Kekchi

Myanmar

Isaiah

48

1Cherabihak lâex li ralal xcßajol laj Jacob, li nequecßabaßin Israel. Lâex xcomonex li ralal xcßajol laj Judá. Lâex li nequebânu li juramento saß xcßabaß li Kâcuaß ut nequextijoc saß xcßabaß li Dios. Nequeyâba xcßabaß li Kâcuaß lix Dioseb laj Israel. Abanan incßaß nequebânu saß xyâlal, chi moco saß tîquilal.
1အို ယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်း ကို ခံသောသူ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး၏ ဘုရား သခင်ကို ချီးမွမ်းသောသူ၊
2Abanan nequenimobresi êrib ut nequeye nak li Santil Tenamit, aßan lê tenamit lâex. Ut nequeye nak cau êchßôl riqßuin lix Dioseb laj Israel, li Kâcuaß li nimajcual Dios xcßabaß.
2သန့်ရှင်းသော မြို့တော်အလိုက်၊ ကိုယ်ကိုကိုယ် သမုတ်သောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး ၏ ဘုရားသခင်ကို မှီခိုသော သူတို့၊ နားထောင်ကြလော့။
3Li Kâcuaß Dios quixye reheb laj Israel: —Li cßaßru xcßulman, ac inyehom chak resilal junxil. Lâin quinyehoc chak re ut li cßaßru quinye quicßulman saß junpât.
3ဖြစ်ဘူးသောအရာတို့ကို အထက်က သင်တို့ အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ခြင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။
4Lâin xinbânu chi joßcan xban nak ninnau nak lâex incßaß nequetau xyâlal. Cau êchßôl. Chanchan xcacuil li chßîchß hierro ut bronce.
4သင်သည် ခိုင်မာသော သဘော၊ သံချောင်း လည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသော ကြောင့်၊
5Lâin quinye chak resil êre junxil li cßaßru tâcßulmânk. Nak toj mâjiß nacßulman quinye chak resil êre re nak incßaß têye nak aßaneb lê yîbanbil dios xbânun re li cßaßak re ru aßin. Incßaß têye nak lê dios cheß ut lê dios chßîchß xeßbânun re.
5အထက်က သင့်အား ငါဟောပြီ။ အမှုမဖြစ်မှီ ငါဘော်ပြပြီ။ သို့ဖြစ်၍ သင်က ၊ ငါ၏ရုပ်တုသည် ဤအမှု ကို ပြုပြီ။ ငါထုသော ရုပ်တု၊ ငါသွန်းသော ရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသော အခွင့်မရှိ။
6Ac xerabi chixjunil li ac xcßulman. Cßoxlankex chi us. Tento nak têye nak yâl li cßaßru xinye êre. Chalen anakcuan jalan chic li tinye êre. Tinye êre li mâ jun sut êrabiom junxil.
6သင်သည် အရင်ကြားရပြီ။ ဤအမှုအလုံးစုံတို့ ကို ကြည့်ရှုလော့။ သူတပါးတို့အား မကြားမပြောဘဲ နေမည်လော။ ယခုမှစ၍ အသစ်သောအရာ၊ ဝှက်ထား သောအရာ၊ သင်မသိသေးသော အရာတို့ကို ငါဘော်ပြ ၏။
7Anakcuan tinbânu. Mâcuaß li quinbânu najter. Incßaß xerabi resil toj anakcuan. Joßcan nak incßaß naru têye nak ac êrabiom junxil li cßaßru tinbânu anakcuan.
7ထိုအရာတို့ကို ယခုပင် ဖန်ဆင်း၏။ အထက်က ဖန်ဆင်းသည်မဟုတ်။ ယနေ့တိုင်အောင် သင်သည် မကြားစဖူး။ သို့ဖြစ်၍ သင်က ၊ ငါသိနှင့်ပြီဟု ပြောရသော အခွင့်မရှိ။
8Incßaß xerabi chi moco xetau ru. Chalen najter incßaß nequetau xyâlal. Lâin ninnau chanru lê naßleb. Lâin ninnau nak kßetkßetex chalen saß lê yoßlajic.
8အကယ်စင်စစ် သင်သည် မကြားမသိစဖူး။ သင်၏ နားသည် အထက်က မပွင့်။ အကြောင်းမူကား၊ သင်သည် သစ္စာပျက်လိမ့်မည်။ ဘွားစကပင် သင့်ကို သူပုန်ဟူ၍ သမုတ်ရလိမ့်မည်ကို ငါသိ၏။
9Abanan xban xtîquilal inchßôl, lâin incßaß xincßut injoskßil. Xban lin lokßal xincuy cuib. Joßcan nak incßaß xinsach êru.
9သို့သော်လည်း၊ သင့်ကို ရှင်းရှင်း မပယ်မဖြတ် ခြင်းငှါ၊ ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ် တည်းမည်။ ကိုယ်ဂုဏ်အသရေအတွက် သင်၏အမှု၌ ငါသည်းခံမည်။
10Lâin xinyal êrix riqßuin li raylal li xinqßue saß êbên. Incßaß xexinnumsi saß xam joß nak nacßatman li plata re risinquil lix tzßajnil.
10ငါသည် သင့်ကို စစ်ခဲ့ပြီ။ သို့သော်လည်း၊ ငွေကို စစ်သကဲ့သို့မဟုတ်၊ ဒုက္ခမှိုက်၌ သင့်ကို စုံစမ်းခဲ့ပြီ။
11Saß incßabaß lâin ut xban lin rahom nincuy cuib. Incßaß ninsach êru. Incßaß tinqßue cuib chi hobecß ut incßaß tinqßue lin lokßal re jalan chic.
11ကိုယ်အတွက် ငါပြုဦးမည်။ ငါ့နာမသည် ရှုပ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ဂုဏ် အသရေကို သတပါးအား ငါမပေး။
12Lâex laj Israel, li ralal xcßajol laj Jacob, cherahihak li oc cue chixyebal. Lâin li Kâcuaß. Lâin cuanquin saß xticlajic ut cuânkin ajcuiß toj saß rosoßjic.
12အိုယာကုပ်၊ ငါခေါ်သော ဣသရေလ၊ ငါ့စကား ကို နားထောင်လော့။ ငါသည် ဘုရားဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။
