1Nak laj Samuel quicam, chixjunileb laj Israel queßxchßutub ribeb. Queßyâbac xban xrahil xchßôleb. Laj Samuel quimukeß saß lix chßochß aran Ramá. Chirix aßan laj David cô saß li chaki chßochß aran Parán.
1ထိုနောက် ရှမွေလသေသောအခါ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် စည်းဝေး၍ ငိုကြွေး မြည်တမ်းခြင်းကို ပြုသဖြင့်၊ ရာမမြို့တွင် သူ၏အိမ်၌ သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည် ထ၍ ပါရန်တောသို့ သွားလေ၏။
2Quicuan jun li cuînk biom aj Nabal xcßabaß saß li naßajej Maón. Cuan xchßochß aran Carmel. Oxib mil lix carner ut jun mil lix chibât. Saß jun li cutan yô chixbesbal rix lix carner aran Carmel.
2ထိုအခါ မောနအရပ်၌ နေ၍ ကရမေလမြို့၌ ဥစ္စာများသော သူတဦးရှိ၏။ ထိုသူသည် လူကြီးဖြစ်၍၊ သိုးသုံးထောင်၊ ဆိတ်တထောင်ကို ရတတ်၏။ ကရမေလမြို့မှာ သိုးမွေးကို ညှပ်၍နေ၏။
3Laj Nabal, aßan xcomoneb li ralal xcßajol laj Caleb. Laj Nabal cau xchßôl ut joskß. Li rixakil xAbigail xcßabaß. Li ixk aßan, chßinaßus na-iloc ut cuan xnaßleb.
3ထိုသူ၏အမည်ကား နာဗလ၊ သူ၏မယားအမည်ကား အဘိဂဲလတည်း။ ထိုမိန်းမသည် ဥာဏ်ကောင်း၍ အဆင်းလည်းလှ၏။ ယောက်ျားမူကား ခက်ထန်သော သဘောရှိ၏။ ဆိုးသော အမှုကိုလည်း ပြုတတ်၏။ ကာလက်အဆွေအမျိုးဖြစ်၏။
4Nak laj David cuan saß li chaki chßochß, quirabi resil nak laj Nabal yô chixbesbal rix lix carner.
4နာဗလသည် သိုးမွေးညှပ်၍ နေကြောင်းကို ဒါဝိဒ်သည် တော၌ ကြားလျှင်၊
5Quixbok riqßuin lajêb li sâj cuînk ut quixye reheb: —Texxic riqßuin laj Nabal aran Carmel. Têqßue xsahil xchßôl saß incßabaß lâin.
5လုလင်တကျိပ်တို့ကို ခေါ်၍ နာဗလရှိရာ ကရမေလမြို့သို့ သွားကြတော့။
6Ut têye re, “Aß taxak li tuktûquil usilal chicuânk âcuiqßuin ut riqßuineb ajcuiß chixjunileb lâ cuechßalal, joß eb ajcuiß li cßaßru cuan âcue, chan laj David.
6စည်းစိမ်ကြီးသော ထိုသူကို ငါ့ကိုယ်စား နှုတ်ဆက်၍ပြောရမည်မှာ၊ ကိုယ်တော်မှစ၍ ကိုယ်တော်၏အိမ်၊ ကိုယ်တော်နှင့် ဆိုင်သမျှတို့၌ ချမ်းသာရှိပါစေသော။
7Lâin xcuabi resil nak yôcat chixbesbal rix lâ carner. Joßcan nak xintakla xyebal âcue nak eb li nequeßiloc reheb lâ xul xeßcuan cuiqßuin ut mâcßaß xinbânu reheb. Mâcßaß xcuelkßa chiruheb nak xeßcuan cuiqßuin aran Carmel.
