1Pēc tam Jēzus atkal parādījās mācekļiem pie Tibērijas jūras. Viņš parādījās tā:
1တဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊
2Tur bija kopā Sīmanis Pēteris un Toms, saukts Dvīnis, un Natanaēls, kas bija no Galilejas Kānas, un Zebedeja dēli, un vēl citi divi no Viņa mācekļiem.
2ရှိမုန်ပေတရုနှင့်ဒိဒုမုဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားနှစ်ယောက်၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ၏။
3Sīmanis Pēteris sacīja viņiem: Es eju zvejot. Tie sacīja viņam: Arī mēs iesim tev līdz. Un viņi izgāja un iekāpa laivā, bet tanī naktī nekā neieguva.
3ရှိမုန်ပေတရုက၊ ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့်ထွက်သွားကြ၏။ ချက်ခြင်းလှေထဲသို့ဝင်၍ ထိုညဉ့်တွင် တကောင်ကိုမျှမရကြ။
4Bet rīta ausmā Jēzus stāvēja krastā; tomēr mācekļi nepazina, ka tas ir Jēzus.
4နံနက်ရောက်သောအခါ ယေရှုသည်ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။
5Tad Jēzus viņiem sacīja: Bērni, vai jums ir kas ēdams? Tie atbildēja Viņam: Nav!
5ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစုံတခုရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။
6Viņš tiem sacīja: Izmetiet tīklu laivas labajā pusē un jūs atradīsiet. Tad viņi izmeta un vairs nespēja to pavilkt zivju daudzuma dēļ.
6တဖန်ယေရှုက၊ လှေလက်ျားဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူ သည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ၍မရနိုင်။
7Tad māceklis, ko Jēzus mīlēja, sacīja Pēterim: Tas ir Kungs! Sīmanis Pēteris, dzirdēdams, ka tas ir Kungs, apjoza virsdrēbes (jo bija izģērbies) un metās jūrā.
7ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအားပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။
8Bet citi mācekļi brauca laivā, vilkdami tīklu ar zivīm (jo tie nebija tālu no krasta, bet tikai apmēram divsimt olekšu).
8အခြားသော တပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများ နှင့်ပိုက်ကွန်ကို ဆွဲငင်လျက်လှေစီး၍ လာကြ၏။
9Kad viņi izkāpa malā, tie redzēja saliktas ogles, bet virs tām uzliktu zivi un maizi.
9ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသောငါးကို၎င်း၊ မုန့်ကို၎င်းတွေ့မြင်ကြ၏။
10Jēzus sacīja viņiem: Atnesiet no tām zivīm, ko jūs tagad ieguvāt!
10ယေရှုကလည်း၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟုမိန့်တော်မူ၏။
11Tad Sīmanis Pēteris, iekāpis laivā, izvilka krastā pilnu tīklu ar simt piecdesmit trim lielām zivīm. Un, lai gan to bija tik daudz, tīkls nesaplīsa.
11ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက် ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။
12Jēzus sacīja viņiem: Nāciet un ēdiet! Un neviens no klātesošajiem neuzdrošinājās Viņam jautāt: Kas Tu esi? Jo viņi zināja, ka tas ir Kungs.
12ယေရှုကည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့် တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်နည်းဟူ၍ တစုံတယောက်မျှမမေးမလျှောက်ဝံ့ကြ။
13Tad Jēzus nāk, ņem maizi un dod viņiem, un tāpat arī zivi.
13ယေရှုသည် လာ၍မုန့်နှင့်ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။
14Šī jau bija trešā reize, kad Jēzus pēc augšāmcelšanās no miroņiem parādījās saviem mācekļiem.
14ထိုပြတော်မူခြင်းကား၊ ယေရှုသည်သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။
15Kad nu viņi bija paēduši, Jēzus sacīja Sīmanim Pēterim: Sīmani, Jonas dēls, vai tu mani mīli vairāk nekā viņi? Tas Viņam sacīja: Tiešām, Kungs, Tu zini, ka es Tevi mīlu. Viņš sacīja tam: Gani manus jērus!
15နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။
16Tad Viņš atkal sacīja tam: Sīmani, Jonas dēls, vai tu mani mīli? Tas Viņam sacīja: Tiešām, Kungs, Tu zini, ka es Tevi mīlu! Viņš tam sacīja: Gani manus jērus!
16တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုး တို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။
17Un trešo reizi Viņš tam sacīja: Sīmani, Jonas dēls, vai tu mani mīli? Pēteris noskuma, tāpēc ka Viņš trešo reizi tam sacīja: Vai tu mani mīli? Un tas Viņam sacīja: Kungs, Tu visu zini; Tu zini, ka es Tevi mīlu. Viņš tam sacīja: Gani manas avis!
17ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။
18Patiesi, patiesi es tev saku: kad tu biji jauns, tad pats apjozies un gāji, kur vēlējies. Bet kad tu paliksi vecs, tu izstiepsi savas rokas, un citi tevi apjozīs un vedīs, kur tu nevēlies.
18ငါအမှန်အကန်ဆိုသည်ကား၊ ဥင်သည်ပျိုသော အသက်ရှိစဉ်ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကိုဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
19Bet to Viņš sacīja, norādīdams, kādā nāvē tas pagodinās Dievu. Un Viņš, to pateicis, sacīja tam: Seko man!
19တိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။
20Pēteris, pagriezies atpakaļ, redzēja to mācekli sekojam, ko Jēzus mīlēja, kas Vakariņās piekļāvās Viņa krūtīm un sacīja: Kungs, kurš ir tas, kas Tevi nodos?
20ယေရှုချစ်တော်မူ၍ အထက်က ညစာစားသောအခါ၌ ရင်တော်ကိုမှီ၍လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသောသူကားအဘယ်သူနည်းဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက် သည်ကို ပေတရုသည်လှည့်၍မြင်လျှင်၊
21Pēteris to ieraudzījis sacīja Jēzum: Kungs, kas būs ar šo?
21သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊
22Jēzus sacīja viņam: Tā es vēlos, lai viņš paliek, kamēr es atnāku, kas tev daļas? Tu seko man!
22ယေရှုက၊ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ် သို့ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
23Tā šī runa izpaudās starp brāļiem, ka šis māceklis nemirs. Bet Jēzus nesacīja viņam, ka tas nemirs, bet: Tā es vēlos, lai viņš paliek, kamēr atnākšu, kas tev daļas?
23ထိုစကားတော်ကိုထောက်လျှင်၊ ညီအစ်ကိုတို့က၊ ထိုတပည့်တော်သည် မသေရဟုအနှံ့အပြား ပြောဆို ကြ၏။ သို့သော်လည်း ထိုသူသည်မသေရဟု ယေရှုမိန့်တော်မူသည်မဟုတ်။ ငါကြွလာသည် ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင်သင်သည် အဘယ်သို့ဆိုင်သနည်းဟု မိန့်တော်မူသတည်း။
24Šis ir tas māceklis, kas par šo liecību dod un uzrakstīja šo; un mēs zinām, ka viņa liecība patiesa.
24ထိုတပည့်တော်ကား၊ ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူဖြစ်၏။
25Bet vēl ir daudz citu lietu, ko Jēzus darījis. Ja tās atsevišķi uzrakstītu, man šķiet, visa pasaule nespētu aptvert sarakstītās grāmatas.
25သူ၏သက်သေခံချက်မှန်သည်ကို ငါတို့သိကြ၏။ ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏။