Latvian: New Testament

Myanmar

John

10

1Patiesi, patiesi es jums saku: kas neieiet avju kūtī pa durvīm, bet iekāpj pa citurieni, tas ir zaglis un laupītājs.
1ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့တံခါးစဖြင့်မဝင် အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုး ထားပြဖြစ်၏။
2Bet kas ieiet pa durvīm, tas ir avju gans.
2သိုးထိန်းမူကား၊ တံခါးဝဖြင့်ဝင်တတ်၏။
3Viņam durvju sargs atver, un avis klausa viņa balsi, un viņš sauc savas avis vārdā un izved tās.
3ထိုးသူအားတံခါးစောင့်လည်းဖွင့်တတ်၏။ သူ၏စကားသံကိုသိုးတို့သည် နားထောင်တတ်ကြ၏။ သူ သည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏။
4Un viņš, izlaidis savas avis, iet tām pa priekšu; un avis seko viņam, jo pazīst tā balsi.
4သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။
5Svešam tās neseko, bet bēg no tā, tāpēc ka nepazīst svešinieka balsi.
5မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ် ကြသည်ဟု မိန့်တော်မူ၏။
6Šo līdzību Jēzus tiem sacīja, bet viņi nesaprata, ko Viņš tiem runāja.
6ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက် အဓိပ္ပါယ်ကိုနားမလည်ကြ။
7Tad Jēzus atkal viņiem sacīja: Patiesi, patiesi es jums saku: Es esmu durvis avīm.
7ထိုကြောင့် တဖန်ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သောတံခါးဝဖြစ်၏။
8Visi, kas bija nākuši, bija zagļi un laupītāji; un avis viņus neklausīja.
8ငါရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးထားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။
9Es esmu durvis. Ja kāds caur mani ieiet, tas tiks pestīts; un viņš ieies un izies, un atradīs ganības.
9ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွှတ်လျက်ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။
10Zaglis nāk, lai zagtu, slepkavotu un iznīcinātu. Es esmu nācis, lai tiem būtu dzīvība un lai tā būtu pārpilnībā.
10သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် သက်လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။
11Es esmu labais gans. Labais gans atdod savu dzīvību par savām avīm.
11ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိ အသက်ကို စွန့်တတ်၏။
12Bet algādzis, kas nav gans, kam avis nepieder, redzēdams vilku nākam, atstāj avis un bēg; un vilks tās nolaupa un izklīdina.
12သိုးများကိုပိုင်သောသိုးထိန်းမဟုတ်၊ သူငှါးဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင်၊ သိုးတို့ကို ပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း၊ သိုးတို့ကို လုယက်၍ကွဲလွင့်စေ၏။
13Bet algādzis bēg tāpēc, ka viņš ir algādzis, un avis viņam nerūp.
13သူငှါးသည် သူငှါးဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။
14Es esmu labais gans; es pazīstu savas, un manas pazīst mani.
14ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်း တော်ကို သိုးသကဲ့သို့ ငါ၏သိုးကိုလည်း ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။
15Kā Tēvs mani pazīst, tā es pazīstu Tēvu; un es lieku savu dzīvību par savām avīm.
15ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှါ စွန့်၏။
16Man vēl ir citas avis, kas nav no šīs kūts; arī tās man jāatved; un tās dzirdēs manu balsi, un būs viens ganāmpulks un viens gans.
16ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့ သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။
17Tāpēc Tēvs mīl mani, ka es atdodu savu dzīvību, lai atkal to atgūtu.
17ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန် ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။
18Neviens neatņem to no manis, bet es to atdodu pats no sevis. Un man ir vara to atdot un ir vara to atkal ņemt. Šo bausli es saņēmu no sava Tēva.
18ငါ့အသက်ကို အဘယ်သူမျှမလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန်ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကိုခမည်းတော်သည် ပေး တော်မူပြီဟု မိန့်တော်မူ၏။
19Tad atkal to vārdu dēļ jūdos izcēlās domstarpības.
19ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန်ကွဲပြားခြင်းရှိကြ၏။
20Daudzi no tiem sacīja: Viņš ļaunā gara apsēsts un prātu zaudējis. Ko jūs Viņā klausāties?
20လူများတို့က၊ သူသည်နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။
21Citi sacīja: Tā nav ļaunā gara apsēstā runa. Vai tad ļaunais gars var atvērt aklo acis?