7ကိုယ်တော်၌ သိုးမွေးညှပ်သော သူများရှိကြောင်းကို အကျွန်ုပ်ကြားပါ၏။ အကျွန်ုပ်တို့နှင့် အတူနေသော ကိုယ်တော်၏ သိုးထိန်းတို့ကို အကျွန်ုပ်တို့သည် မပြစ်မှားပါ။ သူတို့သည် ကရမေလမြို့မှာ နေသော ကာလပတ်လုံး၊ သူတို့ဥစ္စာ တစုံတခုမျှ မပျောက်ပါ။
8Naru tâpatzß reheb lâ môs ut teßxye âcue nak yâl li yôquin chixyebal. Xintakla lin takl âcuiqßuin anakcuan saß li cutan nak sa saß âchßôl ut nintzßâma châcuu nak tâcßuleb saß xyâlal. Nintzßâma châcuu nak tâqßue li joß qßuial cuan châcuu reheb lin takl ut cue ajcuiß lâin, lâ cuamîg”, chan laj David.
8ကိုယ်တော်၏ လုလင်တို့ကို မေးမြန်းပါတော့။ သူတို့သည် ပြောကြလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်၏ လုလင်တို့သည် ရှေ့တော်၌ မျက်နှာရကြပါစေ။ အကျွန်ုပ်တို့သည် မင်္ဂလာနေ့၌ ရောက်ပါ၏။ လက်တော်၌ ရှိသမျှကို ကိုယ်တော်ကျွန်များ၊ ကိုယ်တော်၏သား ဒါဝိဒ်အား သနားတော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက်၏။
9Queßcôeb li sâj cuînk li queßtaklâc xban laj David ut queßxye re laj Nabal chixjunil li quiyeheß reheb xban laj David ut queßroybeni cßaßru teßsumêk cuiß.
9ဒါဝိဒ်၏ လုလင်တို့သည် နာဗလထံသို့ ရောက်သောအခါ၊ ဒါဝိဒ်မှာထားသမျှသော စကားတို့ကို ပြန်ပြောပြီးလျှင် တိတ်ဆိတ်စွာ နေကြ၏။
10Laj Nabal quichakßoc ut quixye reheb: —¿Ani li cuînk aßan? ¿Ani laj David li ralal laj Isaí? Anakcuan cßajoßeb li lokßbil môs yôqueb chi êlelic chiru lix patrón.
10နာဗလကလည်း၊ ဒါဝိဒ်ကား အဘယ်သူနည်း။ ယေရှဲ၏သားကား အဘယ်သူနည်း။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား။
11¿Ma tinqßue ta biß reheb lix cua rucßaheb li yôqueb chi besoc rix lin carner? ¿Ma tinqßue ta biß reheb li tib li ninyîb chokß reheb lin môs? ¿Ma ninnau ta biß bar xeßchal chak nak tinqßue xtzacaêmkeb li cuînk aßan? chan laj Nabal.
11ငါသည် ငါ့သိုးမွေးကို ညှပ်သောသူတို့အဘို့ ပြင်ဆင်သော ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကို ယူ၍ ငါမသိသော လူတို့အားပေးရမည်လောဟု ဒါဝိဒ်၏ လုလင်တို့အားပြောဆို၏။
12Eb li sâj cuînk queßsukßi riqßuin laj David ut queßxye re chixjunil li quixye laj Nabal.
12ဒါဝိဒ်၏ လုလင်တို့သည် လှည့်သွား၍ ထိုစကားအလုံးစုံတို့ကို ဒါဝိဒ်အားပြန်လျှောက်ကြ၏။
13Tojoßnak laj David quixye reheb: —Chapomak lê chßîchß, chan. Ut chixjunileb queßxqßue xchßîchßeb saß xcßâmal xsaß. Ut laj David quixchap ajcuiß lix chßîchß ut quixcßam chirix câhib ciento li soldados nak cô riqßuin laj Nabal. Cuib ciento queßcana aran chixcßacßalenquil li cßaßruheb re.
