၏ပြင်းစွာသော အမျက် တော်သည် သင်တို့အပေါ်သို့မရောက်၊ ထာဝရဘုရား၏ အမျက်တော်နေ့သည် သင်တို့အပေါ်သို့ မရောက်မီ ကိုယ် ကို စစ်ကြောကြလော့။
3すべて主の命令を行うこの地のへりくだる者よ、主を求めよ。正義を求めよ。謙遜を求めよ。そうすればあなたがたは主の怒りの日に、あるいは隠されることがあろう。
3တရားတော်အတိုင်း ကျင့်၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကို ရှာကြ လော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့ ၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြ လိမ့်မည်။
4ともあれ、ガザは捨てられ、アシケロンは荒れはて、アシドドは真昼に追い払われ、エクロンは抜き去られる。
4အကယ်စင်စစ် ဂါဇမြို့သည် စွန့်ပစ်ရာ၊ အာရှ ကေလုန်မြို့သည် သုတ်သင်ပယ်ရှင်းရာ ဖြစ်လိမ့်မည်။ အာဇုတ်မြို့သားတို့ကို မွန်းတည့်အချိန်၌ နှင်ထုတ်၍၊ ဧကြုန်မြို့ကိုလည်း ဖြိုဖျက်ကြလိမ့်မည်။
5わざわいなるかな、海べに住む者、ケレテの国民。ペリシテびとの地、カナンよ、主の言葉があなたがたに臨む。わたしはあなたを滅ぼして、住む者がないようにする。
5အို ပင်လယ်ကမ်းနားမှာ နေသော ခေရသိ အမျိုးသားတို့၊ သင်တို့ တဘက်၌ ထာဝရဘုရား၏ နှုတ် ကပတ်တော်ရှိ၏။ အို ဖိလိတ္တိလူနေရာ ခါနာန်ပြည်၊ သင်၌ အဘယ်သူမျှ မနေစေခြင်းငှါ ငါသုတ်သင်မည်။
6海べよ、あなたは牧場となり、羊飼の牧草地となり、また羊のおりとなる。
6ပင်လယ်ကမ်းနား အရပ်သည် ကျက်စားရာ၊ သိုးထိန်းမှီခိုရာ၊ သိုးခြံလုပ်စရာဘို့ ဖြစ်လိမ့်မည်။
7海べはユダの家の残りの者に帰する。彼らはその所で群れを養い、夕暮にはアシケロンの家に伏す。彼らの神、主が彼らを顧み、その幸福を回復されるからである。
7ပင်လယ်ကမ်းသည်လည်း ကျန်ကြွင်းသော ယုဒ အမျိုးသားတို့အဘို့ဖြစ်၍၊ သူတို့သည် ထိုအရပ်၌ ကျက်စားကြလိမ့်မည်။ ညအချိန်၌လည်း အာရှကေလုန် မြို့ရာအိမ်တို့၌ အိပ်ကြလိမ့်မည်။ သူတို့၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ၍၊ သိမ်း သွားခြင်းဘေးကို ပယ်ရှင်းတော်မူလိမ့်မည်။
8「わたしはモアブのあざけりと、アンモンの人々の、ののしりを聞いた。彼らはわが民をあざけり、自ら誇って彼らの国境を侵した。
8မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ငါ၏လူမျိုးကို ကဲ့ရဲ့အပြစ်တင်၍၊ ငါ၏လူနေရာတဘက်၌ ဝါကြွားသော စကားကို ငါကြားပြီ။
9それゆえ、万軍の主、イスラエルの神は言われる、わたしは生きている。モアブは必ずソドムのようになる。アンモンの人々はゴモラのようになる。いらくさと塩穴とがここを占領して、永遠に荒れ地となる。わが民の残りの者は彼らをかすめ、わが国民の残りの者はこれを所有する」。
