Latvian: New Testament

Myanmar

1 Corinthians

4

1Tātad lai katrs cilvēks mūs atzīst par Kristus kalpiem un Dieva noslēpumu pārvaldniekiem.
1ခရစ်တော်၏ အစေအပါ ကဲ့သို့၎င်း၊ ဘုရားသခင်၏ နက်နဲသော အရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့၎င်း၊ သူတပါးသည် ငါတို့ကို မှတ်ပါစေ။
2No pārvaldniekiem jau prasa, lai katrs būtu uzticams.
2ထိုမှတပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။
3Bet tas man nav svarīgi, ka jūs vai kāda cilvēku tiesa mani tiesā, bet arī pats sevi es netiesāju.
3သင်တို့မှစ၍ အခြားသောလူများတို့သည် ငါ့ကို သစ္စာမရှိဟု စီရင်သော်လည်း၊ ငါသည်အမှုမထား။ ငါ့ကိုယ်ကို ငါမစီရင်။
4Jo es gan nekā neapzinos, bet tas mani vēl neattaisno. Kungs ir mans tiesnesis.
4အကြောင်းမူကား၊ ကိုယ်စိတ်သည် ကိုယ်ကို အပြစ်မတင်။ သို့သော်လည်း၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ်။ ငါ့ကို စီရင်သောသူကား၊ ထာဝရဘုရားပေတည်း။
5Tāpēc netiesājiet pirms laika, kamēr atnāks Kungs. Viņš apgaismos tumsību noslēpumus un atklās siržu nodomus, un tad katram būs gods no Dieva.
5ထိုသို့ဖြစ်လျှင်မှောင်မိုက်၌ ဝှက်ထားသော အရာတို့ကို ပွင့်လင်း စေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင် ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတံ့။
6Bet, brāļi, to es attiecināju uz sevi un Apollu jūsu labad, lai jūs no mums mācītos ne vairāk par to, kas rakstīts, vienam pret otru nekļūt uzpūtīgam cita dēļ.
6ညီအစ်ကိုတို့၊ သင်တို့သည် ကျမ်းစာကို လွန်၍ သူတပါးကို မရိုသေအပ်ဟု ငါတို့ကိုထောက်၍ နားလည် စေခြင်းငှါ၎င်း၊ မာနစိတ်ထောင်လွှားသည်နှင့် တယောက်ကိုမှီဝဲ၍ တယောက်ကိုငြင်းဆန်ခြင်း မရှိစေခြင်းငှါ၎င်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏ အကျိုးကို ထောက်၍ ငါနှင့်အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း။
7Jo kas tev devis priekšrocības? Bet kas tev ir, ko tu nebūtu saņēmis? Un ja tu esi saņēmis, kāpēc lielies, it kā tu nebūtu saņēmis?
7ထိုမှတပါး၊ အဘယ်သူသည် သင့်ကိုထူးခြားစေသနည်း။ သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက် ရသော အရာတစုံတခုမျှ သင်၌ရှိသလော။ သူတပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။
8Jūs jau esat paēduši, jau bagāti kļuvuši; jūs valdāt bez mums; un kaut jūs valdītu, lai arī mēs reizē ar jums valdītu!
8ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရ တတ်ကြ၏။ ငါတို့ မရှိစဉ်တွင်စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသော အခွင့်ရှိမည်အကြောင်း၊ သင်တို့ကို အမှန်စိုးစံစေခြင်းငှါ အလိုရှိ၏။
9Jo man šķiet, ka Dievs mums, apustuļiem, it kā nāvei lemtiem ierādījis pēdējo vietu, jo mēs esam kļuvuši par izbrīnu pasaulei un eņģeļiem, un cilvēkiem.
9သတ်ဘို့ရာထားသောသူကဲ့သို့ အခြားသော သူများနောက်၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟု ငါထင်၏။ အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များ မျက်မှောက်၌ ပွဲဝင်သောသူ ဖြစ်ကြ၏။
10Mēs neprātīgi Kristus dēļ, bet jūs gudri Kristū; mēs nespēcīgi, bet jūs stipri; jūs cienīti, bet mēs nicināti.
