1Laj Absalón, li ralal laj David, quicuan jun li ranab, xTamar xcßabaß. Cßajoß xchßinaßusal li xkaßal aßan. Laj Amnón, aßan jun chic li ralal laj David. Laj Amnón cô xchßôl chirix lix Tamar.
1ဒါဝိဒ်၏သား အဗရှလုံ၌ တာမာအမည်ရှိသော အဆင်းလှသော နှမတယောက်ရှိ၏။ ဒါဝိဒ်၏သား အာမနုန်သည် ထိုနှမကို ချစ်လေ၏။
2Cßajoß nak quixra ru lix Tamar toj retal quiyajer xban xcßoxlanquil ut incßaß naru târil ru. Xban nak lix Tamar mâjiß cuanjenak riqßuin cuînk, laj Amnón quixcßoxla nak mâcßaß târûk tixbânu re.
2ချစ်အားကြီးသောကြောင့် နာ၍နေ၏။ နှမတော်သည် အပျိုကညာဖြစ်၏။ သူ၌အဘယ်သို့ အလို ပြည့်စုံမည်ကို အာမနုန်သည် ကြံ၍မရနိုင်။
3Cuan jun li ramîg laj Amnón. Li ramîg, aßan laj Jonadab, li ralal laj Simea. Ut laj Simea, aßan li ras laj David. Laj Jonadab sêb xchßôl chixbânunquil li incßaß us.
3ဒါဝိဒ်အစ်ကို ရှိမာသား ယောနဒပ်သည် အာမနုန်၏ အဆွေခင်ပွန်းဖြစ်၏။ ထိုယောနဒပ်သည် လိမ္မာသောသူဖြစ်၏။
4Laj Jonadab quixye re laj Amnón: —Lâat ralalat li rey David. Ye cue cßaßut nak rajlal cutan yôcat chi bakocß, chan. Ut laj Amnón quixye re: —Lâin xcô inchßôl chirix lix Tamar, li ranab laj Absalón li cuas, chan.
4ကိုယ်တော်သည် ရှင်ဘုရင်၏ သားတော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ ပိန်ချုံးတော်မူ သနည်း။ ကျွန်တော်ကို မပြောချင်သလောဟု မေးလျှင်၊ အာမနုန်က၊ ငါ့ညီအဗရှလုံ၏ နှမတာမာကို တပ်သော စိတ်ရှိသည်ဟု ပြန်ပြော၏။
5Laj Jonadab quixye re: —Yoclan saß âcuarib ut bânu âcuib joß nak yajat. Nak tâchâlk lâ yucuaß châcuilbal, tâye re, “Bânu usilal, takla lix Tamar li cuîtzßin chixqßuebal lin tzacaêmk. Lâin nacuaj nak tâchâlk arin re tixyîb intzacaêmk chicuu ut tixqßue cue re tintzaca,” chaßakat re, chan laj Jonadab.
5ယောနဒပ်ကလည်း၊ ခုတင်ပေါ်မှာ တုံးလုံးနေ၍ နာဟန်ဆောင်ပါ။ ခမည်းတော်သည် အကြည့်အရှု ကြွလာတော်မူသောအခါ၊ အကျွန်ုပ်နှမတာမာလာ၍ ကျွေးမွေးပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင်၍ သူလက်၌စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ ချက်ပါစေဟု အခွင့်တောင်းရမည်ဟု အကြံပေးသည် အတိုင်း၊
6Joßcan nak laj Amnón quiyocla ut quixbânu rib joß nak yaj. Li rey David cô chirilbal ut laj Amnón quixye re: —Nintzßâma châcuu nak tâtakla lix Tamar arin re nak tixyîb chicuu cuibak incaxlan cua ut tixqßue cue re tintzaca, chan.
6အာမနုန်သည် တုံးလုံးနေ၍ နာဟန်ပြု၏။ ရှင်ဘုရင်သည် အကြည့်အရှုကြွလာတော်မူသောအခါ၊ အာမနုန်က၊ အကျွန်ုပ်နှမတာမာလာပါစေ။ သူလက်၌ အကျွန်ုပ်သည် စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ မုန့်ပြားနှစ်ပြားကို လုပ်ပါစေဟု ရှင်ဘုရင်အား အခွင့်တောင်းလေ၏။
7Ut laj David quixye re lix Tamar: —Tatxic saß rochoch laj Amnón lâ cuas ut tâyîb lix tzacaêmk, chan.
