1Bet notika, ka mēs no viņiem šķīrāmies. Taisnā ceļā braukdami, nonācām Kosā un nākošajā dienā Rodā, un no turienes Patrā;
1ထိုသူများနှင့် ငါတို့သည် ခွါသွား၍ သင်္ဘောလွှင့်မှ ကောသကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ ရောဒုကျွန်းသို့၎င်း၊ ထိုကျွန်းမှ ပါတရမြို့သို့၎င်း ရောက်ကြ၏။
2Un mēs, atraduši kuģi, kas brauc uz Feniķiju, iekāpām un aizbraucām.
2ဖိနိတ်ပြည်သို့ကူးသော သင်္ဘောကိုတွေ့လျှင်၊ ထိုသင်္ဘောကိုစီး၍ လွှင့်ပြန်၏။
3Bet kad ieraudzījām Kipru un atstājām to pa kreisi, braucām uz Sīriju un nonācām Tirā, jo tur kuģim bija jāizkrauj krava.
3ကုပရုကျွန်းကိုမြင်လျှင် လက်ျာဘက်၌ ရှောက်သွားသဖြင့်၊ ရှုရိ ပြည်သို့ကူး၍ တုရူမြို့၌ ဆိုက်လေ၏။ ထိုမြို့မှာ သင်္ဘော၌ပါသော ဝန်ကိုချရ၏။
4Atraduši mācekļus, mēs tur palikām septiņas dienas. Tie, Gara pamudināti, sacīja Pāvilam, lai viņš neiet uz Jeruzalemi.
4တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ်ရက် နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း၊ ထိုတပည့်တော် တို့သည် ဝိညာဉ်တော်အား ဖြင့် ပြောကြ၏။
5Kad šīs dienas bija pagājušas, mēs kājām devāmies ceļā. Visi kopā ar sievām un bērniem mūs pavadīja vēl ārpus pilsētas; un mēs jūrmalā, ceļos nometušies, lūdzām Dievu.
5ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက် ကြ၍ ငါတို့သည်ထွက်သွား ပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက်ဆုတောင်းကြ၏။
6Atvadījušies savā starpā, mēs iekāpām kuģī, bet viņi aizgāja savās mājās.
6အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက်၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။
7No Tiras nonākuši Ptolemaidā, mēs pabeidzām jūras braucienu un, apsveikuši brāļus, palikām pie viņiem vienu dienu.
7တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တရက်နေပြီးမှ၊
8Bet nākošajā dienā mēs devāmies ceļā un nonācām Cēzarejā. Iegājuši evaņģēlista Filipa, kas bija viens no septiņiem, namā, mēs palikām pie viņa.
8နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင်သာသနာပြုဆရာ ဖိလိပ္ပု၏ အိမ်သို့ဝင်၍နေကြ၏။
9Viņam bija četras meitas, jaunavas, kuras pravietoja.
9ထိုသူ၌ ပရောဖက်ပြုသော သမီးကညာ လေးယောက်ရှိ၏။
10Un kad mēs tur dažas dienas uzkavējāmies, no Jūdejas atnāca kāds pravietis, vārdā Agabs.
10ထိုအိမ်၌တာရှည်စွာနေကြပြီးမှ အာဂဗုအမည် ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ၍၊
11Tas, ieradies pie mums, paņēma Pāvila jostu un, saistījis sev kājas un rokas, sacīja: To saka Svētais Gars: tā jūdi Jeruzalemē saistīs vīru, kam šī josta pieder, un nodos pagānu rokās.
11ငါတို့ရှိရာသို့ဝင်သဖြင့်၊ ပေါလု၏ ခါးပန်းကိုယူ၍ မိမိခြေလက် ကိုချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍၊ တပါး အမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ဟုဆို၏။
12To dzirdēdami, mēs un tie, kas tanī vietā bija, lūdzām, lai viņš neiet uz Jeruzalemi.
12ထိုစကားကိုကြားလျှင်၊ ငါတို့နှင့် ထိုအရပ်၌ ရှိသော သူတို့က၊ ယေရုရှလင်မြို့သို့မသွားပါနှင့်ဟု ပေါလုကိုတောင်းပန်ကြ၏။
13Tad Pāvils atbildēja un sacīja: Ko jūs darāt, kāpēc raudat un skumdināt manu sirdi? Kunga Jēzus vārda dēļ es esmu sagatavojies, lai mani Jeruzalemē ne tikai sasietu, bet arī mirt.
