Latvian: New Testament

Myanmar

John

1

1Iesākumā bija Vārds, un Vārds bija pie Dieva, un Dievs bija Vārds.
1အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
2Tas iesākumā bija pie Dieva.
2ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။
3No Viņa viss radies, un bez Viņa nekas nav radies, kas radīts.
3နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။
4Viņā bija dzīvība, un dzīvība bija cilvēku gaisma.
4ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။
5Un gaisma spīd tumsībā, bet tumsība to neuzņēma.
5ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။
6Bija cilvēks, Dieva sūtīts, vārdā Jānis.
6ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။
7Viņš nāca liecības dēļ, lai liecinātu par gaismu, lai visi ticētu caur viņu.
7ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေ ခံဖြစ်၍၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါလာ၏။
8Viņš nebija gaisma, bet lai liecinātu par gaismu.
8ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာလာ၏။
9Bija patiesa Gaisma, kas apgaismo katru cilvēku, kas nāk šinī pasaulē.
9ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်း ကို ပေးသောသူဖြစ်သတည်း။
10Viņš bija pasaulē, un pasaule ir Viņa radīta, un pasaule Viņu neatzina.
10ထိုသူသည်ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလော ကသည် ထိုသူကိုမသိ။
11Viņš nāca savā īpašumā, bet savējie Viņu neuzņēma.
11သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။
12Bet kuri Viņu uzņēma, kas tic Viņa vārdam, tiem Viņš deva varu kļūt par Dieva bērniem.
12ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
13Kas ne no asinīm, ne no miesas iegribas, ne no vīra gribas, bet no Dieva dzimuši.
13ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသော သားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင်ဘွားတော်မူသောသားဖြစ်သတည်း။
14Un Vārds kļuva miesa un dzīvoja starp mums; un mēs redzējām Viņa godību, Tēva Vienpiedzimušā godību, pilnu žēlastības un patiesības.
14နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
15Jānis liecina par Viņu un sauc, sacīdams: Šis bija Tas, par ko es sacīju: kas pēc manis nāks, Tas bija pirms manis, jo Viņš bija agrāk nekā es,
15ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာ သောသူသည် ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။
16Jo no Viņa pilnības mēs visi esam saņēmuši žēlastību pēc žēlastības.
16ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီ။
17Jo Mozus deva bauslību, bet žēlastība un patiesība notika caur Jēzu Kristu.
17အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာ တရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။
18Dievu neviens nekad nav redzējis: vienpiedzimušais Dēls, kas ir Tēva klēpī, To atklāja.
18ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်း သောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
19Un šī ir Jāņa liecība, kad jūdi no Jeruzalemes sūtīja pie tā priesterus un levītus, lai jautātu Viņam: Kas tu esi?
19ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊
20Un viņš atzinās un neliedzās; un viņš apliecināja: Es neesmu Kristus.
20ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ။ အတည့်အလင်းပြောဆို၏။
21Un tie jautāja Viņam: Kas tad? Vai tu esi Elijs? Un viņš sacīja: Es neesmu. Vai tu esi pravietis? Un viņš atbildēja: Nē!
21ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးမြန်းပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။
22Tad tie viņam sacīja: Kas tad tu esi? Mums taču jādod atbilde tiem, kas mūs sūtīja. Ko tu pats par sevi saki?
22ထိုသူတို့ကလည်း၊ သင်သည်အဘယ်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာ ရှိစေ ခြင်းငှါ၊ သင်သည်ကိုယ်ကို အဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ၏။
23Viņš sacīja: Es esmu saucēja balss tuksnesī. Sataisiet Kunga ceļu, kā to teicis pravietis Isajs! (Is.40, 3)
23ယောဟန်ကလည်း၊ ငါသည်ပရောဖက် ဟေရှာယဟောပြောသည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု တော၌ဟစ်ကြော်သောသူ၏အသံဖြစ်သည်ဟု ဆို၏။
24Un atsūtītie bija farizeji.
24အစေခံသောသူတို့ကား၊ ဖာရိရှဲဖြစ်ကြသတည်း။
25Un tie viņam jautāja: Kāpēc tad tu kristī, ja tu neesi ne Kristus, ne Elijs, ne pravietis?
25ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက်မဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်းဟု မေးပြန်ကြ၏။
26Jānis atbildēja viņiem, sacīdams: Es kristīju ar ūdeni, bet starp jums atrodas Viens, ko jūs nepazīstat.
26ယောဟန်ကလည်း၊ ငါသည်ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့အလယ်၌သင်တို့မသိသော သူတယောက် ရှိ၏။
27Šis ir Tas, kas nāks pēc manis, kam es neesmu cienīgs atraisīt kurpju siksnas.
27ထိုသူသည်ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါငါမထိုက်ဟုပြန်ပြော၏။
28Tas notika Betānijā, viņpus Jordānas, kur Jānis kristīja.
28ယောဟန်သည်ဗတ္တဇံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တဘက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။
29Otrā dienā Jānis redzēja Jēzu nākam pie viņa un sacīja: Lūk, Dieva Jērs, kas deldē pasaules grēkus.
29နက်ဖြန်နေ့၌ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။