21အချို့တို့က၊ သူ့စကားသည် နတ်ဆိုးစွဲသောသူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသောသူ တို့ကို မြင်စေခြင်းငှါ တတ်နိုင်သလောဟုဆိုကြ၏။
22Tad bija svētnīcas iesvētīšanas svētki Jeruzalemē, un bija ziema.
22ဆောင်းကာလဖြစ်၍ အင်္ကနိပွဲကို ယေရုရှလင်မြို့၌ခံကြသောအခါ၊
23Un Jēzus staigāja svētnīcā, Salomona priekštelpā.
23ယေရှုသည် ဗိမာန်တော်နားမှာ ရှောလမုန် ကနားပြင်၌ စင်္ကြံသွားတော်မူစဉ်တွင်၊
24Tad jūdi ielenca Viņu un sacīja Viņam: Cik ilgi Tu turēsi mūs neziņā? Ja Tu esi Kristus, saki mums atklāti!
24ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည် နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟုဆိုကြ၏။
25Jēzus atbildēja viņiem: Es jums saku, bet jūs neticat. Darbi, ko es daru sava Tēva vārdā, tie liecina par mani.
25ယေရှုကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏။
26Bet jūs neticat, jo nepiederat pie manām avīm.
26သို့သော်လည်း သင်တို့သည် မယုံကြ။ အဘယ်ကြောင့် မယုံသနည်းဟူမူကား၊ သင်တို့သည် ငါ့သိုးတို့ အဝင်မဟုတ်။ အထက်က ငါပြောသည်အတိုင်း၊
27Manas avis klausa manu balsi, un es tās pazīstu, un viņas man seko
27ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။
28Un es tām dodu mūžīgo dzīvi, un viņas ne mūžam bojā neies, un neviens tās no manas rokas neizraus.
28ထာဝရအသက်ကိုလည်း ငါပေး၏။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။
29Mans Tēvs, kas man deva tās, ir lielāks par visiem; un neviens nespēj izraut tās no mana Tēva rokas.
29ထိုသိုးတို့ကို ငါ့၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ သည်ဖြစ်၍၊ အဘယ်သူမျှထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှမနှုတ်မယူနိုင်ရာ။
30Es un Tēvs esam viens.
30ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။
31Tad jūdi pacēla akmeņus, lai nomētātu Viņu.
31ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ၏။
32Jēzus atbildēja tiem: Daudz labu darbu no sava Tēva es jums esmu rādījis. Kura darba dēļ jūs mani gribat nomētāt akmeņiem?
32ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့်ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊
33Jūdi atbildēja Viņam: Laba darba dēļ mēs Tevi nenomētājam, bet Dieva zaimošanas dēļ, jo Tu, cilvēks būdams, dari sevi par Dievu.
33ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။
34Jēzus viņiem atbildēja: Vai nav rakstīts jūsu bauslībā: Es sacīju, jūs esat dievi? (Ps.81,6)
34ယေရှုကလည်း၊ သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည် မဟုတ်လော။
35Ja tos nosauc par dieviem, kuriem Dievs runājis, un Raksti nevar tikt atcelti,
35ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်၎င်း၊ ကျမ်းစကားကို မပယ်ရ လျှင်၎င်း၊
36Kā tad jūs sakāt Tam, ko Tēvs svētījis un pasaulē sūtījis: Tu zaimo Dievu! Tāpēc, ka es sacīju: Es esmu Dieva Dēls?
36ခမည်းတော်သည်သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည်ဘုရားသခင်၏ သားတော်ဖြစ်သည်ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ပြောသည်ဟု ထိုသူအား ဆိုရာ သလော။
37Ja es sava Tēva darbus nedaru, neticiet man!
37ငါသည် ငါ့ခမည်းတော်၏အမှုတို့ကို မပြုလျှင် ငါ့ကိုမယုံကြနှင့်။
38Bet ja es daru un ja jūs man negribat ticēt, tad ticiet darbiem, lai jūs atzītu un ticētu, ka Tēvs ir manī un es Tēvā.
38ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊ ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း ယုံ၍ သိမှတ်ကြလိမ့်ဟု မိန့်တော်မူ၏။
39Tad tie taisījās Viņu saņemt, bet Viņš izgāja no to rokām.
39ထိုအခါ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ တဖန် ရှာကြပြန်လျှင်၊ ထိုသူတို့၏လက်မှ ထွက်ကြွတော်မူ၏။
40Un Viņš atkal aizgāja pāri Jordānai uz to vietu, kur Jānis vispirms bija kristījis, un tur palika.
40ယောဟန်သည် ဗတ္တိဇံကို ရှေးဦးစွာပေးရာအရပ်၊ ယော်ဒန်မြစ်တဘက်သို့ တဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။
41Un daudzi nāca pie Viņa un sacīja, ka Jānis taču nevienu brīnumu nav darījis.
41လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော် လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊
42Bet viss, ko Jānis par Viņu sacījis, bija patiesība. Un daudzi ticēja Viņam.
42ထိုအရပ်၌ လူများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။