13ပေါလုကလည်း၊ အဘယ်ကြောင့် ငိုကြွေးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုကြသနည်း။ သခင်ယေရှု၏ နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည်နှောင်ခြင်းမက၊ အသေသတ်ခြင်းကိုပင် ခံခြင်းငှါ ငါအသင့်ရှိသည်ဟုဆို၏။
14Nespēdami viņu pierunāt, mēs nomierinājāmies, sacīdami: Lai notiek Kunga prāts!
14ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟု ဆိုကြ၏။
15Pēc šīm dienām mēs sagatavojāmies un gājām uz Jeruzalemi.
15ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင်၍ ယေရုရှလင်မြို့သို့သွားကြ၏။
16Bet daži mācekļi no Cēzarejas nāca kopā ar mums. Viņi atveda līdz kādu kiprieti Mnasonu, seno mācekli, pie kura mums bija jāņem mājvieta.
16ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူ လိုက်ကြ၍၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန် အမည်ရှိသော ကုပရုကျွန်း သား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ၏။
17Kad nonācām Jeruzalemē, brāļi mūs labprāt uzņēma.
17ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လတ်ခံကြ၏။
18Nākošajā dienā Pāvils kopā ar mums aizgāja pie Jēkaba, kur sapulcējās visi vecākie.
18နက်ဖြန်နေ့၌ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင် သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ၏။
19Tos apsveicis, viņš pēc kārtas izstāstīja, ko Dievs ar viņa kalpošanu darījis pagāniem.
19ပေါလုသည်ထိုသူများကို နှုတ်ဆက်ပြီးလျှင်၊ မိမိသည် ဓမ္မဆရာအမှုကိုဆောင်ခြင်းအားဖြင့် ဘုရား သခင်သည် တပါးအမျိုး သားတို့တွင်ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဘော်ပြသလေ၏။
20To dzirdējuši, tie godināja Dievu un sacīja viņam: Brāli, tu redzi, cik tūkstoši jūdu ir, kas palikuši ticīgi, un visi tie bauslības piekritēji.
20ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်း ကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်း ရှိသည်ကို သင်သည် သိမြင်၏။ ထိုသူအပေါင်းတို့သည် ပညတ်တရား ဘက်၌ စိတ်အားကြီးသောသူဖြစ်ကြ၏။
21Bet viņi dzirdēja par tevi, ka tu tos jūdus, kas dzīvo starp pagāniem, mācot atkrist no Mozus, sacīdams, ka tiem nevajagot apgraizīt savus bērnus un dzīvot pēc ieražām.
21တပါးအမျိုးသားတို့တွင် နေသော ယုဒလူ အပေါင်း တို့သည် သူငယ်တို့အားအရေဖျားလှီးခြင်းကို မပေးရကြ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြဟု သင်သည် ဆိုလျက်၊ သူတို့သည်မောရှေ တရားကိုစွန့်စေ ခြင်းငှါ ဆုံးမဩဝါဒ ပေးတတ်သည်ကို ဤလူတို့သည် သိတင်းကြားကြ ပြီ။
22Ko darīt? Katrā ziņā tautai jāsapulcējas, jo dzirdēs, ka tu atnācis.
22သို့ဖြစ်၍ အဘယ်သို့ပြုရမည်နည်း။ လူအပေါင်း တို့သည် မစုဝေးဘဲမနေနိုင်ရာ။ သင်ရောက်ကြောင်းကို ကြားသိလိမ့်မည်။
23Tāpēc dari to, ko mēs tev sakām. Mums ir četri vīri, kas devuši solījumus.
23ထိုကြောင့် အကျွန်ုပ်တို့ဆိုသည်အတိုင်း ပြုပါလော့။ သစ္စာဂတိ ပြုပြီးသော လူလေးယောက်သည် အကျွန်ုပ်တို့တွင်ရှိ၏။
24Ņem tos pie sevis, šķīsties kopā ar viņiem un samaksā par tiem, lai viņi apcērp galvas, tad visi zinās, ka tas, ko par tevi dzirdējuši, ir netaisnība, bet ka arī tu pats dzīvo pēc bauslības.
24ထိုသူတို့ကို ယူ၍ သူတို့နှင့်တကွ စင်ကြယ်ခြင်း ကိုပြုလျက်၊ သူတို့ခေါင်းရိတ်ခြင်းစရိတ်ကို ပေးပါလော့။ ထိုသို့ပြုလျှင် လူအပေါင်း တို့သည် မိမိတို့ကြားသော သိတင်းစကား မမှန်သည်ကို၎င်း၊ သင်သည် ကိုယ်တိုင် ပညတ်တရားကိုစောင့်ရှောက်၍ ကျင့်နေသည်ကို၎င်း သိရကြ လိမ့်မည်။
25Bet par tiem, kas no pagāniem kļuvuši ticīgi, mēs nolēmām un rakstījām, lai viņi sargās no tā, kas elkiem upurēts, un asinīm, un nožņaugtā, un netiklības.
