1Bet ķeizara Tibērija valdīšanas piecpadsmitajā gadā, kad Poncijs Pilāts bija pārvaldnieks Galilejā, bet viņa brālis Filips pārvaldnieks Iturejā un Trahonitīdas daļā un Lizanijs pārvaldnieks Abilinē,
1ကဲသာဘုရင် တိဗေရိနန်းစံတဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည်မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိပြည်၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည် စောဘွားအရာ၊
2Augsto priesteru Annas un Kaifas laikā Kunga vārds nāca uz Jāni, Zaharija dēlu, tuksnesī.
2အန္နနှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ၊ အသီးအသီးရှိကြသောအခါ၊ တော၌ရှိသော ဇာခရိ၏သားယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရ၏။
3Un viņš staigāja visā Jordānas apkārtnē, sludinādams grēku nožēlošanas kristību grēku piedošanai,
3ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌လာသည်ကား၊ တော၌ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။
4Kā rakstīts pravieša Isaja sludinājumu grāmatā: Saucēja balss tuksnesī: sataisiet Kunga ceļu, taisnas dariet Viņa takas!
4လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရ မည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။
5Katra ieleja lai piepildās, un katrs kalns un pakalns lai nolīdzinās, kas līks, tam jātop taisnam, un kas nelīdzens, tam jātop līdzenam ceļam;
5ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည်။
6Un ikviena miesa redzēs Dieva pestīšanu. (Is 40,3-5)
6လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်း အကြောင်းကို မြင်ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန်မြစ်နား၌ အနှံ့အပြားလှည့် လည်၍ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ၏။
7Viņš runāja ļaudīm, kas nāca pie viņa kristīties: Jūs, odžu dzimums! Kas jūs mācīja bēgt no nākamajām dusmām?
7ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှါလာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ အဘယ်သူသည် သင်တို့ကို သတိ ပေးဘိသနည်း။
8Tāpēc nesiet grēku nožēlošanas cienīgus augļus un nesāciet sacīt: Mums Ābrahams ir tēvs. Jo es jums saku, ka Dievs spējīgs no šiem akmeņiem radīt Ābrahamam bērnus.
8နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤ ကျောက်ခဲတို့မှ အာဗြဟံသားတို့ကိုထုတ်ဘော် ဖန်ဆင်း နိုင်တော်မူသည်ဟု ငါအမှန်ဆို၏။
9Jau cirvis pielikts pie koku saknēm. Katrs koks, kas nenes labus augļus, tiks nocirsts un ugunī iemests.
9သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည် ဖြစ်၍၊ ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရသည်ဟု ဟောပြောလေ၏။
10Un ļaudis jautāja viņam, sacīdami: Ko tad mums darīt?
10လူအစုအဝေးကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြ သော်၊
11Bet viņš tiem atbildēja un sacīja: Kam divi svārki, lai dod tam, kam nav; un kam pārtika, lai dara tāpat.
11ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည် လည်း ထိုနည်းတူပြုစေဟု ပြန်ပြော၏။
12Bet nāca arī muitnieki kristīties; un tie sacīja viņam: Mācītāj, ko lai mēs darām?
12အခွန်ခံသူတို့သည် ဗတ္တိဇံကို ခံခြင်းငှါလာ၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြုရပါမည် နည်းဟု မေးလျှောက်ကြလျှင်၊
13Un viņš tiem sacīja: Neņemiet vairāk, nekā jums noteikts.
13သတို့သခင်သည် ခွဲဝေစီမံသည်ထက်သာ၍ မခွဲမခံကြနှင့်ဟု ပြန်ပြော၏။
14Bet jautāja viņam arī kareivji, sacīdami: Ko mums būs darīt? Un viņš tiem sacīja: Nedariet nevienam pārestību un netaisnību un esiet mierā ar savu algu!
14စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ သင်တို့ သည် အဘယ်သူကိုမျှ အနိုင်အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော၏။
15Bet kad ļaudīm likās un viņi savās sirdīs domāja par Jāni, vai viņš nav Kristus,
15လူအများတို့သည် မြော်လင့်၍၊ ယောဟန်သည် ခရစ်တော်မှန်သည်မမှန်သည်ကို နှလုံးထဲမှာ တွေး တောဆင်ခြင်ကြစဉ်၊
16Jānis atbildēja un sacīja visiem: Es jūs kristīju ar ūdeni, bet nāks varenāks par mani, kam es neesmu cienīgs Viņa kurpju siksnas atraisīt; Viņš jūs kristīs Svētajā Garā un ugunī.
16ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား၊ ငါသည်သင်တို့အား ရေ၌ ဗတ္တိဇံကိုပေး၏။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး၏။ ထိုသူ၏ခြေတော်ကြိုးကိုမျှ ဖြည်ခြင်းငှါ ငါမထိုက်။ ထို သူသည် သန့်ရှင်းသောဝိညာဉ်တော်၌၎င်း၊ မီး၌၎င်း သင်တို့ကိုဗတ္တဇံကိုပေးမည်။
17Tā vēteklis ir Viņa rokā; un Viņš iztīrīs savu klonu, un kviešus Viņš sakrās savā klētī, bet pelavas sadedzinās neizdzēšamā ugunī.
17လက်တော်တွင် စံကောပါလျက် မိမိကောက် နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ ဂျုံစပါးကိုကား ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတံ့ဟု ပြောဆို၏။
18Vēl daudz citu ko viņš sludināja, mācīdams ļaudis.
18အခြားသောစကားများနှင့် ဆုံးမသွေးဆောင်၍ ဧဝံဂေလိတရားကို လူအများတို့အား ဟောပြော လေ၏။
19Bet zemes pārvaldnieks Herods, ko viņš nopēla par Herodiju, tā brāļa sievu, un par visiem ļaunumiem, ko Herods darīja,
19ထိုနောက် စော်ဘွားဟေရုဒ်သည် မိမိညီ၏ ခင်ပွန်းဟေရောဒိအကြောင်းမှစ၍၊ မိမိပြုသောဒုစရိုက် အပြစ်ရှိသမျှတို့ကို ယောဟန်သည် ဘော်ပြဆုံးမသောကြောင့်၊
20Visam tam pievienoja vēl to, ka ieslodzīja Jāni cietumā.
20ဟေရုဒ်သည် အရင်အပြစ်ရှိသမျှတို့အပေါ်မှာ ပြစ်သစ်ကိုထပ်လောင်း၍ ယောဟန်ကို ထောင်ထဲမှာ လှောင်ထား၏။
21Bet notika, ka visi ļaudis kristījās, un arī Jēzus bija kristīts, tad Viņam, Dievu lūdzot, debesis atvērās,
21လူအပေါင်းတို့သည် ဗတ္တိဇံကိုခံကြသောအခါ၊ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ၍ ဆုတောင်းစဉ် တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊
22Un Svētais Gars miesīgā veidā kā balodis nolaidās uz Viņu; un balss atskanēja no debesīm: Tu esi mans mīļais Dēls, pie Tevis man labpatikšana!
22သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်ပေါ်၌ ဆင်းသက်တော် မူ၍၊ သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။
23Un Jēzus pats, kad Viņš iesāka, bija apmēram 30 gadus vecs, kā mēdza domāt, Jāzepa dēls; Jāzeps bija Heli, bet tas Matata dēls,
23ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ်တည်း။ ယောသပ်အဘဧလိ၊
24Tas bija Levi, tas Melhi, tas Jannes, tas Jāzepa dēls.