7ဒါဝိဒ်သည်လည်း တာမာအိမ်သို့ လူကို စေလွှတ်၍၊ သင်၏မောင် အာမနုန်အိမ်သို့ သွားပြီးလျှင် စားစရာကို ချက်ပေးပါဟု မှာလိုက်သည်အတိုင်း၊
8Joßcan nak lix Tamar cô saß rochoch laj Amnón ut quiril nak cuan saß xcuarib. Quixcßam li cßaj ut quixyîb li caxlan cua chiru laj Amnón ut quixqßue chi chakßac.
8တာမာသည် မောင်အာမနုန်အိမ်သို့ သွား၍ အာမနုန်သည် တုံးလုံးနေ၏။ တာမာသည် မုန့်ညက်ကို ယူ၍ နယ်ပြီးမှ၊ မောင်ရှေ့မှာ မုန့်ပြားတို့ကို လုပ်၍ ဖုတ် လေ၏။
9Quixcßam li xartin ut quixqßue li caxlan cua re. Abanan laj Amnón incßaß quixcuaß. Quixye re: —Tâye reheb chixjunileb nak teßêlk arin, chan. Ut chixjunileb queßel aran.
9ပုကန်ပြားကိုလည်းယူ၍ အာမနုန်ရှေ့မှာ လောင်းထားသော်လည်း သူသည်မစားဘဲ လူအပေါင်း တို့ကို ငါ့ထံမှ ထွက်သွားစေဟုဆိုသဖြင့်၊ လူအပေါင်းတို့သည် ထွက်သွားကြ၏။
10Ut laj Amnón quixye re lix Tamar: —Cßam chak li tzacaêmk arin saß incuarib ut tâqßue cue re tincuaß.— Ut lix Tamar quixchap li caxlan cua ut cô cuan cuiß lix cuarib laj Amnón li ras.
10တာမာအားလည်း၊ သင့်လက်၌ ငါစားရအောင် အခန်းထဲသို့ ယူခဲ့လော့ဟုဆိုသည်အတိုင်း၊ တာမာသည် မိမိလုပ်သော မုန့်ပြားတို့ကို ယူ၍ မောင်အာမနုန်ရှိရာ အခန်းထဲသို့ဝင်လေ၏။
11Lix Tamar quixqßue li tzacaêmk re, abanan laj Amnón quixchap lix Tamar ut quixye re: —At cuanab, yoclan cuiqßuin, chan.
11ထိုသို့အာမနုန်စားစရာဘို့ ယူခဲ့သောအခါ၊ သူသည် နှမလက်ကို ဆွဲ၍၊ ငါ့နှမ၊ ငါနှင့်အိပ်ပါဟု ဆို၏။
12Lix Tamar quixye re: —At cuas, incßaß. Minâpuersi chixbânunquil li incßaß us aßin. Lâo aj Israel incßaß nakabânu chi joßcan.
12တာမာကလည်းမပြုပါနှင့် ငါ့မောင်။ ငါ့ကိုမရှုတ်ချပါနှင့်။ ဣသရေလအမျိုး၌ ဤသို့သောအမှုကို မပြု သင့်၊ ဤအမှုဆိုးကို မပြုပါနှင့်။
13Cui tinbânu li mâc aßin, ¿chanru tincanâk lâin? Xutânal tinêlk lâin. Ut lâat tatcanâk joß jun cuînk incßaß us xnaßleb arin Israel. Nintzßâma châcuu nak tat-âtinak riqßuin li rey. Aßan tinixkßaxtesi chokß âcuixakil, chan.
13ပြုလျှင်ငါသည် ရှက်ခြင်းနှင့် အဘယ်သို့ ကင်းလွတ်မည်နည်း။ သင်သည်လည်း ဣသရေလအမျိုး၌ လူမိုက်ကဲ့သို့ဖြစ်လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင်ကို လျှောက်ပါလော့။ လျှောက်လျှင်မပေးစားဘဲ နေတော် မမူပါဟု ပြောဆိုသော်လည်း၊
14Abanan laj Amnón incßaß qui-abin chiru. Aßan kßaxal cau rib chiru lix Tamar. Quixchap chi puêrs ut quicuan riqßuin.
14အာမနုန်သည် နားမထောင်။ နှမထက်အားကြီးသဖြင့် အနိုင်ပြု၍ အိပ်လေ၏။
15Laj Amnón xbên cua quixra lix Tamar. Abanan nak ac xchap lix Tamar chi puêrs, kßaxal cuißchic xicß quiril. Quixye re: —Cuaclin ut elen arin, chan.
