1Chirix aßan côo saß li be li naxic Basán. Ut laj Og, lix reyeb laj Basán, rochbeneb lix soldado queßchal chi pletic kiqßuin aran Edrei.
1ထိုအခါ ငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင် ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီလာ၏။
2Ut li Kâcuaß quixye cue: “Matxucuac xban laj Og xban nak lâin tinkßaxtesi saß êrukß rochbeneb chixjunileb lix soldado ut lix naßajeb. Tâbânu re joß xabânu re laj Sehón, lix reyeb laj amorreo li quicuan Hesbón,” chan.
2ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏ လူအပေါင်းတို့ကို၎င်း၊ သူ့မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့ ဤမင်းကိုလည်း ပြုရ မည်ဟု ငါ့အား မိန့်တော်မူ၏။
3Joßcan nak li Kâcuaß li kaDios quixkßaxtesi saß kukß laj Og lix reyeb laj Basán rochbeneb chixjunileb lix soldado. Kasach ruheb chixjunileb. Mâ jun chic queßcana.
3ထိုသို့ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ဗာရှန်ရှင်ဘုရင် ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌ အပ်တော်မူသဖြင့်၊ တယောက်မျှ မကြွင်း စေခြင်းငှါ လုပ်ကြံကြ၏။
4Ut quikêchani chixjunileb li tenamit. Mâ jun incßaß ta quikêchani. Oxcßâl li tenamit kachap. Aßan chixjunil li naßajej Argob li quitaklan cuiß li rey Og aran Basán.
4ထိုအခါ ငါတို့သည် မြို့ခြောက်ဆယ်နှင့် ပြည့်စုံ သော အာဂေါဘတိုင်း၊ ဗာရှန်ရှင်ဘုရင် ဩဃမင်း၏ နိုင်ငံကို၊ တမြို့မျှ မကြွင်းစေခြင်းငှါ တိုက်ယူကြ၏။
5Chixjunileb li tenamit aßin cauresinbileb chi us. Najt xteram eb li tzßac li sutsûqueb cuiß ut tzßaptzßôqueb li oquebâl riqßuin chßîchß. Ut cuanqueb ajcuiß nabal li tenamit li kachap li moco sutsûqueb ta riqßuin tzßac.
5ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါး များ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သော မြို့ဖြစ်သတည်း။ ထိုမှတပါး များစွာသော ရွာတို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။
6Kasach chixjunileb li tenamit joß kabânu re laj Sehón lix reyeb laj Hesbón. Ut kasach ruheb li cristian, joß cuînk, joß ixk, ut joß cocßal.
6ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့၊ အရပ်ရပ်၌ ယောက်ျား မိန်းမ သူငယ်တို့ကို သုတ်သင် ပယ်ရှင်းကြ၏။
7Ut kaxoc li quetômk chokß ke ut li cßaßru cuan saß eb lix tenamit.
7တိရစ္ဆာန်များ၊ မြို့ရွာ၌ လက်ရဥစ္စာများ ရှိသမျှ တို့ကို ကိုယ်ဘို့ သိမ်းယူကြ၏။
8Saß eb li cutan aßan lâo quikêchani lix naßajeb li cuib chi xreyeb laj amorreo. Quikêchani chixjunil li naßajej li cuan saß lix pacßal li nimaß Jordán li cuanco cuiß. Naticla cuan cuiß li nimaß Arnón ut nacuulac toj saß li tzûl Hermón.
8ထိုအခါ အာနုန်မြစ်မှစ၍ ဟေရမုန်တောင် တိုင်အောင်၊ ယော်ဒန်မြစ်အရှေ့ဘက်၌ ရှိသောမြေကို ငါတို့သည် သိမ်းယူကြ၏။
9(Eb laj Sidón nequeßxye Sirión re li naßajej Hermón ut eb laj amorreo nequeßxye Senir re.)
9ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ၍ ၎င်း၊ အာမောရိလူတို့သည် ရှုနိရဟူ၍၎င်း ခေါ်ဝေါ်ကြ၏။
10Quikêchani chixjunileb li tenamit li cuanqueb saß li ru takßa, li naßajej Galaad, li naßajej Basán ut eb li naßajej toj Salca ut Edrei. Aßaneb lix naßaj li rey Og aran Basán.
10ချိုင့်၌ ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည် တရှောက်လုံး၊ ဩဃမင်း၏ နိုင်ငံအဝင်၊ သာလကမြို့၊ ဧဒြမြို့တိုင်အောင် ဗာရှန်ပြည်တရှောက်လုံးကို သိမ်းယူ ကြ၏။
11(Chirix lix camic li rey Og, mâ jun chic xcana xcomoneb li nînki cuînk. Lix chßât laj Og yîbanbil riqßuin chßîchß. Numenak câhib metro rok ut numenak cuib metro ru. Toj naru rilbal saß li tenamit Rabá, lix tenamiteb li ralal xcßajol laj Amón.)
11အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာ ကျန်ကြွင်း ၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေး တောင်ရှိသော သူ၏ သံခုတင်သည် အမ္မုန်ပြည် ရဗ္ဗတ်မြို့ ၌ ရှိသည်မဟုတ်လော။
12Nak quikêchani li naßajej, lâin quinqßue reheb li ralal xcßajol laj Rubén ut eb li ralal xcßajol laj Gad li naßajej li cuan saß li norte. Naticla Aroer chire li nimaß Arnón ut quinqßue yijach li naßajej li tzûl ru li cuan Galaad rochbeneb li tenamit li cuanqueb aran.
12ထိုအခါ ငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ် နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင် တဝက် တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သားတို့အား ငါပေး၏။
13Ut reheb yijach li ralal xcßajol laj Manasés quinqßue li yijach jun chic li tzûl ru li cuan Galaad, joß ajcuiß li naßajej Basán, li quicuan cuiß chi taklânc li rey Og. Ut quinqßue ajcuiß reheb chixjunil li naßajej Argob, li nequeßxye “xnaßajeb li nînki cuînk” re.
13ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သော အာဂေါဘတိုင်း၊ ဗာရှန်ပြည်တပြည် လုံးကို မနာရှေအမျိုးသားတဝက်အား ငါပေး၏။
14Laj Jair, xcomoneb li ralal xcßajol laj Manasés quirêchani chixjunil li naßajej Argob nacuulac toj saß li nubâl re li naßajej Gesur ut Maaca. Ut quixqßue chokß xcßabaß Basán-havot-jair joß lix cßabaß aßan. Aßan lix cßabaß toj chalen anakcuan.
14မနာရှေအမျိုးသား ယာဣရသည်၊ အာဂေါဘ တိုင်း တတိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိ သိမ်းယူ ပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကို လိုက်၍ ဗာရှန် ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ၏။
15Li naßajej Galaad quinqßue re laj Maquir.
15ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အား ငါပေး၏။
16Ut reheb li ralal xcßajol laj Rubén ut eb li ralal xcßajol laj Gad quinqßue li naßajej li naticla Galaad ut nacuulac toj saß li nimaß Arnón ut nacuulac cuan cuiß li nimaß Jaboc li nubâl re lix naßajeb li ralal xcßajol laj Amón.
16ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သော မြေနှင့် တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊
17Saß li oeste lix naßajeb quicuulac cuan cuiß li nimaß Jordán. Naticla cuan cuiß li palau Cineret ut quicuulac cuan cuiß li palau Mar Muerto xcßabaß li cuan saß li sur. Nacuulac cuan cuiß li tzûl Pisga li cuan saß li este.
17လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား၊ ဂနေသရက် အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့၊ အာဇုတ်ဝိသဂါမြို့တိုင်အောင်၊ မြေတရှောက်လုံးကို၎င်း ငါပေး၏။
18Saß li cutan aßan lâin quinye êre, Li Kâcuaß li kaDios xqßue êre li naßajej aßin re texcuânk cuiß. Cauresihomakeb li cauheb xchßôl chi pletic ut taklahomakeb jun pacßal li nimaß Jordán re xtenkßanquileb li jun chßol chic laj Israel chixcolbal rix lix naßajeb.
18ထိုအခါ ငါက၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် ဤမြေကို သင်တို့အား အပိုင်ပေးတော်မူပြီ။ သို့ရာတွင် စစ်တိုက်တတ်သော သူအပေါင်းတို့သည် လက်နက်ကိုကိုင်၍၊ သင်တို့ညီအစ်ကို ဣသရေလအမျိုး သားတို့ရှေ့မှာ ကူးသွားရကြမည်။
19Ut caßaj eb cuiß li ixakilbej ut eb li cocßal teßcanâk saß eb li tenamit li xinqßue êre. Ut eb lê quetômk teßcanâk xban nak ninnau nak nabaleb lê quetômk.
19ထာဝရဘုရားသည် သင်တို့အား ချမ်းသာပေး တော်မူသည်နည်းတူ၊ ညီအစ်ကိုတို့အား ပေးတော်မမူမှီတိုင်အောင် ၎င်း၊ ယော်ဒန်မြစ်တဘက်၌ သင်တို့၏ ဘုရား သခင် ထာဝရဘုရားပေးတော်မူသောမြေကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၎င်း၊ သင်တို့မယား၊ သားသူငယ် များ၊ တိရစ္ဆာန်များတို့သည် ငါပေးသောမြို့တို့၌ နေရကြ မည်။
20Incßaß naru texsukßîk saß lê naßaj lâex toj teßrêchani lix naßajeb li jun chßol chic joß nak li Kâcuaß xqßue êre lâex. Nak ac cuânkeb saß lix naßajeb chi cßojcßo xchßôleb naru texsukßîk saß li naßajej li xqßueheß êre lâex.
20သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကို ငါသိ၏။ အမှုပြီးမှငါပေးနှင့်သည်အ တိုင်း၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ ပြန်လာရကြမည်ဟု သင်တို့အား ငါမှာထား၏။
21Saß li cutan aßan lâin quinchakßrabi laj Josué ut quinye re: Lâex xeril riqßuin xnakß êru chixjunil li quixbânu li Kâcuaß riqßuineb li cuib chi rey nak coxtenkßa chi numtâc saß xbêneb. Joßcan ajcuiß tixbânu riqßuineb chixjunileb li rey li cuanqueb bar texnumekß cuiß.
21ထိုအခါ ယောရှုကိုလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဤရှင်နှစ်ပါး၌ ပြုတော်မူသောအမှု အလုံးစုံကို သင်သည် ကိုယ်တိုင်မြင်ရပြီ။ ထိုအတူ၊ ထာဝရဘုရားသည် သင်ရောက်သမျှသော တိုင်းနိုင်ငံတို့၌ ပြုတော်မူလိမ့်မည်။
22Mexxucuac xban nak moco êjunes ta texpletik riqßuineb. Li Kâcuaß lê Dios ban tâtenkßânk êre chi pletic riqßuineb.
22ထိုသူတို့ကို မကြောက်နှင့်။ ငါ၏ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက်၌ စစ်ကူတော်မူမည်ဟု ငါမှာထားလေ၏။
23Lâin quintijoc chiru li Kâcuaß saß li cutan aßan ut quinye re:
23ထိုအခါ ထာဝရဘုရားကို ငါတောင်းပန်သည် ကား၊
24At nimajcual Dios, lâin aj cßanjel châcuu. Xatiquib xcßutbal lâ cuanquilal chicuu. Ninnau nak kßaxal nim lâ cuanquil xban nak mâcßaß chic junak dios tixbânu joß nacabânu lâat. Mâ jun cuan, chi moco saß choxa, chi moco saß ruchichßochß.
24အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ် တော်ကျွန်အား တန်ခိုးအာနုဘော်တော်ကို၎င်း၊ အားကြီး သော လက်တော်ကို၎င်း ပြစပြုတော်မူပြီ။ ကိုယ်တော် စီရင်၍ တန်ခိုးတော်ကို ပြသည်အတိုင်း၊ ကောင်းကင် မြေကြီးပေါ်မှာ အဘယ်မည်သော ဘုရားပြုနိုင်ပါ သနည်း။
25Nintzßâma châcuu nak chinâcanab chi xic jun pacßal li nimaß Jordán chirilbal li châbil naßajej. Tincuil taxak li châbil naßajej li tzûl ru ut li naßajej Líbano, chanquin re.
25အကျွန်ုပ်သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ ထိုကောင်းမွန်သောပြည်နှင့် လေဗနုန်တောင်မှစ၍ တင့်တယ်သော တောင်များကို မြင်ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း၊
26Abanan êmâc lâex nak quijoskßoß li Kâcuaß cuiqßuin ut incßaß quirabi li cßaßru quintzßâma chiru. Quixye cue, “Tzßakal li xaye. Mat-âtinac chic chirix aßan.
26ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်ထွက်တော်မူသောကြောင့်၊ ငါ့စကားကို နား ထောင်တော်မမူ။ ထာဝရဘုရားကလည်း၊ တန်တော့၊ ဤအမှုနှင့်ဆိုင်သော စကားကို နောက်တဖန် မလျှောက် နှင့်။
27Ayu saß xbên li tzûl Pisga ut tat-ilok saß li câhib pacßal. Tat-ilok saß li oeste, saß li norte, saß li sur ut saß li este. Tâcuil chi us li naßajej aßan xban nak lâat incßaß naru tatnumekß jun pacßal li nimaß Jordán.
27ပိသဂါတောင်ထိပ်ပေါ်သို့ တက်ပြီးလျှင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာသို့မြော်၍ ထိုပြည်ကို ကြည့်ရှုလော့။ ယော်ဒန်မြစ်ကို မကူးရ။
28Tâxakab laj Josué chi cßanjelac. Tâqßue xcacuilal xchßôl ut tâqßue xnaßleb xban nak aßan li tâcßamok be chiruheb li tenamit nak teßxic jun pacßal li nimaß chirêchaninquil li naßajej li yôcat chirilbal anakcuan”, chan cue.Joßcan nak cocana saß li ru takßa chiru li tenamit Bet-peor.
28သို့ရာတွင် ယောရှုကိုမှာခဲ့၍ အားပေးလော့။ မစထောက်ပင့်လော့။ သူသည် ဤလူမျိုးရှေ့မှာသွား၍၊ သင်မြင်ရသောပြည်ကို အမွေခံစေရမည်ဟု ငါ့အား မိန့်တော်မူ၏။
29Joßcan nak cocana saß li ru takßa chiru li tenamit Bet-peor.
29ထိုသို့ ငါတို့သည် ဗက်ပေဂုရမြို့တဘက်၌ ရှိသော ချိုင့်တွင် နေရကြ၏။