Latvian: New Testament

Myanmar

Acts

3

1Pēteris un Jānis gāja svētnīcā ap devīto lūgšanas stundu.
1ထိုအခါပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော်၊
2Tad atnesa kādu vīru, kas bija tizls no mātes miesām. Viņu ik dienas nolika pie tā sauktajām greznajām durvīm, lai viņš lūgtu dāvanas no tiem, kas ieiet svētnīcā.
2အမိဝမ်းတွင်းကပင်ခြေမစွမ်းသော သူတယောက်ကို သူတပါးတို့သည်ထမ်းလျက်လာကြ၏။ ဗိမာန် တော်သို့ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ၏။
3Viņš, redzēdams Pēteri un Jāni pirms ieiešanas dievnamā, lūdza no tiem kādu dāvanu.
3ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ဝင်မည် လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲပါဟု တောင်းလေ၏။
4Bet Pēteris ar Jāni, uzlūkodami viņu, sacīja: Paskaties uz mums!
4ထိုအခါပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု၍ ငါတို့အား မျှော်ကြည့်လော့ဟုဆိုလျှင်၊
5Un viņš uzlūkoja tos, cerēdams kaut ko no viņiem saņemt.
5ထိုသူသည်တစုံတခုကို ရမည်ဟုစိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။
6Bet Pēteris sacīja: Sudraba un zelta man nav; bet kas man ir, to es tev dodu: Nācarieša Jēzus Kristus vārdā celies un staigā!
6ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကိုသင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့်ထ၍ လှမ်းသွားလော့ဟုဆိုလျက်၊
7Un viņš, paņēmis aiz labās rokas, to piecēla; un tūdaļ tā kājas un pēdas nostiprinājās
7သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသော ခဏခြင်းတွင်၊ ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကို ရသဖြင့်၊
8Un tas uzlēcis nostājās un sāka iet, un kopā ar viņiem iegāja svētnīcā, un lēkāja, un godināja Dievu.
8ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက်၊ ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။
9Un visa tauta redzēja viņu staigājam un Dievu godinām.
9ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည် မြင်သောအခါ၊
10Un viņi pazina to, ka viņš bija tas, kas, dāvanas lūgdams, sēdēja pie greznajām svētnīcas durvīm; un tos pārņēma izbrīns un bailes par to, kas viņam bija noticis.
10ထိုသူသည် ဗိမာန်တော်၏တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည် အမှုကိုအံ့ဩမိန်းမောတွေဝေခြင်းရှိ၍၊
11Bet kad viņš turējās kopā ar Pēteri un Jāni, tad visa tauta brīnīdamās saskrēja ap viņiem tā sauktajā Salomona priekštelpā.
11ထိုသူသည် ပေတရုနှင့် ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင်အမည်ရှိသော ကနားပြင်သို့ပြေးဝင်၍ စုဝေးကြ၏။
12To redzēdams, Pēteris sacīja tautai: Izraēliešu vīri, ko jūs brīnāties par to, vai ko skatāties uz mums it kā mēs ar savu spēku un varu būtu padarījuši to, ka šis staigā?
12ပေတရုသည် မြင်လျှင်၊ ဣသရေလလူတို့ အဘယ်ကြောင့် ဤအမှုကို အံ့ဩကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သောအခွင့်ကို ငါတို့သည်ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့်ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း။
13Ābrahama Dievs un Īzāka Dievs, un Jēkaba Dievs, mūsu tēvu Dievs pagodināja savu Dēlu Jēzu, ko jūs nodevāt un noliedzāt Pilāta priekšā, kad tas nolēma Viņu atbrīvot.
13အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိ သားတော်၏ ဘုန်းကိုထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ်ကြ၏။
14Svēto un Taisnīgo jūs noliedzāt un lūdzāt, lai jums dod slepkavu.