15တဖန်အာမနုန်သည် နှမကိုအလွန်မုန်းပြန်၏။ အရင်ချစ်အား ကြီးသည်ထက် မုန်းအားသာ၍ကြီးသဖြင့်၊ သင်ထ၍သွားတော့ဟုဆို၏။
16Ut lix Tamar quixye re: —Incßaß. Cui tinâcuâlina anakcuan, aßan kßaxal cuißchic yibru chiru li xabânu cue, chan. Abanan laj Amnón incßaß quirabi li cßaßru quixye.
16နှမကလည်း အကြောင်းမရှိပါ။ ငါ၌ပြုဘူးသောအပြစ်ထက် ယခုနှင်ထုတ်သော အပြစ်သာ၍ ကြီးသည် ဟု ဆိုသော်လည်း၊ အာမနုန်သည် နားမထောင်။
17Quixbok lix môs ut quixye re: —Isi li ixk arin, ut tzßap chi us li puerta, chan.
17အစေခံကျွန်တယောက်ကို ခေါ်၍ ဤမိန်းမကို နှင်ထုတ်လော့။ သူနောက်မှာ တံခါးကျင်ထိုးလော့ဟု စီရင်၏။
18Li môs quirisi chirix cab ut quixtzßap chi us li puerta. Lix Tamar cuan jun lix châbil akß chirix xcomon li nequeßrocsi eb lix rabin li rey, li toj mâjiß cuanjenakeb cuînk riqßuin.
18အပျိုကညာဖြစ်သော ရှင်ဘုရင်၏ သမီးတော် ဝတ်တတ်သည်အတိုင်း၊ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဝတ်လျက်ရှိသော တာမာကို အစေခံကျွန်သည် နှင်ထုတ်၍ သူနောက်မှာ တံခါးကျင်ထိုးလေ၏။
19Lix Tamar quixqßue li cha saß xjolom. Quixpej li rakß. Quixtzßap li ru riqßuin li rukß ut yô chi yâbac nak cô.
19တာမာသည်လည်း ခေါင်းပေါ်မှာ ပြာကိုတင်၍ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဆုတ်ပြီးမှ၊ ခေါင်းပေါ်၌ လက်တင်၍ ငိုကြွေးလျက် ပြန်သွား၏။
20Nak laj Absalón quiril lix Tamar, quixye re: —¿Ma xatxchap chi puêrs laj Amnón? Matyâbac, at cuanab. Laj Amnón, aßan lâ cuas. Mâ ani aj iqßuin tâserakßi li cßaßru xbânu âcue, chan. Joßcan nak lix Tamar quicana saß rochoch laj Absalón ut kßaxal ra saß xchßôl.
20မောင်ရင်းအဗရှလုံကလည်း၊ ငါ့အစ်ကိုအာမနုန်သည် သင်နှင့်အတူရှိပြီလော။ သို့သော်လည်း ငါ့နှမ တိတ်ဆိတ်စွာ နေလော့။ သူသည် သင်၏မောင်ဖြစ်၏။ ဤအမှုကိုမမှတ်နှင့်ဟုဆိုသော်၊ တာမာသည် မိမိမောင် အဗရှလုံအိမ်၌ ဆိတ်ညံစွာနေ၏။
21Nak quirabi li cßaßru quicßulman li rey David, cßajoß nak quijoskßoß.
21ဒါဝိဒ်မင်းကြီးသည် ထိုအမှုအလုံးစုံကို ကြားသိသောအခါ၊ အလွန်အမျက်ထွက်၏။
22Laj Absalón xicß chic quiril laj Amnón xban nak quixchap chi puêrs lix Tamar, li ranab. Abanan chi tîc mâcßaß quixye re.
22အဗရှလုံသည် အစ်ကိုအာမနုန်အား ကောင်းသောစကား၊ မကောင်းသောစကားကိုမပြော။ သို့ရာတွင် နှမတာမာကို ရှုတ်ချသောကြောင့် အငြိုးထား၏။
23Nak ac xnumeß chic cuib chihab, yôqueb chixbesbal rix lix carner laj Absalón aran Baal-hazor, nachß riqßuin li tenamit Efraín. Laj Absalón quixbok chixjunileb li ralal li rey re nak teßxic chi cuaßac riqßuin.