24ဧလိအဘ မဿတ်၊ မဿတ်အဘ လေဝိ။ လေဝိအဘ မေလခိ၊ ပေလခိဘ ယန္န၊ ယန္နအဘ ယောသပ်၊
25Tas bija Matatija, tas Amosa, tas Nauma, tas Hesli, tas Nages dēls,
25ယောသပ်အဘ မတ္တသိ၊ မတ္တသိအဘ အာမုတ်၊ အာမုတ်အဘ နာဟုံ၊ နာဟုံအဘ ဧသလိ၊
26Tas bija Maata, tas Matatija, tas Semeja, tas Jāzepa, tas Jūdas dēls,
26ဧသလိအဘနဂ္ဂဲ၊ နဂ္ဂဲအဘ မာအတ်၊ မာအတ်အဘ မတ္တသိ၊ မတ္တသိအဘ ရှေမိ၊ ရှေမိအဘ ယောသပ်၊ ယောသပ်အဘ ယုဒ၊ ယုဒအဘယေဟန္န၊
27Tas bija Joanna, tas Rēzas, tas Zorobabela, tas Salatiēla, tas Neri dēls,
27ယောဟန္နအဘ ရေသ၊ ရေသအဘ ဇေရု ဗဗေလ၊ ဇေရုဗဗေလအဘ ရှာလသေလ၊ ရှာလသေလ အဘ နေရိ၊ နေရိအဘ မေလခိ၊ မေလခိအဘ အဒ္ဒိ၊
28Tas bija Melhi, tas Adi, tas Kozama, tas Elmadama, tas Hēra dēls,
28အဒ္ဒိအဘကောသံ၊ ကောသံအဘ ဧလမောဒံ၊ ဧလမောဒံအဘ ဧရ၊
29Tas bija Jēzus, tas Eliezera, tas Jorima, tas Matata, tas Levi dēls,
29ဧရအဘ ယောသေ၊ ယောသေအဘဧလျေဇာ၊ ဧလျေဇာအဘ ယောရိမ်၊ ယောရိမ်အဘမဿတ်၊ မဿတ်အဘလေဝိ၊
30Tas bija Simeona, tas Jūdas, tas Jāzepa, tas Jona, tas Eliakīma dēls,
30လေဝိအဘရှိမောင်၊ ရှိမောင်အဘယုဒ၊ ယုဒ အဘယောသပ်၊ ယောသပ် အဘယောနန်၊ ယောနန်အဘ ဧလျောတိမ်၊ ဧလျာကိမ် အဘမေလေ၊
31Tas bija Melejas, tas Mennas, tas Matata, tas Natana, tas Dāvida dēls,
31မေလေအဘမဲနန်၊ မဲနန်အဘမတ္တသ၊ မတ္တသ အဘနာသန်၊ နာသန့်အဘဒါဝိဒ်၊
32Tas bija Jeses, tas Obeda, tas Booza, tas Salomona, tas Naasona dēls,
32ဒါဝိဒ်အဘယေရှဲ၊ ယေရှဲ အဘဩဗက်၊ ဩဇက် အာဘဗောဇ၊ ဗောဇအဘစာလမုန်၊ စာလမုန်အဘ နာရှန်၊
33Tas bija Aminadaba, tas Admina, tas Arni, tas Esrona, tas Faresa, tas Jūdas dēls,
33နာရှုန်အဘအမိနဒဝ်၊ အမိနဒဝ်အဘအာရံ၊ အာရံအဘဟေဇရုံ၊ ဟေဇရုံအဘဖာရက်၊ ဖာရက် အဘယုဒ၊
34Tas bija Jēkaba, tas Īzāka, tas Ābrahama, tas Taras, tas Nahora dēls.
34ယုဒအဘ ယာကုပ်၊ ယာကုပ်အဘ ဣဇာက်၊ ဣဇာက်အဘအာဗြဟံ၊ အာဗြဟံအဘတေရ၊ တေရအဘ နာခေါ်၊
35Tas bija Seruha, tas Ragaua, tas Falega, tas Hebera, tas Salas dēls,
35နာခေါ်အဘစေရောက်၊ စေရောက်အဘ ရာဂေါ၊ ရာဂေါအဘဖာလက်၊ ဖာလက်အဘ ဟေဗာ၊ ဟေဗာအဘ ရှာလ၊
36Tas bija Kainana, tas Arfaksāda, tas Sēma, tas Noasa, tas Lameha dēls,
36ရှာလအဘ ကာဣနန်၊ ကာဣနန်အဘ အာဖာဇဒ်၊ အာဖာဇဒ်အဘ ရှေမ၊ ရှေမအဘနောဧ၊ နောဧအဘလာမက်၊
37Tas bija Matuzala, tas Henoha, tas Jareda, tas Malaleēla, tas Kainana dēls,
37လာမက်အဘ မသုရှလ၊ မသုရှလအဘ ဧနောက်၊ ဧနောက်အဘယာရက်၊ ယာရက်အဘ မဟာ လေလေလ၊ မဟာလေလေလအဘ ကာဣနန်၊ ကာဣနန် အဘဧနုတ်၊ ဧနုတ်အဘရှေသ၊ ရှေသအဘ အာဒံ၊ အာဒံအဘဘုရား သခင်ပေတည်း။
38Tas bija Enosa, tas Seta, tas Ādama dēls, tas Dieva.