13ဒါဝိဒ်ကလည်း လူတိုင်း မိမိထားကို ခါး၌စည်းစေဟု မိမိလူတို့အားဆိုလျက် မိမိထားကို စည်းလေ၏။ လူလေးရာတို့သည် ဒါဝိဒ် နောက်သို့လိုက်ကြ၏။ နှစ်ရာတို့သည် ဥစ္စာ ပစ္စည်းများကို စောင့်၍ နေကြ၏။
14Jun lix môs laj Nabal quixye re lix Abigail: —¿Ma xacuabi nak laj David xtakla chak lix môs toj saß li chaki chßochß re xqßuebal xsahil xchßôl li kapatrón? Abanan aßan incßaß xcßuleb saß xyâlal. Quixhobeb ban.
14လုလင်တယောက်သည် နာဗလမယား အဘိဂဲလထံသို့သွား၍၊ ဒါဝိဒ်သည် အကျွန်ုပ်တို့သခင်ကို နှုတ်ဆက်အံ့သောငှါ တမန်တို့ကို တောမှစေလွှတ်၍၊ အကျွန်ုပ်တို့သခင်သည် သူတို့ကို ဆဲပါ၏။
15Eb aßan châbileb kiqßuin nak cocuan chak riqßuineb saß cßalebâl. Mâcßaß queßxbânu ke chi moco queßxchßeß li cßaßru ke.
15ထိုသူတို့သည် ကျွန်တော်တို့၌ အလွန်ကျေးဇူးပြုပါပြီ။ ကျွန်တော်တို့သည် တောမှာ နေ၍ သူတို့နှင့်ပေါင်းဘော်သော ကာလပတ်လုံးအရှုံးမခံ၊ ဥစ္စာတစုံတခုမျှ မပျောက်ပါ။
16Eb aßan coeßxcol chi kßek chi cutan ut queßxcol ajcuiß li kaquetômk.
16ကျွန်တော်တို့သည် သိုးထိန်း၍ သူတို့နှင့် ပေါင်းဘော်သော ကာလပတ်လုံး၊ သူတို့သည် နေ့ညဉ့်အစဉ်ကွယ်ကာလျက် နေကြပါ၏။
17Bânu usilal, cßoxla rix chi us cßaßru tâbânu. Relic chi yâl tâchâlk raylal saß xbên li kapatrón ut saß xbên ajcuiß chixjunileb lix jun cablal. Xban nak kßaxal joskß, mâ ani naru naâtinac riqßuin, chan.
17သို့ဖြစ်၍ သခင်မသည် အဘယ်သို့ပြုသင့်သည်ကို ကြည့်ရှုဆင်ခြင်ပါတော့။ အကျွန်ုပ်တို့ သခင်နှင့် အိမ်သူအိမ်သား အပေါင်းတို့၌ ဘေးပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မလူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြောမလျှောက်ဝံ့ပါဟု ဆိုလေသော်၊
18Lix Abigail saß junpât quixchßutub cuib ciento li caxlan cua, cuib bôls li vino, ôb li carner ac pombil, cuib nînki chacach li trigo ac qßuilinbil, jun ciento jôb li uvas, ut cuib ciento li caxlan cua yîbanbil riqßuin chaki higos. Quixqßue chixjunil aßin chirixeb lix bûr.
18အဘိဂဲလသည် မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသော သိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက် အပြွတ်တရာ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန် ယူ၍ မြည်းတို့အပေါ်၌တင်ပြီးလျှင်၊
19Ut quixye reheb lix môs: —Lâex ayukex chi ubej ut lâin tinxic mokon, chan. Abanan incßaß quixye re lix bêlom.
19ငါ့ရှေ့မှာ သွားကြ။ ငါလိုက်မည်ဟု ကျွန်တို့အား ဆို၏။ လင်နာဗလကို အလျှင်းမပြော။
20Lix Abigail yô chi xic chi mukmu chirix lix bûr saß li cubsînc. Mâcßaß saß xchßôl nak quiril laj David rochbeneb lix soldados yôqueb chak chi châlc.
