Kabyle: New Testament

Myanmar

Matthew

18

1Di lweqt-nni, inelmaden n Sidna Ɛisa qeṛṛben ɣuṛ-es nnan-as : -- Anwa i d ameqqran di tgelda n igenwan ?
1ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည်သာ၍ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက်ကြသော်၊
2Sidna Ɛisa yessawel i yiwen weqcic isbedd-it di tlemmast-nsen, yenna :
2သူငယ်တယောက်ကိုခေါ်တော်မူ၍၊ တပည့်တော်တို့အလယ်၌ထားပြီးမှ၊
3A wen-d-iniɣ tideț ; ma yella ur d-tuɣalem ara ɣer webrid, m'ur teqbilem ara aț-țilim .am arrac imecṭuḥen, ur tkeččmem ara ɣer tgelda n igenwan !
3ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ။
4Daymi, win ara yeṣṣemẓin iman-is am weqcic-agi amecṭuḥ, d nețța ara yilin d ameqqran di tgelda n igenwan.
4ထို့ကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုမိမိနှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ကြီးမြတ်လိမ့်မည်။
5Kra win ara yestṛeḥben s weqcic am-agi ɣef ddemma n yisem-iw, yis-i i gesṭerḥeb.
5အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ်တစုံတယောက်ကို လက်ခံ၏၊ ထိုသူ သည် ငါ့ကိုပင်လက်ခံ၏။
6Win ara yesseɣlin di ddnub ula d yiwen seg imecṭuḥen-agi yumnen yis-i, axiṛ-as a s-cudden aɣaṛef n tsirt ɣer temgeṛṭ-is, a t-ḍeggṛen ɣer lebḥeṛ ad iɣṛeq.
6ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ၏၊ ထိုသူသည် လည် ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင်အနေသာ၍ကောင်း၏။
7A tawaɣit n ddunit-a, imi qwant tsebbiwin n tuccḍa ! Axaṭer tisebbiwin n tuccḍa ulamek ur d-țilint ara. Meɛna a nnger n win ara yilin d sebba-nsent.
7မှားယွင်းစရာအကြောင်းများရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ မှားယွင်းစရာ အကြောင်းရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။
8Ma yella d afus-ik neɣ d aḍaṛ-ik ara k-yesseɣlin di ddnub, gzem-iten, ḍeggeṛ-iten akkin fell-ak, axiṛ-ak aț-țiliḍ di ddunit d aɛiban wala aț-țesɛuḍ sin iḍaṛṛen neɣ sin ifassen, aț-țwaḍeggṛeḍ ɣer tmes ur nxețți.
8သင်၏လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကိုဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရ မီးထဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်သာ၍ကောင်း၏။
9Ma yella daɣen ț-țiṭ-ik ara k-yawin ɣer ddnub, qleɛ-iț ḍeggeṛ-iț akkin fell-ak ; axiṛ-ik aț-țiliḍ di ddunit s yiwet n tiṭ wala aț-țesɛuḍ snat wallen, aț- țwaḍeggṛeḍ ɣer tmes n ǧahennama.
9သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတဘက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။
10Ɣuṛ-wat aț-țḥeqṛem yiwen seg imecṭuḥen-agi axaṭer aql-i nniɣ awen-t : lmalayekkat-nsen deg igenwan, zgant daymen zdat Baba Ṛebbi.
10သင်တို့သည် ဤသူငယ်ကို တစုံတယောက်ကို မထီမဲ့မြင်မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆို သည်ကား၊ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကိုအစဉ် မပြတ်ဖူးမြင်ကြ၏။
11[ Axaṭer Mmi-s n bunadem yusa-d ad isellek wid i gḍaɛen ! ]
11ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။
12D acu twalam ? Ma yella win yesɛan meyya wulli dɣa teɛṛeq-as yiwet deg-sent, ur ițțaǧa ara țesɛa uțesɛin-nni nniḍen di lexla iwakken a d-inadi ɣef tin i s-iɛeṛqen ?
12အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။
13A wen-iniɣ tideț : ma yufa-ț, ad ifṛeḥ yis akteṛ n țesɛa uțesɛin-nni nniḍen ur neɛṛiq ara.
13တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုး တကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။
14Akken daɣen Baba-twen Ṛebbi yellan deg igenwan, ur yebɣi ara a s-iṛuḥ ula d yiwen seg imecṭuḥen-agi.
14ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေ ခြင်းငှာ အလိုတော်မရှိ။
15Ma yella twalaḍ gma-k idneb, ṛuḥ ṭṭef-it weḥd-es, nhu-t. Ma yuɣ-ak awal, atan trebḥeḍ-ed gma-k !
15ထို့ကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏ အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကို ကိုရပြီ။
16Meɛna ma igumma a k-d-isel, awi yiwen neɣ sin yemdanen yid-ek, iwakken ad ilin d inigan m'ara tefru temsalt , akken i d-tenna ccariɛa.
16သို့မဟုတ် သင်၏စကားကိုနားမထောင်လျှင်။ လူနှစ်ဦးသုံးဦး သက်သေခံ၍စကားရှိသမျှတို့ကို တည် စေခြင်းငှာ ကိုယ်နှင့်အတူ လူတဦးနှစ်ဦးကိုခေါ်ဦးလော့။
17Ma yugi a sen-isel, ssiweḍ tamsalt ɣer tejmaɛt n watmaten, m'ur iḥess ara ula i tejmaɛt-nni, ḥseb-it am akken d akafriw neɣ d amekkas axabit !
17ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အားကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊ အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့။
18A wen-iniɣ tideț : ayen akk ara teqnem neɣ iwumi ara tserrḥem di ddunit, ad yețwaqbel deg igenwan.
18ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာသင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်။
19A wen-iniɣ daɣen s tideț : ma yella sin seg-wen ddukklen iwakken ad ssutren kra di tẓallit, Baba Ṛebbi yellan deg igenwan, a sen-t-id-yefk.
19တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်း လျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။
20Axaṭer anda ara dduklen sin neɣ tlata s yisem-iw, ad ḥedṛeɣ gar-asen !
20အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။
21Imiren Buṭrus iqeṛṛeb ɣuṛ-es yenna-yas : A Sidi, acḥal n tikkal ilaq ad semḥeɣ i gma ma yeḍlem-iyi, armi d sebɛa n tikkal ? SSidna Ɛisa yerra yas :
21ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။
22Xaṭi ! Ur k-d-nniɣ ara alamma d sebɛa tikkal, meɛna alamma d sebɛin iberdan sebɛa tikkal !
22အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။
23Daymi, tagelda n igenwan tețțemcabi ɣer yiwen ugellid yebɣan ad imḥasab nețța d iqeddacen-is.
23ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကိုစာရင်းယူခြင်းငှာ အလိုရှိသောမင်းကြီး တ ဦးနှင့်တူ၏။
24Akken yebda leḥsab, wwin-as-d yiwen uqeddac iwumi yețțalas imelyunen.
24စာရင်းယူစဉ်တွင်၊ ငွေအခွက်တသိန်းကြွေးတင်သောသူတယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။
25Imi ur yesɛi ara s wacu ara ixelleṣ, agellid-nni ifka lameṛ a ten-zzenzen d aklan, s nețța s tmeṭṭut-is, s warraw-is d wayen akk yesɛa, iwakken ad ixelleṣ ṭṭlaba-ines.
25ထိုသူသည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကိုယ်မှစ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကို ဆပ်စေဟု သူ၏သခင်စီရင်၏။
26Aqeddac-nni yeɣli ɣer iḍaṛṛen n ugellid, iḥellel-it yenna-yas : «` A Sidi, ṣṣbeṛ kra wussan, ad uɣaleɣ a k-xellṣeɣ ayen akk i yi tețțalaseḍ. »
26ထိုကျွန်သည်ညွတ်ပြပ်ဝပ်တွားလျက်၊သခင်၊ ကျွန်တော်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါ မည်ဟုလျှောက်လျှင်၊
27Imi i t-iɣaḍ aṭas, agellid-nni isumeḥ-as ṭṭlaba-ines iserreḥ-as ad iṛuḥ.
27သူ၏သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ်၍ချမ်းသာပေးလေ၏။
28Akken kan i d-iffeɣ uqeddac-nni immuger-ed yiwen seg imdukkal-is ixeddmen yid-es, iwumi yețțalas kra n iṣurdiyen. IIkker ɣuṛ-es yeṭṭef-it si temgeṛṭ yeqqaṛ-as : « Err-iyi-d ayen i k țțalaseɣ ! »
28ထိုကျွန်သည်ထွက်သွားရာတွင် မိမိငွေဒေနာရိတရာကြွေးတင်သော ကျွန်ချင်းတယောက်ကိုတွေ့လျှင်၊ လည်ပင်းကိုကိုင်ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟုဆို၏။
29Amdakkel-is yeɣli ɣer iḍaṛṛen-is iḥellel-it, yenna-yas : « Sṣbeṛ kra n wussan, ad uɣaleɣ a k-xellṣeɣ ! »
29ထိုကျွန်ချင်းသည် ကျွေးရှင်၏ခြေရင်း၌ပြပ်ဝပ်လျက် ကျွန်တော်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊
30Lameɛna ur yeqbil ara ad isbeṛ, yerra-t ɣer lḥebs, alamma tețwaxelleṣ ṭṭlaba-ines.
30ငွေရှင်သည် နားမထောင်ဘဲသွား၍ ကြွေးကိုမဆပ်မှီတိုင်အောင် သူ့ကိုထောင်ထဲမှာလှောင်ထား၏။
31Iqeddacen nniḍen mi walan ayen yedṛan, iɣaḍ-iten lḥal, dɣa ṛuḥen ṣṣawḍen lexbaṛ i ugellid.
31ထိုအမှုအရာကို အခြားသောကျွန်ချင်းတို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့်သွား၍၊ ပြုလေ သမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။
32Agellid iceggeɛ ɣer uqeddac-nni akken a d-yas, dɣa yenna-yas : « A yir amdan ! Mi tețḥellileḍ deg-i, eɛni ur k-sumḥeɣ ara akk ṭṭlaba-inek ?
32ထိုအခါ သခင်သည်ထိုကျွန်ကိုခေါ်၍၊ ဟယ် ဆိုးညစ်သောကျွန်၊ သင်သည်ငါ့ကိုတောင်းပန်သော ကြောင့် သင်၌တင်သမျှသောကြွေးကို ငါရှင်းလင်းစေ၏။
33Acuɣeṛ ihi ur as-tsumḥeḍ ara i wemdakkel-ik akken i k-sumḥeɣ nekkini ? »
33ငါသည်သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလောဟု ဆိုလျက်၊
34Agellid-nni yezɛef aṭas, yerra aqeddac-nni ɣer lḥebs, iwakken ad inɛețțab alamma tețwaxelleṣ ṭṭlaba ines.
34အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မှီတိုင်အောင် အာဏာသားတို့လက်ကိုအပ်လေ၏။
35Akken daɣen ara wen-yexdem Baba Ṛebbi yellan deg igenwan ma ur tețsamaḥem ara i watmaten-nwen seg ul.
35သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက်အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတံ့ဟု မိန့်တော်မူ၏။