23ထိုနောက် နှစ်နှစ်စေ့သောအခါ အဗရှလုံသည် ဧဖရိမ်မြို့အနား၊ ဗာလဟာဇော်ရွာမှာ သိုးမွေးညှပ်ပွဲကို ခံ၍ ရှင်ဘုရင်၏သားတော်အပေါင်းတို့ကို ခေါ်ဘိတ်လေ၏။
24Cô riqßuin li rey David ut quixye: —At rey, yôqueb chixbesbal rixeb lin carner. Nintzßâma châcuu nak lâat, âcuochbeneb li nequeßcßanjelac châcuu, texxic cuiqßuin re tâsahokß saß êchßôl cuochben, chan.
24အဗရှလုံသည်လည်း ရှင်ဘုရင်ထံတော်သို့သွား၍၊ ကိုယ်တော်ကျွန်သည် သိုးမွေးညှပ်ပွဲကို ခံပါ၏။ ကျွန်များ တို့ကို ခေါ်၍ကိုယ်တော်ကျွန်နှင့်အတူ ကိုယ်တော်တိုင် ကြွတော်မူပါဟု လျှောက်လျှင်၊
25Li rey quixye: —At cualal, incßaß toxic chikajunilo xban nak kßaxal nabalo. Kßaxal terto tâêlk chokß âcue, chan. Usta laj Absalón quixpuersi ru re tâxic, abanan li rey incßaß cô. Abanan quixtzßâma chiru li Dios nak târosobtesi laj Absalón.
25ရှင်ဘုရင်ကမသွားသင့်ငါ့သား၊ လူအပေါင်းတို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆိုသဖြင့်၊ အဗရှလုံသွေးဆောင်သော်လည်း ကိုယ်တော်တိုင် မလိုက်ဘဲ ကောင်းကြီးပေး၏။
26Ut laj Absalón quixye re: —Cui incßaß târûk tatxic lâat, chixicak laj Amnón li cuas, chan. Ut li rey quixye re: —¿Cßaßut nak tâcuaj nak tâxic laj Amnón? chan.
26အဗရှလုံကလည်း၊ လိုက်တော်မမူလျှင်၊ နောင်တော်အာမနုန် လိုက်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က အဘယ်ကြောင့် လိုက်စေရမည်နည်းဟု ဆိုသော်လည်း၊
27Laj Absalón quirelaji ru li rey nak tâxic laj Amnón toj retal nak li rey quixtaklaheb laj Amnón ut chixjunileb li ralal.
27အဗရှလုံ ပူဆာသောကြောင့် အာမနုန်မှစ၍ သားတော်ရှိသမျှ လိုက်ရသောအခွင့်ကို ပေးတော်မူ၏။
28Laj Absalón quixye reheb lix môs: —Qßuehomak retal nak tâcalâk chi us laj Amnón. Nak tinye êre, têcamsi. Mexcßoxlac chixcamsinquil xban nak lâin yôquin chi taklânc êre. Cacuubresihomak êchßôl chixbânunquil li ninye êre, chan.
28အဗရှလုံကလည်း၊ အာမနုန်သည် စပျစ်ရည်ကို သောက်၍ ရွှင်လန်းသောအခါ စောင့်နေကြ။ အာမနုန် ကို ထိုးခုတ်ကြဟု ငါဆိုသောအခါ၊ သေအောင်လုပ်ကြံကြ။ မစိုးရိမ်ကြနှင့်။ ငါစီရင်သည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု မိမိကျွန်တို့အား မှာထားနှင့်သည် အတိုင်း၊
29Eb lix môs queßxbânu joß quiyeheß reheb xban laj Absalón. Queßxcamsi laj Amnón. Ut eb li ralal li rey queßtakeß chirixeb lix mûl ut queßêlelic.
29သူတို့သည် အာမနုန်ကို ပြုကြ၏။ ထိုအခါ ရှင်ဘုရင်၏ သားတော်အပေါင်းတို့သည် ထ၍ လားကို စီးလျက် ပြေးသွားကြ၏။
30Nak toj mâjiß nequeßcuulac li ralal, quicuulac resil riqßuin laj David nak queßcamsîc chixjunileb li ralal xban laj Absalón. Mâ jun chic quicana chi yoßyo.
30သူတို့မရောက်မှီအခြားသူလာ၍၊ အဗရှလုံသည် အရှင်မင်းကြီး၏သားတော်အပေါင်းတို့ကို သတ်ပါပြီ။ တယောက်မျှမကျန်ကြွင်းပါဟု နားတော်လျှောက်လေ၏။
31Laj David quicuacli ut quixpej li rakß ut quixcut rib saß chßochß xban xrahil xchßôl. Eb lix môs li cuanqueb rochben queßxpej ajcuiß li rakßeb.