20မြည်းကို စီးလျက်သွား၍ တောင်ခြေရင်း၌ ဆင်းလှည့်စဉ်တွင်၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက် တချက် ဆင်းလာ၍ တယောက်နှင့် တယောက် တွေ့ကြုံကြ၏။
21Laj David yô chi cßoxlac ut quixye saß xchßôl: —Mâcßaß rajbal nak xincol rix li cßaßru cuan re li cuînk aßan saß li chaki chßochß. Mâ jun li cßaßru cuan re xkachßeß. Abanan aßan mâusilal xbânu ke chokß rêkaj li usilal xkabânu re.
21ထိုသို့မတွေ့မှီ ဒါဝိဒ်က၊ အကယ်စင်စစ် ထိုသူ၏ ဥစ္စာ တစုံတခုကိုမျှ မပျောက်စေခြင်းငှါ၊ တော၌ သူပိုင်သမျှတို့ကို ငါသည် အချည်းနှီးစောင့် ပါပြီတကား။ ငါကောင်းသော အမှုအတွက်၊ မကောင်း သော အမှုကို သူပြုပါပြီတကား။
22Aß taxak li Kâcuaß chiqßuehok cue chixtojbal inmâc cui toj yoßyôkeb li cuînk xcomoneb laj Nabal nak tâsakêuk cuulaj, chan laj David.
22နက်ဖြန် မိုဃ်းလင်းသောအခါ၊ နာဗလနှင့် ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျားတစုံတယောက်ကို ငါချန်ထားလျှင်၊ ထိုမျှမက ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူတို့အား ပြုတော်မူစေသတည်းဟု ဆိုနှင့်ပြီ။
23Nak lix Abigail quiril laj David, quicube chirix lix bûr saß junpât ut quixcuikßib rib saß chßochß chiru laj David re xqßuebal xlokßal.
23အဘိဂဲလသည် ဒါဝိဒ်ကို မြင်သောအခါ၊ မြည်းပေါ်က အလျင်အမြန်ဆင်းပြီးလျှင် ဒါဝိဒ်ရှေ့တွင် မြေပေါ်မှာ ဦးညွှတ်ချ၍၊
24Quixcut rib chi rok laj David ut quixye re: —At kâcuaß, chicanâk ta saß inbên li mâc li xbânu laj Nabal. Caßaj cuiß nintzßâma châcuu nak tinâcanab chi âtinac âcuiqßuin ut tâcuabi taxak li cßaßru tinye âcue.
24သူ၏ ခြေရင်း၌ ဝပ်တွားလျက်၊ ကျွန်မသခင်၊ အပြစ်ရှိသမျှကို ကျွန်မခံပါမည်။ ကိုယ်တော်၏ ကျွန်မသည် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ။
25Nintzßâma châcuu nak incßaß tâqßue saß âchßôl li cßaßru xye âcue li cuînk aßan, li incßaß us xnaßleb. Joßcan nak aj Nabal queßxqßue chokß xcßabaß xban nak mâcßaß xnaßleb. Lâin laj cßanjel châcuu, incßaß xcuileb ru li sâj cuînk li xataklaheb kiqßuin.
25ကိုယ်တော်၏ ကျွန်မစကားကို နားညောင်းတော်မူပါ။ ထိုအဓမ္မလူ နာဗလကို ကျွန်မသခင် မှတ်တော်မမူပါနှင့်။ သူ၏အမည်သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ၏အမည်ကား နာဗလ။ သူ၏ သဘောကား မိုက်ခြင်းဖြစ်သတည်း။ သခင်စေလွှတ်တော်မူသော လုလင်တို့ကို ကိုယ်တော် ကျွန်မသည် မမြင်ရပါ။
26Li Kâcuaß xtenkßan âcue. Joßcan nak incßaß xacamsiheb chixjunileb li cristian aßin. Incßaß xaqßue rêkaj li incßaß us xbânu cue joß xacßoxla xbânunquil. Cheßxcßulak taxak joß li tixcßul laj Nabal chixjunileb li xicß nequeßiloc âcue ut li teßraj xbânunquil raylal âcue.