30Šis ir, par ko es teicu: Pēc manis nāks Vīrs, kas bija pirms manis, jo Viņš bija pirmāk nekā es.
30ငါမရှိမှီရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။
31Un es Viņu nepazinu, bet es nācu tāpēc, kristīdams ar ūdeni, lai Viņš kļūtu zināms Izraēlim.
31အစကထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။
32Un Jānis liecināja, sacīdams: Es redzēju Garu kā balodi nolaižamies no debesīm un paliekam uz Viņa.
32ထိုမှတပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူ သည်ကို ငါမြင်ရပြီ။
33Un es Viņu nepazinu, bet, kas mani sūtīja kristīt ar ūdeni, tas man sacīja: Uz kā tu redzēsi Garu nonākam un uz Viņa paliekam, tas ir, kas krista Svētajā Garā.
33အစကထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကားသန့်ရှင်းသော ဝိညာဉ် တော်၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ။
34Un es redzēju un liecināju, ka Viņš ir Dieva Dēls.
34ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။
35Otrā dienā Jānis un divi no viņa mācekļiem atkal stāvēja.
35တဖန်ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့် အတူရပ်နေ၍၊
36Un viņš, ieraudzījis Jēzu staigājam, sacīja: Lūk, Dieva Jērs!
36ယေရှုကြွတော်မူသည်ကိုမြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏။
37Un abi mācekļi dzirdēja viņu sakām un sekoja Jēzum.
37တပည့်နှစ်ယောက်တို့သည် ထိုစကားကိုကြားလျှင်၊ ယေရှုနောက်တော်သို့ လိုက်ကြ၏။
38Bet Jēzus, pagriezies un redzēdams viņus sekojam, sacīja tiem: Ko jūs meklējat? Tie Viņam atbildēja: Rabbi (kas tulkojumā nozīmē: Mācītāj), kur Tu mājo?
38ယေရှုသည်လှည့်၍ ထိုသူတို့ လိုက်ကြသည်ကိုမြင်တော်မူလျှင်၊ အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက် ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။
39Viņš tiem sacīja: Nāciet un skatieties! Tad tie gāja un redzēja, kur Viņš mājo, un palika tanī dienā pie Viņa. Bija apmēram desmitā stunda.
39ယေရှုကလည်း လာ၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည်သွား၍ နေတော်မူရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ်၍ မိုဃ်းချုပ်သည်တိုင်အောင် အထံတော်၌နေကြ၏။
40Bet Andrejs, Sīmaņa Pētera brālis, bija viens no tiem diviem, kas to no Jāņa bija dzirdējuši un Viņam sekojuši.
40ယောဟန်၏စကားကိုကြား၍ နောက်တော်သို့ လိုက်သောသူနှစ်ယောက်တို့တွင် တယောက်ကား ရှိမုန် ပေတရုညီအန္ဒြပေတည်း။
41Viņš vispirms atrada savu brāli Sīmani un sacīja Viņam: Mēs atradām Mesiju (kas tulkojumā - Kristus),
41ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေးဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိကိုတွေ့ကြပြီဟု ပြောဆိုလျက်၊
42Un atveda to pie Jēzus. Bet Jēzus, uzlūkojis viņu, sacīja: Tu esi Sīmanis, Jonas dēls; tu sauksies Kēfa, kas tulkojumā - Pēteris.
42သူ့ကိုယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူ ကိုကြည့်ရှု၍၊ သင်သည်ယောန၏သားရှိမုန်ဖြစ်၏ ကေဖအမည်သစ်ကို ရလတံ့ဟုမိန့်တော်မူ၏၊ ကေဖအနက် ကား ပေတရုဟုဆိုလိုသတည်း။
43Nākošajā dienā Viņš gribēja iet uz Galileju. Bet Jēzus atrada Filipu un sacīja viņam: Seko man!
43နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှါ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ၏။
44Bet Filips bija no Betsaidas, Andreja un Pētera pilsētas.
44ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဘွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။
45Bet Filips sastapa Natanaēli un sacīja viņam: Mēs atradām Jēzu, Jāzepa dēlu no Nācaretes. Par Viņu Mozus rakstījis savā bauslībā un pravieši.
45ဖိလိပ္ပုသည်နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည် သူတို့ကျမ်း ၌၎င်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။
46Un Natanaēls viņam sacīja: Vai no Nācaretes var būt kas labs? Filips viņam saka: Nāc un skaties!
46နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာတစုံတခုမျှ ထွက်နိုင်သလောဟုမေးလျှင်၊ ဖိလိပ္ပုက၊ လာ၍ကြည့်ပါဟုဆို၏။
47Jēzus, redzēdams Natanaēlu nākam pie sevis, sacīja par viņu: Lūk, kur patiess izraēlietis, kurā nav viltības!
47နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကိုကြည့်လော့ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။
48Natanaēls sacīja Viņam: No kurienes Tu mani pazīsti? Jēzus atbildēja viņam, sacīdams: Pirms Fillips tevi aicināja, tu biji zem vīģes koka.
48နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မှီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ရှိသည်ကို ငါ မြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊
49Natanaēls Viņam atbildēja un sacīja: Rabbi, Tu esi Dieva Dēls. Tu esi Izraēļa Ķēniņš.
49အရှင်ဘုရား၊ ကိုယ်တော်သည် ဘရားသခင်၏သားတော်ဖြစ်တော်မူ၏၊ ဣသရေလလူတို့၏ ရှင်ဘုရင် လည်း ဖြစ်တော်မူ၏ဟု နာသနေလလျှောက်လေ၏။
50Jēzus atbildēja viņam, sacīdams: Tu tici tāpēc, ka es tev sacīju: es redzēju tevi zem vīģes koka. Tu redzēsi lielākas lietas par šīm.
50တဖန်ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှ မက သင်သည်သာ၍ ကြီးစွာသောအကြောင်းအရာကို မြင်လတံ့။
51Un Viņš tam sacīja: Patiesi, patiesi, es jums saku: jūs redzēsiet debesis atvērtas un Dieva eņģeļus uzejam un nonākam pār Cilvēka Dēlu.
51သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရား သခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက်ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတံ့ဟု မိန့်တော်မူ၏။