25ယုံကြည်ခြင်းသို့ ရောက်သောတပါးအမျိုးသားတို့မူကား၊ ထိုသို့ သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကို၎င်း၊ အသွေးကို ၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာ ကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ ရှောင်စေခြင်းငှါသာ ငါတို့သည် စီရင်၍ ကြားလိုက်ခဲ့ပြီဟုဆိုကြ၏။
26Tad Pāvils, paņēmis vīrus pie sevis, nākošajā dienā kopā ar tiem šķīstījās, iegāja svētnīcā, pasludinādams šķīstīšanās dienu izbeigšanos, tiklīdz par ikvienu no tiem būšot upurēts upuris.
26ထိုအခါပေါလုသည် ထိုသူတို့ကိုခေါ်၍ နက်ဖြန်နေ့၌ သူတို့နှင့် တကွစင်ကြယ်ခြင်းကိုပြုပြီးမှ ၊ ဗိမာန် တော်သို့ဝင်၍ သူတို့အတွက် အသီးအခြား ပူဇော်သက္ကာ ပြုရသောအချိန်တည်းဟူသော စင်ကြယ်ခြင်း ကိုပြုရ သော နေ့ရက်စေ့မည့်အချိန်ကို ကြားပြောလေ၏။
27Bet kamēr pagāja septiņas dienas, tie jūdi, kas bija no Āzijas, redzēdami viņu svētnīcā, sakūdīja visu tautu un, sagrābuši viņu, kliedza:
27ထိုခုနစ်ရက်စေ့လူသောအခါ၊ အာရှိပြည်မှလာသော ယုဒလူတို့သည် ဗိမာန်တော်၌ ပေါလုကိုမြင်လျှင် စုဝေးသောလူအပေါင်းတို့ကိုတိုက်တွန်းနှိုးဆော်၍၊ ဣသရေလ လူတို့၊ ကူမကြပါ။
28Izraēliešu vīri, palīdziet! Šis ir tas cilvēks, kas visur visus māca pret tautu, bauslību un šo vietu; turklāt arī pagānus viņš ievedis svētnīcā un tā apgānījis šo svēto vietu;
28ဤသူကား၊ ငါတို့အမျိုးနှင့် ပညတ်တရားကို၎င်း ဤအရပ်ဌာနကို၎င်း၊ ခပ်သိမ်းသောအရပ်တို့၌ ဆန့်ကျင်ဘက်ပြု၍၊ လူအပေါင်းတို့အား ဆုံးမဩဝါဒ ပေးသောသူဖြစ်ပါ၏။ ထိုမျှမက၊ ဟေလသလူတို့ကို ဗိမာန်တော်ထဲသို့သွင်း၍၊ ဤသန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေပြီတကားဟု ဟစ်ကြော်၍၊ ပေါလုကို ဘမ်းဆီးကြ၏။
29Jo tie redzēja efezieti Trofimu pilsētā kopā ar viņu un domāja, ka Pāvils to ievedis svētnīcā.
29အထက်ကမြို့ထဲ၌ ပေါလုနှင့်အတူတရောဖိမ်အမည်ရှိသော ဧဖက်မြို့သားတယောက်ကို မြင်ကြ သည်ဖြစ်၍၊ ထိုသူကိုပေါလုသည် ဗိမာန်တော်ထဲသို့ သွင်းသည်ဟု ထင်မှတ်ကြ၏။
30Tad visa pilsēta uztraucās, ļaudis saskrēja un, satvēruši Pāvilu, vilka to no svētnīcas ārā; un tūdaļ durvis aizslēdza.
30တမြို့လုံးရုန်းရင်းခတ်မျှ ဖြစ်လျှင်၊ လူများတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလုကိုကိုင်ယူ၍ ဗိမာန်တော်ပြင်သို့ ဆွဲငင်ပြီးမှ တခဏ ခြင်းတံခါးများတို့ကို ပိတ်ထားကြ၏။
31Kad tie gribēja viņu nonāvēt, tika paziņots sardzes priekšniekam, ka visā Jeruzalemē ir sacelšanās.