26ယခုမှာ ကျွန်မသခင်၊ ကိုယ်တော်သည် လူအသက်ကို သတ်ခြင်းငှါ မသွားမည်အကြောင်း ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတားတော်မူသည်ဖြစ်၍၊ ထာဝရဘုရား အသက်တော် ကိုယ်တော်အသက်လည်း ရှင်တော်မူသည်အတိုင်း၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော်၏ ရန်သူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။
27Li cßaßak re ru aßin li xincßam chak, at kâcuaß David, chijeqßuîk reheb lâ soldados li cuanqueb âcuochben.
27ယခုမှာ ကိုယ်တော်၏ ကျွန်မသည် သခင့်ထံသို့ ဆောင်ခဲ့သော လက်ဆောင်ကို ကျွန်မသခင်နောက်တော်သို့ လိုက်သော လုလင်တို့ အားပေးစေတော်မူပါ။
28Chacuy taxak inmâc cui xinpaltoß châcuu. Li Kâcuaß Dios tatxxakab chokß rey, joß eb ajcuiß lâ cualal âcßajol xban nak lâat yôcat chi pletic saß xcßabaß li Kâcuaß. Toj chalen anakcuan mâ jun li mâusilal nacabânu.
28ကိုယ်တော်၏ ကျွန်မအပြစ်ကိုသည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့်၎င်း၊ တသက်လုံးကိုယ်တော်၌အပြစ်တင်စရာ အခွင့်မရှိသောကြောင့်၎င်း၊ ထာဝရဘုရားသည် ကျွန်မ၏သခင်အဘို့ ခိုင်ခံ့ မြဲမြံသော အိမ်ကို တည်ဆောက်တော်မူလိမ့်မည်။
29Usta cuan li ani nasicßoc âcue re âcamsinquil, li Kâcuaß lâ Dios tâcolok âcue. Ut tixtzßektânaheb li xicß nequeßiloc âcue joß li pec li nequeßcuteß riqßuin rantßin xbaneb li cuînk.
29ကိုယ်တော်၏ အသက်ကို သတ်အံ့သောငှါ လူအချို့တို့သည် ထ၍ ရှာသော်လည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်မသခင်၏ အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ့တော်မူလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့အသက်ကိုမူကား၊ လောက်လွှဲထဲက ပစ်သကဲ့သို့ ပစ်တော်မူလိမ့်မည်။
30Nak acak xacßul li quixye chak châcuix li Kâcuaß ut nak acak xat-oc chokß xreyeb laj Israel,
30ထာဝရဘုရား ဂတိထားတော်မူသည်အတိုင်း၊ ကိုယ်တော်၌ ကျေးဇူးပြု၍ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ခန့်ထားတော်မူသောအခါ၊
31lâat incßaß târahokß âchßôl xban nak mâ ani xacamsi chi mâcßaß rajbal. Incßaß tâyotßekß âchßôl xban nak incßaß xaqßue rêkaj li mâusilal joß xacuaj lâat. Joßcan ut mâbânu junak mâusilal. Ut nak acak xatxqßue li Kâcuaß saß lâ cuanquilal, chinjulticokß taxak âcue, chan lix Abigail.