10ငါတို့သည် ခရစ်တော်၏ အကြောင်းကြောင့် လူမိုက်ဖြစ်ကြ၏။ သင်တို့မူကား၊ ခရစ်တော်၌ ပညာရှိ ဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူ ဖြစ်ကြ၏။ သင်တို့မူကား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောသူ၊ အသရေ ရှိသောသူ ဖြစ်ကြ၏။ ငါတို့သည် အရှက်အကြောက် ခံရသော သူဖြစ်၍၊
11Līdz pat šai stundai ciešam arī izsalkumu un slāpes, esam arī kaili un tiekam dūrēm sisti, kā arī esam bez pajumtes;
11ယခုတိုင်အောင် အစားအသောက်ငတ်မွတ်ခြင်း၊ အဝတ်နွမ်းပါးခြင်း၊ ရိုက်ပုတ်ညှဉ်းဆဲခြင်းကို ခံရကြ၏။ နေရာမကျသောသူ၊
12Un mēs pūlamies, strādādami savām rokām. Mūs lād, bet mēs svētām; mūs vajā, bet mēs paciešam;
12ကိုယ်လက်နှင့်ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်ကြ၏။ ကဲ့ရဲ့ခြင်းကို ခံရသောအခါ မေတ္တာပို့ကြ၏။ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။
13Mūs zaimo, bet mēs aizlūdzam; mēs esam kļuvuši it kā šīs pasaules atkritumi, kā no visiem atmetami līdz pat šim laikam.
13အသရေရှုတ်ချခြင်းကို ခံရသောအခါ တောင်းပန်ကြ၏။ ဤလောက၏ အညစ်အကြေးကဲ့သို့၎င်း၊ အရပ်ရပ်ထဲက လှည်းပစ်သော တန်မြက်ချေး အမှိုက် ကဲ့သို့၎င်း၊ ယခုတိုင်အောင်ဖြစ်ကြ၏။
14To es rakstu nevis jūsu apkaunošanai, bet pamācīdams kā savus vismīļākos bērnus.
14သင်တို့သည် ရှက်စေခြင်းငှါ ဤသို့ငါရေးသည် မဟုတ်။ သင်တို့ကို ချစ်သားကဲ့သို့ မှတ်၍ သတိပေး၏။
15Ja jums arī Kristū būtu desmit tūkstoši skolotāju, tad tomēr nedaudz tēvu, jo es caur evaņģēliju esmu jūs dzemdinājis Kristū Jēzū.
15သင်တို့တွင် ခရစ်တော်၏အကြောင်းကို သင်ပေးသော ဆရာတသောင်းရှိငြားသော်လည်း၊ အဘ အများမရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ်၌ ဖြစ်ဘွားစေပြီ။
16Tātad es jūs lūdzu: sekojiet man, kā arī es Kristum!
16သို့ဖြစ်၍၊ ငါကျင့်သည်နည်းတူ သင်တို့သည် ကျင့်ကြမည်အကြောင်း ငါနှိုးဆော် တောင်းပန်၏။
17Tāpēc es sūtīju pie jums Timoteju, kas ir mans vismīļais un uzticīgais dēls Kungā; viņš jums atgādinās manu mācību Kristū Jēzū, kā es visur un katrā draudzē mācu.
17ထိုအကြောင်းကြောင့် သခင်ဘုရား၌ သစ္စာရှိသော ငါ၏ချစ်သားတိမောသေကို သင်တို့ဆီသို့ ငါ စေလွှတ်၏။ ခပ်သိမ်းသော အရပ်တို့၌ ခပ်သိမ်းသော အသင်းတော်တို့ကို ငါသွန်သင်သည်နှင့်အညီ၊ ငါသည် ခရစ်တော်၌ကျင့်သော အကျင့်ဓလေ့များကို သင်တို့သည် မှတ်မိစေခြင်းငှါ သူသည် ပြသတိုက်တွန်းလိမ့်မည်။
18Daži ir uzpūtušies, it kā es vairs nenākšot pie jums.
18ငါသည်သင်တို့ဆီသို့ ကိုယ်တိုင်မလာဟု အချို့သော သူတို့သည် ထင်မှတ်သည်နှင့်၊ မာနထောင်လွှားခြင်း ရှိကြ၏။
19Ja Dievs gribēs, es drīz nākšu pie jums; un es iepazīšos ne ar uzpūtīgo vārdiem, bet ar viņa spēku.
19သို့သော်လည်း သခင်ဘုရားသည် အလိုတော်ရှိ လျှင် ငါသည် မြန်မြန်လာမည်။ လာသောအခါ မာန ထောင်လွှားသောသူတို့၏ စကားကို သိမှတ်မည်မဟုတ်။ သူတို့၏တန်ခိုးကို သိမှတ်မည်။
20Jo Dieva valstība pastāv ne vārdos, bet spēkā.
20အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် စကား၌ တည်သည်မဟုတ်၊ တန်ခိုး၌ တည်၏။
21Ko jūs gribat? Vai lai es nāku pie jums ar rīksti, vai mīlestībā un lēnprātības garā?
21သင်တို့သည် အဘယ်သို့ အလိုရှိသနည်း။ ငါသည်နှင်တံနှင့် သင်တို့ဆီသို့လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် ၎င်း၊ နူးညံ့သိမ်မွေ့သော စိတ်နှင့်၎င်း၊ လာရမည်လော။