31ပေါလုကိုသတ်မည်ဟု အားထုတ်ကြသောအခါ၊ ယေရုရှလင်မြို့ တမြို့လုံး မငြိမ်မသက်ရုန်းရင်းခတ်မျှ ဖြစ်သည်ဟု လူတထောင်ကို အုပ်ချုပ်သော စစ်သူကြီး သည် သိတင်းကြားလျှင်၊
32Paņēmis kareivjus un virsniekus, viņš tūdaļ aizskrēja pie tiem. Tie, redzēdami priekšnieku un kareivjus, mitējās sist Pāvilu.
32စစ်သူရဲများနှင့်တပ်မှူးတို့ကို အလျင်အမြန်ခေါ်၍ ထိုသူတို့ ရှိရာသို့ဆင်းပြေး၏။ ထိုသူတို့သည် စစ်သူကြီးနှင့်စစ်သူရဲတို့ကိုမြင်လျှင်၊ ပေါလုကိုမရိုက်ဘဲနေကြ၏။
33Tad priekšnieks piegāja, satvēra viņu, pavēlēja sasiet to divām važām un vaicāja, kas viņš tāds un ko viņš darījis?
33ထိုအခါစစ်သူကြီးသည်အနီးသို့ရောက်၍ ပေါလုကိုကိုင်ယူပြီးလျှင်၊ သံကြိုးနှစ်စင်းနှင့် ချည်ချေ ဟုစီရင်၍၊ ဤသူသည်အဘယ်သူနည်း။ အဘယ်အမှုကို ပြုမိသနည်းဟုမေးစစ်လေ၏။
34Bet pūlī daži kliedza šo, citi to. Nevarēdams troksnī nekā noteikta uzzināt, viņš pavēlēja aizvest to uz kareivju mītni.
34လူအစုအဝေးထဲ၌ အသီးသီးအခြားခြားဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှါ စီရင်ပြန်လေ၏။
35Kad viņš nonāca līdz kāpnēm, notika, ka kareivji viņu nesa ļaužu uzmākšanās dēļ;
35လူများတို့သည် ပြင်းထန်သောကြောင့်၊ လှေကားပေါ်သို့ ရောက်သောအခါ၊ စစ်သူရဲတို့သည် ပေါလုကို ချီပွေ့၍ ဆောင်ရကြ၏။
36Jo daudz ļaužu sekoja, kliegdami: Nost ar viņu!
36သူ့ကိုထုတ်လော့ဟု လူများအပေါင်းတို့သည် ဟစ်ကြော်လျက် လိုက်ကြ၏။
37Pirms Pāvilu ieveda kareivju mītnē, viņš sacīja priekšniekam: Vai man atļauts tev ko teikt? Tas sacīja: Vai tu grieķiski proti?
37ပေါလုသည်ရဲတိုက်ထဲသို့ဝင်လုသောအခါ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် စကားပြောရပါမည် လောဟု စစ်သူကြီးအားမေးလျှင် စစ်သူကြီးကသင်သည် ဟေလသစကားကိုပြောတတ်သလော။
38Vai tu neesi tas ēģiptietis, kas pirms dažām dienām sacēla dumpi un aizveda tuksnesī četrus tūkstošus sikariešu vīru?
38သင်သည်အထက်ကပုန်ကန်၍ ထားပြလေးထောင်တို့ကို တောသို့ခေါ်သွားသော အဲဂုတ္တုလူဖြစ်သည် မဟုတ်လောဟု မေး၏။
39Un Pāvils sacīja viņam: Es esmu jūdu cilvēks, tarsietis, ievērojamās Kilikijas pilsētas pilsonis; es tevi lūdzu, atļauj man runāt tautai.
39ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဘွားသော ယုဒလူဖြစ်ပါ၏။ အကျွန်ုပ်နေသော မြို့ကား၊ သာမည မြို့မဟုတ်။ ဤသူတို့အား အကျွန်ုပ် ပြောရသော အခွင့်ကိုပေးပါ။ အကျွန်ုပ် ပန်ကြားပါသည်ဟုဆို၏။
40Kad viņš to atļava, Pāvils, uz kāpnēm stāvēdams, māja ļaudīm ar roku un dziļam klusumam iestājoties, runāja ebreju valodā, sacīdams:
40စစ်သူကြီးသည်အခွင့်ပေးသဖြင့်၊ ပေါလုသည် လှေကားပေါ်မှာ ရပ်၍ထိုလူတို့အား မိမိလက်နှင့် အမှတ်ပေးလေ၏။ သူတို့သည်အလွန် တိတ်ဆိတ်စွာ နေကြသောအခါ၊ ဟေဗြဲဘာသာအားဖြင့်မြွက်ဆိုလျက်၊