31ကျွန်မ၏ သခင်ကိုယ်တော်သည် အကြောင်းမရှိဘဲ လူအသက်ကို သတ်မိသောကြောင့်၎င်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်၎င်း၊ ကျွန်မ၏ သခင်ကိုယ်တော်သည် စိတ်ညှိုးငယ်ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရား သည် ကျွန်မ၏ သခင်၌ ကျေးဇူးပြုတော်မူပြီးမှ၊ ကိုယ်တော်၏ ကျွန်မကို အောက်မေ့တော်မူပါဟု လျှောက်လေ၏။
32Laj David quixye re: —Lokßoninbil taxak li Kâcuaß, lix Dioseb laj Israel, xban nak xatxtakla chak anakcuan re nak tinâcßul arin.
32ဒါဝိဒ်ကလည်း၊ ယနေ့ငါနှင့် တွေ့စေခြင်းငှါ၊ သင့်ကို စေလွှတ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
33Ut osobtesinbilat taxak xban li Dios xban nak xanau xcßoxlanquil chanru tâbânu. Xaram chicuu re nak incßaß tincamsiheb li cristian chi mâcßaß rajbal ut re ajcuiß nak incßaß tinqßue rêkaj li mâusilal joß xcuaj lâin.
33သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။ ယနေ့ငါသည် လူအသက်ကို သတ်အံ့သောငှါ၊ မသွားရမည်အကြောင်း၊ ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်း ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။
34Li Kâcuaß Dios xinixtenkßa anakcuan. Joßcan nak incßaß xinbânu raylal âcue. Cui ta incßaß xatchal chi junpât cuiqßuin, ninye âcue saß xcßabaß li Kâcuaß nak cuulaj mâ jun raj chic li nequeßtenkßan re laj Nabal quicana chi yoßyo. Xincamsiheb raj chixjunileb, chan.
34အကယ်စင်စစ် သင့်ကို ငါမညှင်းဆဲရမည်အကြောင်း၊ ဆီးတားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင်သည်ငါနှင့် တွေ့ခြင်းငှါ အလျင်အမြန်မလာလျှင်၊ အကယ်စင်စစ် နက်ဖြန်မိုဃ်းလင်းသောအခါ၊ နာဗလ၏ လူယောက်ျား တစုံတယောက်ကိုမျှ ငါချန်၍မထားဟု အဘိဂဲလအား ပြောဆိုလျက်၊
35Chirix aßan laj David quixcßul chixjunil li mâtan li quixcßam lix Abigail ut quixye re: —Ayu saß lâ cuochoch chi mâcßaß âcßaßux. Lâin xcuabi li cßaßru xaye cue ut tinbânu joß xatzßâma chicuu, chan laj David.
35သူဆောင်ခဲ့သော လက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏ မျက်နှာကိုလည်း ထောက်၍ နေမည်ဟုဆိုလေ၏။
36Lix Abigail cô cuißchic saß rochoch. Ut laj Nabal yô chi ninkßeîc chi sa saß xchßôl nak quicuulac joß nak nequeßninkßeîc li rey ut tâcalâk. Joßcan nak lix Abigail mâcßaß quixye re toj saß li cutan jun chic.
36အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့သော ပွဲကို မိမိအိမ်၌ ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက်နေသောကြောင့်၊ မိုဃ်းမလင်းမှီ မယားသည် အလျှင်းမပြော။
37Cuulajak chic nak ac xnumeß xcalajic laj Nabal, li rixakil quixserakßi re li cßaßru quicßulman. Cßajoß nak qui-oc xcßaßux laj Nabal chirabinquil aßan. Quisach xnaßleb ut incßaß chic qui-ecßan.
37မိုဃ်းလင်း၍ နာဗလသောက်သော စပျစ်ရည်အရှိန်ကုန်သောအခါ၊ ထိုအမှုများကို မယားပြောသဖြင့် သူသည်နှလုံးသေ၍ ကျောက်ကဲ့သို့ဖြစ်၏။
38Nak ac xnumeß lajêb cutan chic, li Kâcuaß quixrak xyußam laj Nabal ut quicam.
38ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။
39Nak laj David quirabi resil nak quicam laj Nabal, quixye: —Lokßoninbil taxak li Kâcuaß xban nak aßan xqßuehoc rêkaj re laj Nabal li incßaß us xbânu cue. Quinixtenkßa re nak incßaß quinbânu li incßaß us. Li Kâcuaß xqßue chixtojbal xmâc laj Nabal, chan. Ut laj David quixtakla resil riqßuin lix Abigail nak târaj sumlâc riqßuin.
39နာဗလသေကြောင်းကို ဒါဝိဒ်ကြားသောအခါ၊ ငါခံရသော ကဲ့ရဲ့ခြင်းအမှုကို စောင့်၍ နာဗလလက်မှ နှုတ်တော်မူ၍၊ ကိုယ်တော်ကျွန်ကို ဒုစရိုက်နှင့် ကင်းလွှတ်စေတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် နာဗလပြုသော ဒုစရိုက်ကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေတော်မူပြီဟု ဆို၏။ တဖန်လူကို စေလွှတ်၍ အဘိဂဲလနှင့် လက်ထပ်ခြင်းငှါ နှုတ်ဆက်လေ၏။
40Eb lix môs laj David queßcôeb Carmel riqßuin lix Abigail ut queßxye re: —Laj David xoxtakla chak âcuiqßuin. Aßan târaj nak tatxic chikix. Târaj âcßambal chokß rixakil, chanqueb.
40ဒါဝိဒ်၏ ကျွန်တို့သည် အဘိဂဲလရှိရာ ကရမေလမြို့သို့ ရောက်သောအခါ၊ ဒါဝိဒ်သည် သခင်မနှင့် လက်ထပ်ခြင်းငှါ ကျွန်တော်တို့ကို စေလွှတ်ပါပြီဟု ပြောဆိုလျှင်၊
41Lix Abigail quixcuikßib rib chiruheb ut quixye reheb: —Lâin aj cßanjel chiru laj David. Lâin tinchßaj li rokeb lix môs cui joßcan naraj aßan tinbânu, chan.
41အဘိဂဲလသည် ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက်၊ ကျွန်မသည် ကျွန်မသခင်၏ ကျွန်တို့ ခြေကို ဆေးသော ကျွန်မိန်းမဖြစ်စေသောဟု ဆိုပြီးမှ၊
42Lix Abigail quixcauresi rib re tâxic chirixeb lix môs laj David. Quitakeß chirix lix bûr ut quixcßameb ajcuiß ôb lix môs ixk ut queßcôeb chirixeb lix môs laj David. Ut lix Abigail quisumla riqßuin laj David.
42အလျင်အမြန်ထ၍ မိမိနောက်လိုက် ကျွန်မငါးယောက်ပါလျက် မြည်းစီးသဖြင့်၊ ဒါဝိဒ်စေလွှတ်သော လူတို့နှင့် တကွလိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ်လေ၏။
43Laj David ac quisumla riqßuin lix Ahinoam ut quisumla cuißchic riqßuin lix Abigail. Cabichaleb queßcuan chokß rixakil.Lix Mical lix rabin laj Saúl quicuan chokß rixakil laj David. Abanan laj Saúl quixqßue lix Mical chokß rixakil laj Palti li ralal laj Lais. Galim lix tenamit laj Lais.
43ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း သိမ်း၍ ထိုမိန်းမနှစ်ယောက်တို့သည် သူ၏ ခင်ပွန်းဖြစ်ကြ၏။
44Lix Mical lix rabin laj Saúl quicuan chokß rixakil laj David. Abanan laj Saúl quixqßue lix Mical chokß rixakil laj Palti li ralal laj Lais. Galim lix tenamit laj Lais.
44ရှောလုသည် မိမိသမီးဖြစ်သော ဒါဝိဒ်၏ မယားမိခါလကို၊ ဂလ္လိမ်မြို့သားဖြစ်သော လဲရှ၏သား ဖာလတိအားပေးစားနှင့်ပြီ။