1Ɛeddan kra wussan, Sidna Ɛisa yuɣal-ed ɣer Kafernaḥum ; yeffeɣ lexbaṛ belli deg wexxam-nni i gella.
1နောက်တနေ့သ၌ ကိုယ်တော်သည်က ပေရနောင်မြို့သို့ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြ လျှင်၊
2Aṭas n lɣaci i d-innejmaɛen, armi ur d-yeqqim wemkan ula zdat tewwurt . Nețța yețbecciṛ-asen awal n Sidi Ṛebbi.
2တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျင်အမြန်စုဝေးကြသည်ဖြစ်၍ သူတို့အား တရားဟောတော်မူ၏။
3A ten-aya ṛebɛa yergazen wwin-d yiwen wukrif i Sidna Ɛisa.
3ထိုအခါ လက်ခြေသေသောသူတယောက်ကို လူလေးယောက်တို့သည်ထမ်း၍ အထံတော်သို့ဆောင်ခဲ့ ကြ၏။
4Akken walan ur zmiren ara a t-ssiwḍen ɣuṛ-es si lɣaci-nni, kkan-d si ssqef, kksen iqermuden sennig wanda yella Sidna Ɛisa, syenna ssadren-d ukrif-nni deg wusu-ines.
4လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့မချဉ်းကပ်နိုင်သဖြင့်၊ ကိုယ်တော်ရှိရာအပေါ်မှာ အမိုး ကို ဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိမ်ရာခုတင်ကို လျှော့ချကြ၏။
5Mi gwala liman-nsen, Sidna Ɛisa yenna i wukrif-nni : ?waɛeffan-ak ddnubat-ik a mmi.
5ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင်၊ လက်ခြေသေသောသူအား၊ ငါ့သား၊ သင်၏ အပြစ်ကို လွတ်စေပြီဟုမိန့်တော်မူ၏။
6Llan dinna kra lɛulama qqimen țxemmimen deg ulawen-nsen qqaṛen :
6ထိုအရပ်၌ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊
7Amek armi yessaweḍ a d-yini imeslayen-agi ? Wagi d lekfeṛ ! Anwa i gzemren ad yeɛfu ddnubat anagar Sidi Ṛebbi ?
7ဤသူသည် ဘုရားကိုလွန်ကျူး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင်မှတပါး အဘယ် သူသည် အပြစ်ကိုလွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။
8Imiren kan Sidna Ɛisa yeẓra ayen țxemmimen deg ulawen-nsen, yenna yasen : Acuɣer tețxemmimem akkagi deg ulawen-nwen ?
8သူတို့စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဉာဏ်အားဖြင့် ချက်ခြင်းသိတော်မူလျှင်၊ သင်တို့ စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ထင်မှတ်ကြသနည်း။
9D acu i gsehlen a s-t-iniɣ i wukrif-agi : țwaɛfan-ak ddnubat-ik, neɣ kker ddem usu-inek telḥuḍ ?
9လက်ခြေသေသောသူအား အဘယ်စကားကိုသာ၍ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။
10Ihi bɣiɣ aț-țeẓrem belli Mmi-s n bunadem yezmer ad yeɛfu ddnubat di ddunit. Yenna i wukrif-nni :
10လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။
11Kker, ddem usu-inek tṛuḥeḍ ɣer wexxam-ik !
11ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အား၊ ငါဆိုသည်ဟု လက်ခြေသေသောသူ အား မိန့်တော်မူ၏။
12Imiren kan, yekker yeddem usu-ines, yeffeɣ zdat-nsen irkul. Lɣaci wehmen deg wayen yedṛan, țḥemmiden Sidi Ṛebbi, qqaṛen : Werǧin ( di leɛmeṛ ) neẓri ayagi !
12ထိုသူသည်လည်း ချက်ခြင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာထွက်သွား၏။ ထိုလူ အပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
13Sidna Ɛisa yuɣal ɣer rrif n lebḥeṛ. Aṭas n lɣaci i d-ițasen ɣuṛ-es dɣa yesselmad-iten.
13နောက်တဖန် အိုင်နားသို့ ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြလျှင်၊ သူတို့အား ဆုံးမဩဝါဒပေးတော်မူ၏။
14Mi gɛedda, iwala yiwen umekkas yeqqim ițeṭṭef leɣṛama, isem-is Lewwi d mmi-s n ?alfi. Sidna Ɛisa yenna-yas : Ddud-d yid-i ! Lewwi yekker, yedda yid-es.
14လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာတဲ၌ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက် သို့ လိုက်လော့ဟု မိန့်တော်မူ၏။
15Mi llan tețțen deg wexxam n Lewwi nețța d inelmaden-is, qqimen-d yid-sen imekkasen akk-d yir imdanen, axaṭer aṭas i t-ittabaɛen.