31ရှင်ဘုရင်သည်ထ၍ အဝတ်တော်ကို ဆုတ်လျက် မြေပေါ်မှာ တုံးလုံးနေ၏။ ကျွန်တော်အပေါင်းတို့ သည်လည်း၊ မိမိတို့အဝတ်ကို ဆုတ်လျက် အနားတော်၌ နေကြ၏။
32Abanan, laj Jonadab li ralal li ras laj David quixye re: —At rey, incßaß xcamsiheb chixjunileb. Caßaj cuiß laj Amnón xcamsi. Laj Absalón ac cuan saß xchßôl nak tixcamsi laj Amnón chalen nak laj Amnón quixchap chi puêrs lix Tamar li ranab.
32ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနဒပ်က၊ အရှင်မင်းကြီး၏ သားတော်အပေါင်းတို့ကို သတ်လေပြီဟူသော စကားကို ယုံတော်မမူပါနှင့်။ အာမနုန်တယောက်တည်းသာ သေပါပြီ။ အဗရှလုံနှမတာမာကို အာမနုန်သည် ရှုတ်ချသောနေ့မှစ၍ ဤအမှုကိုသူ၏ မောင်စီရင်ပါပြီ။
33Mâpâb li cßaßru queßxye âcue. Moco xeßcamsîc ta chixjunileb lâ cualal. Caßaj cuiß laj Amnón quicamsîc, chan.
33ယခုမှာ ကျွန်တော်သခင်အရှင်မင်းကြီး၏ သားတော်အပေါင်းတို့သည် သေကြပြီဟုထင်လျက် စိတ် ညှိုးငယ်တော် မမူပါနှင့်။ အာမနုန်တယောက်တည်းသာ သေ၍ အဗရှလုံလည်း ပြေးပါလိမ့်မည်ဟု လျှောက်လေ ၏။
34Nak laj Absalón yô chi êlelic, jun li soldado li yô chi cßacßalênc quixqßue retal nak nabaleb yôqueb chak chi cubec saß li tzûl saß li be li naxic Horonaim.
34ထိုအခါကင်းစောင့်လုလင်သည် မြော်ကြည့်၍၊ မိမိ နောက်၌ တောင်ခြေရင်းလမ်းမှာ လူများလာသည်ကို မြင်၏။
35Laj Jonadab quixye re laj David: —Aßaneb lâ cualal li yôqueb chi châlc joß xinye âcue, chan.
35ယောနဒပ်ကလည်း၊ အရှင်မင်းကြီး၏သားတော်တို့သည် လာကြပါပြီ။ ကိုယ်တော်ကျွန်ပြောသောစကား မှန်ပါ၏ဟု လျှောက်သည် အဆုံး၌၊
36Tojeß ajcuiß târakekß chi âtinac laj Jonadab nak queßcuulac li ralal laj David ut japjôqueb re chi yâbac. Cßajoß nak queßyâbac laj David ut eb li nequeßcßanjelac chiru.
36ရှင်ဘုရင်၏သားတော်တို့သည် ရောက်လာ၍ အသံကိုလွှင့်လျက် ငိုကြွေးကြ၏။ ရှင်ဘုရင်နှင့် ကျွန်တော် အပေါင်းတို့သည် ပြင်းစွာ ငိုကြွေးကြ၏။
37Laj Absalón quiêlelic ut cô Gesur riqßuin li rey Talmai li ralal laj Amiud. Ut laj David rajlal cutan nayâbac xban xcamic laj Amnón li ralal.
37အဗရှလုံသည် ပြေး၍ ဂေရှုရမင်းကြီးအမိ ဟုဒ်သားတာလမဲထံသို့ သွား၏။ ဒါဝိဒ်သည် မိမိသား ကြောင့် နေ့တိုင်းငိုကြွေးမြည်တမ်းလေ၏။
38Nak quiêlelic laj Absalón, cô aran Gesur ut aran quicuan oxib chihab.Nak ac xnumeß xrahil xchßôl laj David chirix li ralal li quicam, quiraj cuißchic rilbal ru laj Absalón.
38အဗရှလုံသည် ဂေရှုရမြို့သို့ ပြေးပြီးမှ သုံးနှစ် နေ၏။
39Nak ac xnumeß xrahil xchßôl laj David chirix li ralal li quicam, quiraj cuißchic rilbal ru laj Absalón.
39တဖန်ဒါဝိဒ်မင်းကြီးသည် အာမနုန်သေသောကြောင့်၊ ထိုသူကို အောက်မေ့သောစိတ်အား လျော့သဖြင့် အဗရှလုံကိုလွမ်းဆွတ်လျက်နေ၏။