14သန့်ရှင်းဖြောင့်မတ်တော်မူသော သခင်ကိုငြင်းပယ်၍၊ လူအသက်ကို သတ်ခြင်း၊ အပြစ်ရှိသောသူ တယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့်၊
15Un dzīvības devēju jūs nonāvējāt, bet Dievs Viņu uzmodināja no miroņiem. Tam mēs esam liecinieki.
15အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင် သည် သေခြင်းမှထမြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။
16Un ticības dēļ Viņa vārdam šo, kuru jūs redzat un pazīstat, Viņa vārds stiprināja; un ticība, kas no Viņa ir, dāvāja tam pilnīgu veselību visu jūsu priekšā.
16ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမတော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်း ကို ပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌စေ့စုံခြင်း အခွင့်ကိုပေး၍ရှိလေပြီ။
17Bet tagad brāļi, es zinu, ka jūs tāpat kā jūsu priekšnieki nezināšanas dēļ to padarījāt.
17ယခုလည်း ညီအစ်ကိုတို့၊ သင်တို့မှစ၍ အစိုးရသောသူတို့သည် မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ၏။
18Jo Dievs to tā izpildīja, kā ar visu praviešu mutēm priekšsludinājis, ka Kristum jācieš.
18ခရစ်တော်သည် အသေခံရမည်ဟု ပရောဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင်ဘော်ပြ တော်မူနှင့်သောအမှုကို ထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။
19Tāpēc nožēlojiet grēkus un atgriezieties, lai jūsu grēki tiktu izdeldēti!
19ထိုကြောင့်ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊
20Un lai Kungs dotu atspirgšanas laikus, lai sūtītu To, ko Viņš jums priekšsludinājis, Jēzu Kristu.
20သင်တို့အဘို့အလိုငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
21Ko debesīm vajag uzņemt līdz tam laikam, kad viss būs piepildīts, ko Dievs runājis no mūžības ar savu svēto praviešu muti.
21ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မှီတိုင်အောင် ကောင်း ကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။
22Jo Mozus sacīja: Kungs, jūsu Dievs, iecels jums pravieti no jūsu brāļiem tāpat kā mani; Viņu jūs klausīsiet visās lietās, ko vien Viņš jums runās. (5.Moz.18,15)
22ငါတို့ဘိုးဘေးများတို့အားလည်း မောရှေက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ပေါ်ထွန်းတော်မူမည်။ ထိုပရောဖက် ဟောပြောသောအရာတို့ကို သင်တို့သည် နားထောင်ရကြမည်။
23Un notiks, ka ikviena dvēsele, kas šo pravieti neklausīs, tiks no tautas vidus izskausta. (5.Moz.18,19)
23အကြင်သူသည် ထိုပရောဖက်၏စကားကိုနားမထောင်ဘဲနေအံ့၊ ထိုသူသည် မိမိအမျိုးထဲက ပယ်ရှင်း ခြင်းကို ခံရမည်ဟုဟော၏။
24Un visi pravieši, kas runājuši, sākot ar Samuēlu un turpmāk, pasludināja šīs dienas.
24ပရောဖက်ရှမွေလမှစ၍ နောက်ဟောသော ပရောဖက်ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောညွှန်ကြပြီ။
25Jūs esat praviešu un derības, ko Dievs slēdzis ar mūsu tēviem, bērni, jo Viņš sacīja Ābrahamam: Un tavos pēcnācējos tiks svētītas visas zemes ciltis.
25သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို၊ သင်၏ အမျိုးအနွယ် အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။
26Dievs dodams savu Dēlu, vispirms sūtīja Viņu pie jums, lai Viņš jūs svētītu, lai ikviens atgrieztos no saviem ļaunajiem darbiem.
26သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ပယ်ရှားသောသူရှိမျှတို့အား ကောင်းကြီးမင်္ဂလာကို ပေးစေ ခြင်းငှါ ဘုရားသခင်မိမိသားတော် ယေရှုကို ထမြောက်စေတော်မူပြီးလျှင်၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော၏။