15ထိုသူသည်လည်း ထ၍ နောက်တော်သို့လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင် စားပွဲ၌ လျောင်း တော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော်သို့လိုက်ကြ၏။
16Lɛulama d ifariziyen mi t-walan itețț d imekkasen akk-d yir imdanen, nnan i inelmaden-is : Acuɣer Ssid-nwen itețț d imekkasen akk-d imednuben ?
16ထိုသို့ အခွန်ခံသောသူ၊ ဆိုးသောသူတိုနှင့်အတူ စားတော်မှုသည်ကို ကျမ်းပြုဆရာဖာရိရှဲတို့သည် မြင် လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်းဟု တပည့် တော်တို့အား ဆိုကြ၏။
17Mi sen-yesla Sidna Ɛisa, yenna yasen : Mačči d wid iṣeḥḥan i geḥwaǧen ṭṭbib, meɛna d imuḍan. Ur d-usiɣ ara ad ssiwleɣ i iḥeqqiyen, meɛna i imednuben.
17ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။
18Inelmaden n Yeḥya aɣeṭṭas akk-d ifariziyen llan țțuẓummen. Usan-d ad steqsin Sidna Ɛisa nnan-as : Acuɣer inelmaden n Yeḥya d inelmaden n ifariziyen țțuẓummen, ma d inelmaden-ik ur țțuẓummen ara ?
18အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည်လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေ ကြပါသနည်းဟု လျှောက်ကြ၏။
19Sidna Ɛisa yerra-yasen : Eɛni zemren inebgawen n tmeɣṛa ad uẓummen ma yella yid-sen yesli ? Kra ara yekk yesli yid-sen ur zmiren ara ad uẓummen.
19ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။
20A d-yas lweqt i deg ara sen yețwakkes yesli, deg wass-nni ad uẓummen.
20မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့်ခွာ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့် မည်။ ထိုကာလအခါ သူတို့သည်အစာရှောင်ကြလိမ့်မည်။
21Yiwen ur yețxiḍi tafaweț tajdiṭ i uceṭṭiḍ aqdim, neɣ m'ulac tafaweț-nni ara s-nernu aț-țesseɣṛes aceṭṭiḍ-nni aqdim dɣa acerrig-nni ad innerni.
21အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သစ်သည် အဝတ် ဟောင်းကို စား၍အပေါက်ကျယ်တတ်၏။
22Yiwen ur ițțačaṛ iyeddiden ( tiyelwin ) iqdimen s ccṛab ajdid, neɣ m'ulac ccṛab-nni ad ifelleq iyeddiden ; ccṛab ad inɣel, iyeddiden-nni ad qqeṛsen. Meɛna ccṛab ajdid ilaq ad immir ɣer iyeddiden ijdiden !
22၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည်ယို၍ သားရေဘူးလည်း ပျက်စီး တတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။
23Yiwen wass n ssebt yellan d ass n westeɛfu , Sidna Ɛisa yezger igran n yirden. Inelmaden-is teddun țekksen tigedrin.
23ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကို ဆွတ်လျက် ခရီးသွားကြ၏။
24Ifariziyen nnan-as : Acuɣer xeddmen inelmaden-ik ayen ur nelli ara d leḥlal deg wass n ssebt ?
24ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြ သော်၊
25Sidna Ɛisa yerra-yasen : Di leɛmeṛ teɣṛim wayen yexdem ugellid Dawed asmi i ten-yeṭṭef laẓ nețța d irfiqen-is ?
25ကိုယ်တော်က၊ ယဇ်ပုရောဟိတ်မင်း အဗျာသာ လက်ထက်၌ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ ဆာ မွတ်၍ မတတ်နိုင်သောအခါ၊
26Yekcem ɣer wexxam n Sidi Ṛebbi deg wussan i deg yella Abyaṭar d lmuqeddem ameqqran, yečča nețța d irfiqen-is tiḥbulin-nni n weɣṛum yețțunefken d lweɛda, ɣas akken aɣṛum-nni i lmuqedmin kan iwumi yeḥlel.
26ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှ မစားအပ်သော ရှေ့တော် မုန့်ကိုစား၍ မိမိအဘော်တို့အား ပေးသည်အကြောင်းကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလော။
27Yenna-yasen : Ass n westeɛfu yețwaxdem i wemdan, mačči d amdan i gețwaxedmen i wass n westeɛfu.
27ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ ဖြစ်သည်မဟုတ်။
28Daymi Mmi-s n bunadem yeḥkem ula ɣef wass n westeɛfu.
28သို့ဖြစ်၍ လူသားသည်ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။