13Lâin quinyîban re li ruchichßochß ut lâin ajcuiß quinyîban re li choxa. Yal riqßuin li cuâtin queßcana saß xnaßajeb chixjunileb.
13အကယ်စင်စစ် ငါ့လက်သည် မြေကြီးကို တည် လေပြီ။ ငါ့လက်ျာလက်သည် မိုဃ်းကောင်းကင်ကို ကြက် လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ခြင်း ပေါ်လာကြ၏။
14Chßutubomak êrib ut abihomak li cßaßru tinye. ¿Ani junak êre tâyehok re cßaßru tâcßulmânk mokon? Lâin xinsicß ru jun li cuînk. Aßan tâbânûnk re li cßaßru xincßoxla xbânunquil reheb laj Babilonia ut reheb laj Caldea.
14ရှိသမျှသော သင်တို့၊ စည်းဝေး၍ နားထောင် ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူ သည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရား ချစ် တော်မူသော သူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံ စေမည်။ သူ၏ လက်သည်လည်း၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။
15Lâin xinyehoc re ut lâin xinxakaban re ut lâin tintaklânk re. Ut li cßaßru tixbânu, us tâêlk chiru.
15ငါ့ကိုယ်တိုင် အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။
16Châlkex cuiqßuin ut cherabihak li tinye êre. Chalen saß xticlajic incßaß xinâtinac êriqßuin riqßuin âtin chßaßaj xtaubal ru. Cuanquin êriqßuin nak yô chi cßulmânc chixjunil aßin. Li nimajcual Dios ut li Santil Musikßej queßtaklan chak cue.—
16ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြ လော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှု ဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကို စေလွှတ်တော်မူ၏။
17Li Dios Santo, lê Dios lâex aj Israel, laj Colol êre, quixye chi joßcaßin: —Lâin li Kâcuaß lê Dios. Lâin nincßutuc chêru li cßaßru têbânu re nak us tex-êlk. Lâin ninberesin êre re nak têbânu li us.
17သင့်ကို ရွေးနှုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်၏အကျိုးနှင့်ယှဉ်သော အရာကို သွန်သင်၍၊ သင်သွားအပ်သော လမ်းဖြင့် ပို့ဆောင်သော သင်၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။
18Xebânu raj li xinye êre. Cui ta xebânu, cuanquex raj saß tuktûquil usilal. Li tuktûquil usilal chanchan raj jun nimaß incßaß nachakic. Ut lê tîquilal chanchan raj lix cau ok li palau li mâcßaß rosoßjic.
18သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါ စေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့၎င်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုး ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
19Kßaxal nabaleb raj lê ralal êcßajol. Lix qßuialeb chanchaneb raj li samaib chire li palau. Incßaß naru rajlanquileb. Ut incßaß raj xexintzßektâna chi moco xcßabaß lê tenamit raj xinsach.
19သင်၏ အမျိုးအနွယ်သည် သဲလုံးကဲ့သို့၎င်း၊ သင်၏သားမြေးတို့သည်၊ သမုဒ္ဒရာကျောက်စရစ်ကဲ့သို့ ၎င်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာ မပြတ်၊ မပျက်မစီးရ။
20Elenkex saß li naßajej Babilonia. Chex-êlelik chiruheb laj Caldea. Japomak êre xban xsahil êchßôl. Yehomak resil reheb chixjunileb li cuanqueb saß ruchichßochß nak sukßîc êre saß lê naßaj. Yehomak resil chi joßcaßin, “Aß li Kâcuaß xcoloc ke lâo li ralal xcßajol laj Jacob, aj cßanjel chiru li Kâcuaß,” chaßakex.—
20ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာ သီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသိတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြော မြွက်ဆို၍ အသံကို လွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနှုတ်တော်မူပြီဟု ပြောဆိုကြ လော့။
21Incßaß queßxcuy xchaki el nak li Kâcuaß quixqßueheb chi numecß saß li chaki chßochß. Li Kâcuaß quixqßue chi êlc li haß saß li pec. Quixjor li pec ut aran qui-el chi nabal li haß re xeßrucß.—Abanan mâcßaß li tuktûquil usilal chokß reheb li nequeßxbânu mâusilal, chan li Kâcuaß.
21သူတို့သည် တောလမ်းဖြင့် ဆောင်သွားတော်မူ ခြင်းကို ခံသောအခါ ရေမငတ်ကြ။ သူတို့အဘို့ ကျောက် ထဲက ရေကို စီးစေတော်မူ၏။ ကျောက်ခဲကိုပင် ခွဲတော်မူ သဖြင့်၊ ရေသည် စီးထွက်လေ၏။
22—Abanan mâcßaß li tuktûquil usilal chokß reheb li nequeßxbânu mâusilal, chan li Kâcuaß.
22မတရားသော သူတို့၌ ချမ်းသာမရှိဟု ထာဝရ ဘုရားမိန့်တော်မူ၏။