9သို့ဖြစ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား၊ မောဘပြည်နှင့် အမ္မုန်ပြည်သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဆူးပင်ပေါက်သောအရပ်၊ ဆားချက်ဘို့ မြေတူးရာအရပ်၊ အစဉ်အမြဲပျက်စီးရာ အရပ်ဖြစ်၍၊ ကျန်ကြွင်းသော ငါ၏လူ၊ ငါ၏အမျိုးသားတို့သည် လုယူ သိမ်းစားကြလိမ့်မည်။
10この事の彼らに臨むのはその高ぶりによるのだ。彼らが万軍の主の民をあざけり、みずから誇ったからである。
10ထိုသူတို့သည် မာနကြီးသော သူဖြစ်၍၊ ကဲ့ရဲ့ လျက်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ လူမျိုး တဘက်၌ ဝါကြွားသောကြောင့် ထိုသို့သော အပြစ်ကို ခံရကြလိမ့်မည်။
11主は彼らに対して恐るべき者となられる。主は地のすべての神々を飢えさせられる。もろもろの国の民は、おのおの自分の所から出て主を拝む。
11ထာဝရဘုရားသည် သူတို့တဘက်၌ ကြောက် မက်ဘွယ်ဖြစ်၍၊ လောကီဘုရားရှိသမျှတို့ကို အငတ်ထား တော်မူလိမ့်မည်။ တပါးအမျိုးသားနေရာ ကျွန်းရှိသမျှတို့ သည် အသီးအသီး မိမိတို့အရပ်၌ ရှိခိုးကြလိမ့်မည်။
12エチオピヤびとよ、あなたがたもまたわがつるぎによって殺される。
12အို ကုရှပြည်သားတို့၊ သင်တို့သည်လည်း ငါ့ထား ဖြင့် အသေခံရကြလိမ့်မည်။
13主はまた北に向かって手を伸べ、アッスリヤを滅ぼし、ニネベを荒して、荒野のような、かわいた地とされる。
13မြောက်မျက်နှာကိုလည်း တိုက်၍ အာရှုရိပြည် ကို ဖျက်ဆီးတော်မူမည်။ နိနေဝေမြို့ကို လူဆိတ်ညံရာ အရပ်၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်သော အရပ်ဖြစ်စေ တော်မူမည်။
14家畜の群れ、もろもろの野の獣はその中に伏し、はげたかや、やまあらしはその柱の頂に住み、ふくろうは、その窓のうちになき、からすは、その敷居の上に鳴く。その香柏の細工が裸にされるからである。この町は勝ち誇って、安らかに落ち着き、その心の中で、「ただわたしだけだ、わたしの外にはだれもない」と言った町であるが、このように荒れはてて、獣の伏す所になってしまった。ここを通り過ぎる者は皆あざけって、手を振る。
14မြို့အလယ်၌ သိုးစုများနှင့် တပါးအမျိုးသားရဲ အပေါင်းတို့သည် အိပ်ကြလိမ့်မည်။ ဝံပိုနှင့်ဖြူတို့သည် တံခါးထုပ်၌ နေရာကျ၍ ပြတင်းပေါက်၌ မြည်ကြလိမ့် မည်။ တံခါးခုံတို့သည် လူဆိတ်ညံလျက်၊ အာရဇ်သစ်သား ၌ အပြော်ပယ်ရှင်းလျက် ရှိလိမ့်မည်။
15この町は勝ち誇って、安らかに落ち着き、その心の中で、「ただわたしだけだ、わたしの外にはだれもない」と言った町であるが、このように荒れはてて、獣の伏す所になってしまった。ここを通り過ぎる者は皆あざけって、手を振る。
15ထိုမြို့က၊ ငါရှိ၏။ ငါမှတပါး အဘယ်သူမျှ မရှိ ဟု ဆိုလျက် သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ၊ သားရဲအိပ်ရာ သူအပေါင်းတို့သည် ကဲ့ရဲ့သံ ကို ပြု၍ လက်ဖျားခါကြလိမ့်မည်။